AIA Myanmar ၏ “တန်ခူး အတာရေ” Campaign သည် Customer များအား မိမိတို့ ချစ်ခင်ရသူများအတွက် အသက်နှင့် ကျန်းမာရေး အာမခံအကာအကွယ် ပရီမီယံများ ထောက်ပံ့ပေးနိုင်ရန်အလို့ငှာ မိတ်ဆက်သည့် သင်္ကြန်ကာလ အထူး Campaign အစီအစဥ်တစ်ခု ဖြစ်ပါသည်။
ဤ Campaign ၏ တစ်စိတ်တစ်ပိုင်းအဖြစ် AIA Myanmar ၏ တစ်သက်တာရွေးချယ်အသက်အာမခံ နှင့်/ သို့မဟုတ် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အာမခံပေါ်လစီ ဝယ်ယူသော Customer များအား မမျှော်လင့်ထားသော အသက်နှင့် ကျန်းမာရေး အခြေအနေများကြောင့် ငွေရေးကြေးရေးဆုံးရှုံးများမှ အကာအကွယ်ပေးနိုင်ရန် AIA Myanmar မှ ၎င်း၏ သင်္ကြန်ကာလ လူမှုရေးလှုပ်ရှားမှု ရန်ပုံငွေကို အသုံးပြု၍ ပရီမီယံအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ပါသည်။
ပရီမီယံထောက်ပံ့မှုအဖြစ် AIA Myanmar မှ Customer ကိုယ်စား ပထမဆုံးပေးသွင်းရမည့် ပရီမီယံ၏ တစ်စိတ်တစ်ပိုင်းအား ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
- တစ်သက်တာရွေးချယ်အသက်အာမခံ သို့မဟုတ် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) ဝယ်ယူသော Customer များအတွက် AIA Myanmar မှ ပထမဆုံးပေးသွင်းရမည့် ပရီမီယံ၏ ၁၀% အား ထောက်ပံ့ပေးမည်ဖြစ်သည်။
- တစ်သက်တာရွေးချယ်အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အာမခံနှစ်မျိုးလုံး ဝယ်ယူသော Customer များအတွက် AIA Myanmar မှ ၎င်း အာမခံများ၏ ပထမဆုံးပေးသွင်းရမည့် ပရီမီယံ၏ ၁၅% အား ထောက်ပံ့ပေးမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်အတွင်း အာမခံထားရှိရန်အဆိုတင်သွင်းပြီး AIA Myanmar မှ အာမခံအကာအကွယ် စတင်အသက်ဝင်ကြောင်း အတည်ပြုပြီးသည့် တစ်သက်တာရွေးချယ် အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အာမခံပေါ်လစီများအားလုံး ဤ Campaign အောက်တွင် အကျုံးဝင်မည်ဖြစ်သည်။
Campaign စည်းမျဉ်းသတ်မှတ်ချက်များ
- ဤ Campaign သည် ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက် (“Campaign Period”) အတွင်း အာမခံအကာအကွယ် စတင်အသက်ဝင်ကြောင်း အတည်ပြုထားသည့် လက်ရှိနှင့် Customer အသစ်များ၏ တစ်သက်တာရွေးချယ် အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အာမခံပေါ်လစီ အသစ်များအားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။
- ပရီမီယံထောက်ပံ့မှုအနေဖြင့် တစ်သက်တာရွေးချယ်အသက်အာမခံနှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အား ဝယ်ယူသော Customer များအတွက် AIA Myanmar မှ ၎င်းတို့ဝယ်ယူသည့် အာမခံအတွက် ပေးသွင်းရမည့် ပထမနှစ် ပရီမီယံ၏ ၁၀% (“ပရီမီယံထောက်ပံ့မှု”) ကို AIA Myanmar ၏ သင်္ကြန်ကာလ လူမှုရေးလှုပ်ရှားမှု ရန်ပုံငွေမှ တစ်ဆင့် ထောက်ပံ့ခြင်းဖြစ်သည်။
- တစ်သက်တာရွေးချယ်အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) နှစ်မျိုးလုံးအား Campaign ကာလအတွင်း အသက်အာမခံထားသူတစ်ဦးတည်းအတွက် အာမခံအကာအကွယ်စတင်အသက်ဝင်ကြောင်း အတည်ပြုပါက AIA Myanmar မှ ၎င်း အာမခံနှစ်မျိုးလုံးအတွက် ပေးသွင်းရမည့် ပထမနှစ် ပရီမီယံ၏ ၁၅% အား ပရီမီယံထောက်ပံ့မှု ပေးမည်ဖြစ်သည်။ သို့သော် ဒုတိယဝယ်ယူသည့် ပေါ်လစီသည် ပထမပေါ်လစီ အတည်မပြုမီ တင်သွင်းမှသာ အကျုံးဝင်မည်ဖြစ်သည်။
- ပရီမီယံထောက်ပံ့မှုကို Campaign ကာလအတွင်း Customer မှ ပေးချေထားသည့် တစ်သက်တာရွေးချယ် အသက်အာမခံ၏ ပုံမှန်အကာအကွယ် ပရီမီယံနှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း)၏ ပရီမီယံအပေါ်တွင်သာ အခြေခံ၍ တွက်ချက်သွားမည်ဖြစ်သည်။
- ဤ Campaign တွင် အကျုံးဝင်စေရန် တစ်သက်တာရွေးချယ်အသက်အာမခံ နှင့် ကျန်းမာရေး အလုံးစုံအာမခံ (တစ်ဦးချင်း) တို့၏ ပရီမီယံပေးချေမှု ပုံစံသည် နှစ်စဥ်ပရီမီယံပေးသွင်းမှုမျိုးသာ ဖြစ်ရမည်။
- ပရီမီယံထောက်ပံ့မှုသည် ဤ Campaign ကာလအတွင်း အာမခံထားရှိရန် အဆိုတင်သွင်းပြီး အာမခံအကာအကွယ် စတင်အသက်ဝင်သော တစ်သက်တာရွေးချယ် အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) များ၏ ပထမနှစ် ပရီမီယံ အတွက်သာ အကျုံးဝင်ပါသည်။ နောက်ဆက်တွဲ ပရီမီယံပေးသွင်းမှုများ (ဒုတိယနှစ်မှ စ၍ သက်တမ်းတိုးခြင်း) များအတွက် ပရီမီယံထောက်ပံ့မှုသည် အကျုံးမဝင်ပါ။
- ဤ Campaign အောက်ရှိ တစ်သက်တာရွေးချယ်အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အား လက်ခံခြင်းနှင့် ထုတ်ပေးခြင်းကို AIA Myanmar ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ AIA Myanmar သည် ၎င်း၏ တစ်ဦးတည်းဆုံးဖြစ်ချက်ဖြင့် ဤ Campaign အောက်တွင် မည်သည့်ပေါ်လစီကိုမဆို ထုတ်ပေးရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။
- ဤ Campaign အောက်တွင် ထုတ်ပေးခဲ့သည့် တစ်သက်တာရွေးချယ်အသက်အာမခံ သို့မဟုတ် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) တို့အား ရပ်ဆိုင်းခဲ့သည်ရှိသော် Customer အား ပြန်အမ်းမည့် ပရီမီယံတွင် ပရီမီယံထောက်ပံ့မှု ငွေပမာဏမပါဝင်ပါ။
- AIA Myanmar သည် Customer အား ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဤ Campaign ကို ဆက်လက်ဆောင်ရွက်မှုမပြုခြင်း သို့မဟုတ် ဤ Campaign ၏ စည်းမျဥ်းသတ်မှတ်ချက်များကို ပြင်ဆင်ခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ဤ Campaign ၏ စည်းမျဥ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ AIA Myanmar ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
- ဤ “တန်ခူးအတာရေ” Campaign အောက်ရှိ အကျိုးခံစားခွင့်များကို Customer များအနေဖြင့် အခြားမည်သည့် AIA Myanmar Customer Campaign နှင့်မှ ပူးတွဲ၍ တောင်းဆိုရယူပိုင်ခွင့်မရှိပါ။