Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၁၉
ရှေ့သို့ | နောက်သို့
Back to Top
  • {{title}}

    {{label}}
  • “အားလုံးနဲ့အတူ” နိုင်ငံအတွင်း ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အပံ့ဖြစ်စေရန်  Myanmar National League ကို ဂုဏ်ယူစွာဖြင့်ကူညီပံ့ပိုးပေးလိုက်သည့်  အသက်အာမခံကုမ္ပဏီ  AIA Myanmar နှင့် AYA Financial Group

    17/12/2019


    ပိုမိုကျန်းမာသော လူနေမှုပုံစံကိုမြှင့်တင်ရန် AIA Myanmar နှင့် AYA Financial Group တို့ ပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံး ချစ်မြတ်နိုးသော ဘောလုံးအားကစား ပိုမိုအောင်မြင်ရေး “အားလုံးနဲ့အတူ“ လက်တွဲလုပ်ဆောင်သွားမည်။

    [ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်] – ဈေးကွက်ရှေ့ဆောင်နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် AIA နှင့် ပြည်တွင်းဘဏ်များအနက်မှ အကြီးဆုံးဘဏ်တစ်ခုဖြစ်သော AYA Financial Group ( AFG ) တို့သည် မြန်မာနိုင်ငံ၏ ဘောလုံးအားကစားကို အခြေခံမှ စတင်၍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်  Myanmar National League (MNL) နှင့် အတူ  Sponsorship စာချုပ် ကို ယနေ့တွင် ချုပ်ဆိုခဲ့သည်။ AIA Myanmar ၊ AFG  နှင့်  MNL အကြား အဆိုပါထင်ရှားသောမိတ်ဖက်ပူးပေါင်းမှုသည် မြန်မာလူမှု အဖွဲ့အစည်းအကြား ပိုမိုကျန်းမာသော လူနေမှုဘဝပုံစံများကို တိုက်တွန်းအားပေးချင်စိတ်ကို အခြေခံ၍ ဘောလုံး အားကစား အခန်းကဏ္ဍမှ မြှင့်တင်ရန်ကိုလည်း ရည်ရွယ်သည်။

    ယခု ကူညီပံ့ပိုးသည့် စာချုပ် သဘောတူညီချက်ကို AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc)၊ AFG လက်အောက်ရှိ AYA Bank ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးမြင့်ဇော် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဒုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းတို့က ရန်ကုန်မြို့ရှိ AIA Myanmar ရုံးချုပ်တွင် လက်မှတ်ရေးထိုးပွဲအခမ်းအနား ပြုလုပ်ကာ ချုပ်ဆိုခဲ့ကြသည်။ 

    AIA Myanmar နှင့် AFG တို့၏ ကူညီပံ့ပိုးမှုသည် MNL ကို ကူညီပံ့ပိုးသည့် တစ်ခုတည်းသော အသက်အာမခံ ကုမ္ပဏီနှင့် ဘဏ်အဖြစ် ကုမ္ပဏီ ၂ ခုကို တွေ့မြင်ရမည်ဖြစ်ပြီး Myanmar National League ၏ ၂၀၂၀ ဘောလုံးရာသီမှ စတင်ကာ နှစ်များစွာအထိ ကြာမြင့်သွားမည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ ၂ ခုသည်  Myanmar

    National League မှ စီစဉ်သော နိုင်ငံ၏ ထိပ်တန်း ပရော်ဖက်ရှင်နယ်လိဂ်များဖြစ်သည့် MNL-1 နှင့် MNL-2 ၊ MFF Charity Cup ၊ General Aung San Shield နှင့် Myanmar National Youth League တို့မှတစ်ဆင့် အမှတ်တံဆိပ်ပုံရိပ် မြှင့်တင်နိုင်မည့် အခွင့်အရေးများကို သိသာထင်ရှားစွာ ဖော်ဆောင်သွားမည်ဖြစ်သည်။ Sponsorship အရ MNL မှ ဦးစီးသော ပြိုင်ပွဲများအားလုံးအတွက် ကစားသမားအားလုံး၏ ဂျာစီအင်္ကျီများ တွင်လည်း AIA နှင့် AYA Bank တို့၏ အမှတ်တံဆိပ်များကို တွေ့မြင်နိုင်မည်ဖြစ်သည်။

    AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က "AIA ဟာ ကျန်းမာရေးနဲ့ ကောင်းမွန်ကျန်းမာစွာ နေထိုင်ရေးကို အဓိကထားတဲ့ အသက်အာမခံ အမှတ်တံဆိပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ ပြည်သူတွေအတွက် တက်ကြွတဲ့ လူနေမှုဘဝပုံစံကို ရရှိစေနိုင်တဲ့ အားကစားနဲ့  စွမ်းရည်ကို တကယ်ကို စိတ်အားထက်သန်စွာ နဲ့  မြှင့်တင်ပေးချင်ပါတယ်။ AFG နဲ့အတူ Myanmar National League ကို ပူးတွဲကူညီပံ့ပိုးမှုပေးခြင်းဟာ မြန်မာ့အားကစားကို ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးရဲ့ ရည်မှန်းချက်တွေကိုလည်း ထင်ဟပ်စေပြီး မြန်မာပြည်သူလူထုကို ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေရန် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ပြည်သူတွေထံ ဆောင်ယူနိုင်ဖို့အတွက် တမူထူးခြားတဲ့ အခွင့်အရေး တစ်ခုလည်းဖြစ်ပါတယ်" လို့ ပြောကြားခဲ့သည်။ 

    AFG လက်အောက်ရှိ AYA Bank ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးမြင့်ဇော်မှ “AYA Bank ဟာ မြန်မာ့အားကစားကို ဖွံ့ဖြိုး တိုးတက်စေဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ အနီးကပ် လုပ်ဆောင်နေတာကြာပါပြီ။ AIA Myanmar နဲ့ ပူးတွဲ ကူညီပံ့ပိုးမှုပေးခြင်းမှတဆင့် အားကစားကို မြှင့်တင်ချင်တဲ့ စိတ်ကို ထပ်မံပြသသွားတာဖြစ်ပြီး ဒီထူးခြားတဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ Myanmar National League ရဲ့ အောင်မြင်မှုမှတ်တိုင်များကို ရောက်အောင် ရေရှည် ပူးပေါင်းကူညီသွားမှာ ဖြစ်ပါတယ်။ ရရှိမယ့် အကျိုးကျေးဇူးတွေကနေ လှပတဲ့ကစားပွဲတွေ မြင်ရတော့မှာဖြစ်လို့ အရမ်းပဲ စိတ်လှုပ်ရှားနေမိပါတယ်။"

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက sponsorship နှင့် ပတ်သက်ပြီး သူ၏ ဝမ်းမြောက်မှုကို အခုလို ဖော်ပြခဲ့သည်။ "အားကစားကဏ္ဍပိုမိုမြင့်မားစေဖို့  AIA Myanmar ၊ AFG တို့နဲ့ ပူးပေါင်းခွင့်ရတဲ့အတွက်အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒီ Sponsorship ဟာ ကျွန်တော်တို့ကို အောင်မြင်မှုမှတ်တိုင်ကို ပိုမိုအရောက်လှမ်းနိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး နိုင်ငံအတွင်း လူငယ်များ အကြား အားကစားရဲ့ အရေးပါ ပုံကို မီးမောင်းထိုးပြရာမှာလည်း အကူအညီ ဖြစ်စေပါတယ်။ နိုင်ငံရဲ့ လူကြိုက် အများဆုံးဖြစ်တဲ့ ဒီအားကစား ဖွံ့ဖြိုးလာမှုနဲ့ အတူ လာမဲ့ ၂၀၂၀ ရာသီမှာ ဒီ အင်အားကြီးမားလှတဲ့ brand နှစ်ခုကို တွေ့မြင်ရမှာ ၀မ်းသာစရာပါ။"

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ AIA Myanmar အား ပြီးခဲ့သည့် နို၀င်ဘာလတွင် ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြား အသက်အာမခံလုပ်ငန်း ကုမ္ပဏီတစ်ခုအဖြစ် အသက်

    အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပေးအပ်ပြီးနောက် ယခု Sponsorship စာချုပ်ကို ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ 

    AIA သည် ဘောလုံးဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ ပံ့ပိုးပေးခဲ့ပြီး English Premier League ထိပ်တန်းကလပ် အသင်းများထဲမှ  တစ်ခုဖြစ်သည့် Tottenham Hotspur FC ကိုလည်း ကမ္ဘာလုံးဆိုင်ရာ အဓိက ပံ့ပိုးသူအဖြစ် ရပ်တည် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် AIA သည်  AIA KICK 2019 ပွဲကြီးကို ယခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ စီစဉ်ကျင်းပခဲ့ပြီး ထိုပွဲကြီးတွင်  Tottenham Hotspur FC မှ  ဖွံ့ဖြိုးရေးနည်းပြ ၂ ဦးသည် ရာနှင့်ချီသော လူငယ်ဘောလုံးသမားများကို အခမဲ့ လေ့ကျင့်ပေးခဲ့သည်။ ယခု Sponsorship သည်လည်း AIA ၏ ဘောလုံးအားကစားကို ဖွံ့ဖြိုးတိုးတက်စေချင်သည့် အခြေခံစိတ်ကို ထပ်မံပြသလိုက်ခြင်းပဲ ဖြစ်သည်။

    –  ပြီး   –

    AIA Group အကြောင်း
    AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။ 

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ဆောင်

    ရွက်ပေး လျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက်ချင်းစီအာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက်ပေးလျက်ရှိသည်။

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။ 

     ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

     

    AYA Bank အကြောင်း

    ၂၀၁၀ခုနှစ် ဇူလိုင်လ (၂) ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင်ကို ဧရာဝတီ ဘဏ်သို့ အပ်နှင်းခဲ့ပြီး၊ ၂၀၁၆ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများအတိုင်း လိုင်စင်ကို သက်တမ်းတိုးပေးအပ်ခဲ့သည်။ ဧရာဝတီဘဏ်သည် စတင်တည်ထောင် ချိန်မှစ၍ (၇) နှစ်အတွင်းတွင်၊ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးဘဏ်အဖြစ် လျင်မြန်စွာ တိုးတက်ကြီးထွား ခဲ့သည်။ ယခုအခါ ဘဏ်ခွဲပေါင်း (၂၅၈)ဘဏ်၊ သုံးစွဲသူပေါင်း (၁.၄) သန်း၊ အပ်နှံငွေမြန်မာကျပ် ငွေစုစုပေါင်း (၄.၇) ထရီလျံ နှင့် ၂၀၁၇ စက်တင်ဘာလအထိ အစုရှယ်ယာဝင်များ ၏ ထည့်ဝင်ငွေ (၁၅၀) ဘီလျံရှိထားသည်။ ထို့အပြင်ဘဏ်တွင် ငွေအများဆုံးအပ်နှံသူ (၁၀ဝ) ဦး၏ စုစုပေါင်းအပ် နှံငွေပမာဏသည် ဘဏ်တွင် အများပြည်သူ အပ်နှံငွေပေါင်း၏ (၆) ရာခိုင်နှုန်း သာရှိသဖြင့် ဘဏ်အပေါ်တွင် အများပြည်သူ၏ စိတ်ချယုံကြည်မှုများ အပြည့်အဝရရှိထားသည်။

    United Nations Global Compact (UNGC) ၏ အဖွဲ့ဝင်ဖြစ်သည့်အလျောက် အဖွဲ့အစည်း၏ အုပ်ချုပ်ရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍ နှင့်ဘဏ်လုပ်ငန်း လည်ပတ်ရေးကဏ္ဍများတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းများနှင့်အညီ အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို လက်နာကျင့်သုံးလျက်ရှိသည်။ ထို့ကြောင့်ဧရာဝတီဘဏ်သည် ၂၀၁၄-၁၅ဘဏ္ဍာနှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အစီရင်ခံခြင်း စံချိန်စံနှုန်း (ခေါ်) (IFRS) နှင့်ကိုက်ညီသော မြန်မာနိုင်ငံရှိ တခုတည်းသောဘဏ်ဖြစ်သည်။ ထို့အပြင် စာရင်းစစ်ခံခြင်း အဆင့်အတန်းသည်လည်း ကမ္ဘာအဝှမ်း နာမည်ကျော်  စာရင်းစစ်အဖွဲ့ (၄) ဖွဲ့က စာရင်းစစ်ထား သည့် အပြည်ပြည်ဆိုင်ရာစာရင်းစစ်ခံခြင်း စံချိန်စံနှုန်း (ခေါ်) (ISA) နှင့် ကိုက်ညီမှုရှိသော ပြည်တွင်းရှိ တခုတည်းသောဘဏ်ဖြစ်သည်။ ဧရာဝတီဘဏ်သည် ပြည်တွင်း

    တွင်သာမက ပြည်ပအတွေ့အကြုံများစွာရှိသော အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများကို တည်မြဲစွာ ခန့်အပ်ထားရှိနိုင်သည်။ ဧရာဝတီဘဏ်သည် ဝန်ဆောင်မှုပေးလျက်ရှိသော အများပြည်သူအကျိုး နှင့် ဘဏ်ရေရှည် တည်တံ့ခိုင်မြဲရေးတို့ အကျိုးကို ရှေးရှုလျက် လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် သိသာထင်ရှားစွာ ရင်းနှီးမြှုပ်နှံ ထားသည်။

    နောင်လာမည့်နှစ်များအတွက်လည်း မြန်မာပြည်တွင်းတွင် ဘဏ်ခွဲများကွန်ရက်ကို လက်ရှိတွင် ဆက်လက် တိုးချဲ့ ဖွင့်လှစ်နေလျက် သုံးစွဲသူ အမျိုးအစားအသီးသီးတို့အတွက် ကမ္ဘာ့အဆင့် ခေတ်မီနည်းပညာများကို အသုံးချ၍ နောက်ဆုံးပေါ် ပင်မဘဏ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးနည်းပညာကဏ္ဍများတွင် အဓိက ထား၍ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ဧရာဝတီဘဏ်သည် မိမိတို့၏ သုံးစွဲသူအများပြည်သူနှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန်၊ အကောင်းဆုံးဝန်ဆောင်မှုများကို အစဉ်တစိုက်ပေးနိုင်ရန်၊ သုံးစွဲသူများ ပိုမိုများပြားလာစေရန် နည်းပညာသစ်များဖြင့် မွန်းမံထားသည်။ မျှတ၍ ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလျက် ဘဏ်၏အုပ်ချုပ်ရေး၊ ဆုံရှုံးနိုင်ခြေနှင့် လက်နာကျင့်သုံးသော လုပ်ထုံး လုပ်နည်းစနစ်များကို ပိုမိုခိုင်မာတောင့်တင်း စေရန် ဆောင်ရွက်လျက်ရှိသည်။

     

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ၁၉၄၇ ခုနှစ်တွင် စတင်တည် ထောင်ခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဘောလုံးအားကစားနှင့် ပတ်သက်၍ တာဝန်အရှိဆုံး ဦးစီးဦးဆောင် အဖွဲ့ကြီး ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဘောလုံးအဖွဲ့ချုပ် (Asean Football Federation)၊ အာရှဘောလုံးအဖွဲ့ချုပ် (Asian Football Confederation)နှင့် ကမာ္ဘ့ဘောလုံး အဖွဲ့ချုပ် (Federation of International Football Association) အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖီဖာနှင့် AFC တို့မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်း၊ အမျိုးသမီးအသင်းနှင့် လူငယ်အသင်းများကို ဖွဲ့စည်းကာ နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်စေလျှက် ရှိသည်။ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနေရှင်နယ်လိဂ် အမည်ဖြင့် ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲ တစ်ရပ်ကိုလည်း ကျင်းပပေးလျှက်ရှိသည်။

    မြန်မာနေရှင်နယ်လိဂ်သည် မြန်မာ့ဘောလုံးအားကစားကို နိုင်ငံတကာနှင့်အညီ ယှဉ်ပြိုင်နိုင် စေရန်နှင့် နိုင်ငံတကာ တွင် ပိုမိုထိုးဖောက်အောင်မြင်မှုရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတကာ ပရော်ဖက်ရှင်နယ်လိဂ် ဘောလုံးစည်းမျဉ်း များနှင့်အညီ ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ အဆင့်မြင့်ဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်ပြိုင်ပွဲကြီးဖြစ်ပါသည်။

    မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးတွင် MNL 1 နှင့် MNL 2 အတန်းနှစ်တန်းရှိပြီး ကလပ်အသင်းတိုင်းက စီနီယာ ကလပ်အသင်းများအပြင် သက်တန်းအလိုက် လူငယ်အသင်းများ ဖွဲ့စည်းကာ ဝင်ရောက်ယှဥ်ပြိုင်ရသည့် လူငယ် လိဂ်ပြိုင်ပွဲများလည်း ကျင်းပပြုလုပ်ပေးလျှက်ရှိပြီး ရှုံးထွက်ပြိုင်ပွဲကိုလည်း ပုံမှန်ကျင်းပပေးလျက် ရှိပါသည်။

    မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီး (MNL 1) ပြိုင်ပွဲကြီးများကို Home & Away စနစ်ဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေမြို့ကြီးများတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်း အဆင့်ဆင့် အတွက် အားထားရသည့် မျိုးဆက်သစ် လူငယ် ဘောလုံးသမားကောင်း များစွာ မွေးထုတ်ပေး နိုင်ခဲ့ပါသည်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီး ပေါ်ပေါက်လာခဲ့ပြီး နောက်တွင် အဓိက အောင်မြင်မှုအဖြစ် ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပသည့် ၂၆ ကြိမ် မြောက် ဆီးဂိမ်းတွင် တတိယဆု ရယူနိုင်ခဲ့ခြင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း အများစုမှ လူငယ် ကစားသမားများ ပါဝင်ဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင် ယူ−၁၉ အသင်း ယူ−၂၀ ကမာ္ဘ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်း၊ ၂၀၁၄ ခုနှစ် အတွင်းမှာပင် မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်း၊ ၂၀၁၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ယူ−၂၃ အသင်း စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့ခြင်း၊ ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ၁၀ စုနှစ်တစ်စုကြာ တက်ရောက်နိုင်ခဲ့ခြင်း မရှိသည့် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းတွင် မြန်မာ့လက်ရွေးစင် ယူ−၂၂ အသင်းအနေဖြင့် တတိယဆု ရယူနိုင်ခဲ့ခြင်း စသည့် အောင်မြင်မှုများ ရရှိခဲ့ပါသည်။

    လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများ အနေဖြင့်လည်း အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲကြီးများ ဖြစ်သည့် AFC Champions League နှင့် AFC Cup ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပြီး ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ၂၀၁၈ ခုနှစ် AFC Cup ပြိုင်ပွဲတွင် Zonal Semi-final အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါသည်။


    မီဒီယာများဆက်သွယ်ရန်

    AIA Myanmar

    မစုမြတ်လှ

    Head of Brand and Communications

    sumyat.hla@aia.com

    ERA Myanmar

    ခိုင်ဇာစု @ Esther | Senior Manager

    +95 9451560490

    esther@eramyanmar.com

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ