တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}
“အိပ်စက်ခြင်း” ဆိုတဲ့ ဖြစ်စဉ်ကြီးက လူနေမှုဘဝတစ်ခုလုံးကို မတူခြားနားသွားအောင် လုပ်နိုင်တယ်ဆိုတာ သိပါရဲ့လား။
အိပ်ရေးဝဝ အိပ်ပျော်တဲ့သူနဲ့ အိပ်ရေးမဝတဲ့သူ အကြားမှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လုပ်အားနှုန်း၊ တက်ကြွလန်းဆန်းမှု၊ ပျော်ရွှင်မှုတွေ သိသိသာသာ ခြားနားနေတတ်ပါတယ်။
မှန်ကန်တဲ့နည်းလမ်းနဲ့ အိပ်ရေးဝဝ အိပ်ပျော်အောင် အိပ်စက်တဲ့ နည်းလမ်းကို Sleep Hygiene လို့တောင် ခေါ်ဆိုကြတယ်။
ဒီနေ့ခေတ်လို စိတ်ဖိစီးမှုများပြီး ဘယ်တော့မှ အိပ်ရေးမဝတဲ့အခြေအနေမျိုးတွေမှာဆို Sleep Hygiene ဟာ အရမ်းအရေးကြီးလာပါတယ်။ အထူးသဖြင့် မနက်စောစောထရလေ့ရှိတဲ့ လုပ်ငန်းခွင်ကလူတွေ၊ ကျောင်းတက်နေသူတွေအတွက်ဆိုရင် ပိုပြီးတောင် အသုံးဝင်ပါတယ်။
Sleep Hygiene ကို လိုက်နာရင် အိပ်ရေးဝမယ်၊ လန်းလန်းဆန်းဆန်းရှိနေမယ်။ ဒီတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ပြည့်ပြည့်ဝဝ အာရုံစူးစိုက်ပြီး လုပ်နိုင်မယ်။ စိတ်ညစ်စိတ်တိုမလွယ်တော့ဘူး။ ဖန်တီးနိုင်စွမ်းတွေအားကောင်းလာမယ်။ အလုပ်လုပ်နိုင်စွမ်းတွေတိုးတက်လာမယ်။ စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်နေလိမ့်မယ်။ ဒါက Sleep Hygiene ရဲ့ ကောင်းကျိုးတွေပါပဲ။
တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓာကိုယ်ရဲ့လည်ပတ်မှုတွေ အတွက် အမြန် အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓာတ်)ကုန်သွားမှာပါ။ ဒီလိုနဲ့ ခန္ဓာကိုယ်က ပရိုတင်းနဲ့ အဆီတွေကို လောင်စာခွန်အားအဖြစ် ပြောင်းလဲလိုက်မှာဖြစ်လို့ ကိုယ်အလေးချိန်ကျစေတာပါ။ ဒီဖြစ်စဉ်ကို ketosis လို့ ခေါ်ပါတယ်။
လူ့ခန္ဓာကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ် အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့် ketosis ဖြစ်စဉ်မှာတော့ အဆီတွေကို လောင်ကျွမ်းပစ်ဖို့ အဓိက ပြောင်းလဲဦးတည်လာပါတယ်။
အိပ်ရေးပျက်ခြင်းက ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီး ဖြစ်ပေါ်စေနိုင်တယ်။ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကျဆင်းမယ်။ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်နေတာနဲ့ ဆေးလိပ်အရက်စွဲတာလိုမျိုး စိတ်ရောဂါတွေဖြစ်ပေါ်စေနိုင်တယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့ သွေးတိုး ဆီးချိုလိုမျိုး ရောဂါကြီးကြီးမားမားတွေဆက်ဖြစ်လာမယ်။
အဲဒီလို အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို ကာကွယ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့အတွက် Sleep Hygiene အလေ့အကျင့်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ဘဝရဲ့နေပျော်မှုတွေက အခုထက် အများကြီးတိုးတက်လာတာကို သတိထားမိပါလိမ့်မယ်။
https://www.webmd.com/sleep-disorders/features/daytime-sleepiness-tips#1
https://www.webmd.com/sleep-disorders/ss/slideshow-sleep-tips