Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • ကျန်းမာရေးအာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • ကျန်းမာရေးအာမခံ

      သင်၏ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို ကိုယ်စားကျခံပေးမည့် အာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၁၉
နောက်သို့
Back to Top
  • {{title}}

    {{label}}
  • AIA KICK အစီအစဉ်အား မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပ

    02/09/2019


    အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်း Tottenham Hotspur ၏ နည်းပြနှစ်ယောက်မှ ကလေး ၂၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးမည့် 

    [ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်] – ဘောလုံးအားကစားကို အရူးအမူးနှစ်သက်သော ကလေးငယ်အယောက် ၂၄၀ သည် စက်တင်ဘာလ ၁ ရက်နေ့တွင် Yangon United Sports Complex (YUSC)၌ AIA Kick မှ အခမဲ့ပို့ချပေးသည့် ဘောလုံးအားကစားလေ့ကျင့်ရေးသင်တန်းကို တက်ရောက်ခဲ့ကြသည်။ အင်္ဂလန် ပရီးမီးယားလိဂ်မှ ထိပ်တန်း ကလပ်အသင်းတစ်သင်းဖြစ်သော Tottenham Hotspur မှ နည်းပြနှစ်ယောက်၏ လေ့ကျင့်သင်ကြားပေးသည့် ကြုံတောင်ကြုံခဲ အခွင့်အရေးကိုရရှိခဲ့ပြီး အရည်အချင်းများ ပိုမိုတိုးတက်လာကာ အတွေ့အကြုံကောင်းများရရှိခဲ့သည်။ ထိုကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည့် အစီအစဉ်ကို Market Capitalization အရ ကမ္ဘာ့နံပါတ် ၁ အသက်အမခံကုမ္ပဏီ ဖြစ်သည့် AIA မှ မြန်မာ ကလေးငယ်များ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သည့်ဘဝများ ရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်
    တစ်နေ့တာကြာမြင့်သည့် အဆိုပါအစီအစဉ်တွင် အသက် ၇ နှစ်မှ ၁၄ နှစ် အတွင်းရှိသည့် ကလေးငယ်များသည် လေ့ကျင့်ရေးကွင်းများထဲတွင် Yangon United ဘောလုံးအသင်းမှ ပြည်တွင်းနည်းပြများ၏အကူအညီဖြင့် Tottenham Hotspur မှ နည်းပြများ လေ့ကျင့်သင်ကြားပေးသည့် အပြေးလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှား  လေ့ကျင့်ခန်းများကို တက်တက်ကြွကြွဖြင့် ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ၏ရှေ့တန်းကစားသမား  ဖြစ်သော Harry Kane နှင့် တောင်ကိုရီးယား တိုက်စစ်မှုးဖြစ်သော Son Heung-Min ကဲ့သို့ ကမ္ဘာကျော်  ဘောလုံးအားကစားသမားများကို လေ့ကျင့်ပေးသည့်  ဂုဏ်သရေရှိ နည်းပြများဖြစ်သော Mr. Anton Blackwood (International Development Manager) နှင့် Mr. Aaron Tilbrook (International Development Coach) တို့နှင့် လေ့ကျင့်သင်ကြားရမည့် စိတ်ကူးယဉ်အိပ်မက်များမှာ ကလေးငယ်များအတွက် အမှန်တကယ်ပြည့်ဝခဲ့ပြီ ဖြစ်သည်။ AIA သည် ထိုအစီအစဉ်အား စီစဉ်ကျင်းပပေးခြင်းမှာ ကလေးငယ်များ ဘောလုံးအားကစား နည်းစနစ်နှင့် အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်လာအောင် လေ့ကျင့်ခြင်းအားဖြင့် ပိုမိုကျန်းမာ သည့် လူနေမှုပုံစံများရရှိရန်အတွက်ဖြစ်သည်။
    AIA Kick သည် သင်တန်းအစီ်အစဉ်များအပြင် ကျန်းမာရေး စစ်ဆေးမှုများကိုလည်း တစ်ခါတည်း ဆောင်ရွက် ပေးခဲ့သည့်အတွက် ကလေးများနှင့် မိဘများသည် ကျန်းမာရေးဆိုင်ရာအတိုင်ပင်ခံဆွေးနွေးချက်များကို   အခမဲ့ လာရောက် ဆွေးနွေးခဲ့ကြသည်။ ကလေးများ၏ အာဟာရနှင့် နေထိုင်မှုပုံစံနှင့် ပတ်သက်၍ မိဘများ၏ ကျန်းမာရေးအမြင် ပိုမိုကျယ်ပြန့်လာစေရန်အတွက် ကျန်းမာရေးပညာရှင်များမှ ကလေးများ၏ အသက်၊ အရပ်၊ ကိုယ်အလေးချိန်ပေါ် မူတည်၍ ကျန်းမာရေး အကြံဉာဏ်များပေးခဲ့သည်။
    “မြန်မာနိုင်ငံမှာတဲ့ ကျန်းမာတဲ့ လူနေမှုဘဝတွေ တိုးတက်အောင်ဆောင်ရွက်ဖို့ AIA က အရမ်းကို  စိတ်အား ထက်သန်နေပါတယ်။ ပြီးတော့ ကလေးတွေအတွက် AIA Kick ဘောလုံးသင်တန်းကို ပထမဆုံး အောင်အောင်  မြင်မြင် ဆောင်ရွက်ပေးခဲ့နိုင်လို့ဝမ်းသာကျေနပ်မိပါတယ်။ ဒီအစီအစဉ်မှာ မျှော်မှန်းထားတာထက် ၅ ဆလောက်  ရှိတဲ့ ကလေးတွေ ရာနဲ့ချီပြီးတော့ စိတ်ဝင်တစားနဲ့ လာရောက်  စာရင်းပေးသွင်းတာကိုတွေ့ရပါတယ်။ အခုလို  စိတ်ဝင်တစားနဲ့လာတက်ရောက်တဲ့အတွက် ကလေးတွေရော မိဘတွေကိုရော ကျေးဇူးတင်ပါတယ်။ Tottenham Hotspur က ထိပ်တန်းနည်းပြနှစ်ယောက်နဲ့ သင်ကြားခဲ့ရတဲ့ အတွေ့အကြုံကောင်းတွေကို အားလုံးက အားရကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။” ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က ပြောကြားခဲ့သည်။ “မြန်မာ့လူ့အဖွဲ့အစည်းတွေနဲ့  ပထမဆုံး ဆောင်ရွက်ခဲ့တာဖြစ်ပြီး နောင်ကိုလည်း  ပြည်သူတွေ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ရရှိခံစားနိုင်ဖို့ အဓိပ္ပါယ်ပြည့်ဝတဲ့ အစီအစဉ်တွေကို လည်း  ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Tottenham Hotspur အသင်း၏ International Development Coach ဖြစ်သူ Aaron Tilbrook က “ဘောလုံးအားကစားနည်းပြအနေနဲ့ လူငယ်တွေရဲ့ တိုးတက်မှုအတွက်၊ အထူးသဖြင့် အာရှက လူငယ်တွေရဲ့  တိုးတက်မှုအတွက် ကူညီဆောင်ရွက်ပေးရတာ ကျေနပ်ပျော်ရွင်စရာပါ။ ဒီလိုသင်တန်းမျိုးဟာ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု၊ ကာယလှုပ်ရှားမှုကြောင့်ဖြစ်ပေါ်တဲ့ ဖျတ်လက်တွက်ကြွမှု စတဲ့ အဖိုးတန်တဲ့ အမြင်တွေကို လက်ဆင့်ကမ်းပေးရာမှာ အလွန်ထိရောက်ပါတယ်။ AIA Myanmar ရဲ့ ကျေးဇူးကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံး လာရောက်ပြီးတော့ တောက်ပတဲ့အနာဂတ်ကောင်းတွေရှိတဲ့လူငယ်ပါရမီ အာကစားသမားတွေကို တိုက်ရိုက်   လေ့ကျင့်သင်ကြားပေးရတဲ့အတွက် ကျွန်တော်တို့ရဲ့ နည်းပြအသင်းကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။” ဟူ၍ ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။
    AIA Myanmar သည် ညနေပိုင်းတွင် သင်တန်းကျင်းပရာနေရာ၌ ပရိသတ်များနှင့် တွေ့ဆုံနှုတ်ဆက်ပွဲကို ကျင်းပ ခဲ့သည်။ Tottenham Hotspur ၏ ပရိသတ် ၂၀၀ လောက်မှ အသင်း၏ နည်းပြနှစ်ယောက်ဖြင့် တွေ့ဆုံခဲ့ပြီး ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး ကံစမ်းမဲအစီအစဉ်များကို ပါဝင်ခဲ့ကြသည်။ ထိုကံစမ်းမဲ အစီအစဉ်တွင် ၎င်းတို့နှစ်သက်သည့် Spur ဘောလုံးအသင်း၏ အားကစားအင်္ကျီများကို မဲဖောက်ပေးခဲ့သည်။
    AIA Myanmar ကိုယ်စားလှယ်ရုံးခန်းကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လွန်ခဲ့သည့် ၆ နှစ်တွင်းတွင် မြန်မာပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးရုံသာမက အာမခံလုပ်ငန်းနှင့် စပ်လျဉ်း၍ customer များကိုလည်း အသိအမြင်များမြှင့်တင်ပေးသည့် လုပ်ငန်းများကို တက်တက်ကြွကြွဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ AIA သည် ၎င်း၏ကုမ္ပဏီခွဲကို မြန်မာနိုင်ငံတွင်ရာနှုန်းပြည့် လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားရာတွင် ၂၀၁၉ ခုနှစ် ဧပြီလ၌  ရွေ့းချယ်ခြင်းခံခဲ့ရသည်။ AIA ဟာ လိုင်စင် ရသည်နဲ့ တပြိုင်နက် မြန်မာနိုင်ငံတွင်အာမခံ လုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ပြီး မြန်မာပြည်သူများ ပိုမိုကျန်းမာ အသက်ရှည်၍ပိုမိုကောင်းမွန်သော ဘဝများရရှိစေမည့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ကိုလည်း ရေရှည်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းမှာ AIA မှ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ဆောင် ရွက်ရာတွင် အနာဂတ်လုပ်ငန်းများကို သိသိသာသာ  ထင်ဟပ်စေမည်ဖြစ်သည်။
    AIA Kick အကြောင်း သို့မဟုတ် AIA Myanmar ၏ ပျော်ရွင်စိတ်လှုပ်ရှားစရာကောင်းသည့် အခြား ဆောင်ရွက်မှုများအကြောင်းကို ပိုမိုသိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    –   ပြီး   –

    AIA မြန်မာနိုင်ငံ  အကြောင်း
    AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုးနီးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရုနိုင်း၊ ကမ္ဘောဒီးယားတို့တွင် အပြည့်အဝပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။
    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။
    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့  ဆောင်ရွက်ပေး လျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက်ချင်းစီ အာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက်ပေးလျက် ရှိသည်။
    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။
    ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်၍ ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ 


    For media queries:

    ERA Myanmar

    Khaing Zar Su (Esther) | Manager

    +95 92019352

    esther@eramyanmar.com 

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ