တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}အာမခံအမျိုးအစား
အာမခံထားနိုင်သည့်အသက်အရွယ်
ပေါ်လစီသက်တမ်း
အသက်အာမခံထားသူ သေဆုံးချိန်တွင် သေဆုံးမှုအကျိုးခံစားခွင့်ကို တစ်လုံးတည်းရရှိမည်ဖြစ်ပါသည်။
အသက်အာမခံထားသူ ထာဝစဥ်လုံးဝမသန်စွမ်းဖြစ်ခဲ့ပါက ဤအကျိုးခံစားခွင့်ကို တစ်လုံးတည်းရရှိမည်ဖြစ်ပါသည်။
ဤအကျိုးခံစားခွင့်များကို သင့်တော်သောထပ်ဆောင်းပရီမီယံပေး၍ ရွေးချယ်ဝယ်ယူနိုင်ပါသည်။
(က) မတော်တဆမှုကြောင့်သေဆုံးခြင်း အကျိုးခံစားခွင့် - အသက်အာမခံထားသူသည် ပေါ်လစီသက်တမ်းအတွင်း မတော်တဆမှုကြောင့် သေဆုံးခဲ့ပါက အခြေခံပေါ်လစီအောက်ရှိ အာမခံထားငွေ၏ ၁၀၀% အား မတော်တဆသေဆုံးမှု အကျိုးခံစားခွင့်အဖြစ် ထပ်ဆောင်းပေးသွားမည်ဖြစ်ပါသည်။
(ခ) မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် မသန်စွမ်းမှုဖြစ်ခြင်း အကျိုးခံစားခွင့် - အသက်အာမခံထားသူသည် ပေါ်လစီသက်တမ်းအတွင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာဖြစ်ပွားခဲ့ပါက လျော်ကြေးငွေဇယားအတိုင်း အခြေခံပေါ်လစီအောက်ရှိ အာမခံထားငွေ၏ ထပ်ဆောင်း ၁၀၀% အထိ မတော်တဆသေဆုံးခြင်းနှင့် မသန်စွမ်းမှုဖြစ်ခြင်းအကျိုးခံစားခွင့်အဖြစ် ထပ်ဆောင်းပေးသွားမည်ဖြစ်ပါသည်။
(ဂ) ကင်ဆာရောဂါ အထူးအကျိုးခံစားခွင့် - အသက်အာမခံထားသူ ကင်ဆာရောဂါဖြစ်ပွားပါက အခြေခံပေါ်လစီအောက်ရှိ အာမခံထားငွေ၏ ၁၀၀% အား ကင်ဆာရောဂါ အထူးအကျိုးခံစားခွင့်အဖြစ် ပေးမည်ဖြစ်ပါသည်။ (သတ်မှတ်ထားသော ပြင်းထန်မှုရှိသည့် ကင်ဆာရောဂါများသာ)
Key Features များ
ဆက်သွယ်ရန်:
MM.CorporateSolutions@aia.com