တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}
AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှု
(Powered by Teladoc Health)
ပြင်းထန်တဲ့ ဆေးကုသမှု အခြေအနေများနှင့် ကြုံတွေ့ လာတဲ့အခါ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အလွန်ပင် ခက်ခဲတာမို့ AIA Myanmar မှ Teladoc Health နှင့် ပူးပေါင်းကာ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှုဖြင့် ပံ့ပိုးထားပါတယ်။
ဤဝန်ဆောင်မှုတွင် အကျုံးဝင်သည့် AIA Member များအားလုံးအနေဖြင့် ပြင်းထန်သော ကျန်းမာရေးအခြေအနေများ - ကင်ဆာနှင့် အခြားသော ရောဂါဝေဒနာများကို ခံစားရပါက AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှုကို Teladoc Health မှတဆင့် ရယူကာ ကုသမှုခရီးစဥ်တစ်လျှောက် ဆေးဘက်ဆိုင်ရာ အထူးအကြံဉာဏ်များ တောင်းခံနိုင်ပါတယ်။
ပြင်းထန်တဲ့ ဆေးကုသမှု အခြေအနေများကြောင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရမယ့် မည်သည့် အခြေအနေ၊ အချိန်အခါတွင်ဖြစ်စေ သင့်အတွက်လိုအပ်သော ကူညီထောက်ပံ့မှုကိုပေးနိုင်ရန် အသင့်ရှိနေပါတယ်။
ဘာကြောင့် AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှု (Powered by Teladoc Health) ကို ရွေးချယ်သင့်သလဲ။
Teladoc Health ဟာ ဆေးဘက်ဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲမှုပေးနေသည့် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကုသမှုအစီအစဉ်တစ်လျှောက် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ပြန်လည်ကောင်းမွန်လာသည်အထိ ကမ္ဘာတစ်ဝန်းမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဆွေးနွေးအကြံပေးမှုများပေးလျက်ရှိပါတယ်။
Teladoc Health ဟာ ယနေ့အချိန်အထိ လူနာပေါင်း ၉၂ သန်းကျော်ကို အောက်ပါ အောင်မြင်မှုရလဒ်များနှင့်အတူ ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ် -
ရောဂါအခြေအနေပေါင်း အောင်မြင်မှု
ကမ္ဘာ့ကျွမ်းကျင်ပညာရှင်ပေါင်း
သုံးစွဲသူများ၏ စိတ်ကျေနပ်မှု ရရှိထားခြင်း
AIA Member များအတွက် AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှု (Powered by Teladoc Health)
ကျန်းမာရေးရာအဖြာဖြာ အလုံးစုံ စီမံခန့်ခွဲမှု ဝန်ဆောင်မှု
Teladoc Health ဝန်ဆောင်မှုများကို အောက်ပါ အာမခံထားရှိထားသူများ ခံစားခွင့်ရှိသည်။
- တစ်သက်တာရွေးချယ်အသက်အာမခံ (ပုံမှန်အကာအကွယ်ပရီမီယံကြေး ကျပ်သိန်း ၃၀ နှင့် အထက်)
- ကျန်းမာရေးအလုံးစုံအာမခံ (Plan 5 နှင့် အထက်)
RUBY CLUB MEMBER
RUBY Club Member အနေဖြင့် ဤကျန်းမာရေးအထူးစောင့်ရှောက်မှု ဝန်ဆောင်မှုကို ရယူနိုင်ပြီး မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ မိမိချစ်ခင်သူများအတွက်သော်လည်းကောင်း အသုံးပြုနိုင်သည်။
ကျန်းမာရေးဆိုင်ရာ အထူးစောင့်ရှောက်မှုဝန်ဆောင်မှု လုပ်ငန်းစဉ် အဆင့်ဆင့်
AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှုရယူရန် ငွေကြေးအတိုင်ပင်ခံ သို့မဟုတ် AIA Hotline သို့ ဆက်သွယ်ပါ။
Teladoc Health ဆေးဘက်ဆိုင်ရာ ကော်မတီမှ သင်၏ အခြေအနေကို သုံးသပ်လေ့လာပြီး ထိပ်တန်းကျွမ်းကျင်ဆေးပညာရှင်များကို ရွေးချယ်ပေးမည်ဖြစ်သည်။
SHER သို့မဟုတ် RUBY Club Member Care Team ဘက်မှ member အနေဖြင့် ဝန်ဆောင်မှုအတွက် အကျုံးဝင်မှုရှိမရှိကို စစ်ဆေးပြီး အကျုံးဝင်ပါက ဝန်ဆောင်မှုရယူရန် အချက်အလက်ဖြည့်သွင်းခြင်းဖောင်အား ထုတ်ပေးသွားမည်ဖြစ်သည်။
ရုံးဖွင့်ရက် (၁၀) ရက်အတွင်း အသေးစိတ်မှတ်တမ်းကို ရရှိမည်ဖြစ်ပြီး အကြံဉာဏ်နှင့် ဆွေးနွေးတိုင်ပင်မှုများကို အထွေထွေဆရာဝန်မှ ရှင်းပြပေးမည်ဖြစ်သည်။
AIA Member အနေဖြင့် အချက်အလက်ဖြည့်သွင်းခြင်းဖောင်အား ဖြည့်သွင်းပြီးပါက Teladoc ထံသို့ ပေးပို့ရပါမည်။
အကယ်၍ နိုင်ငံရပ်ခြားသို့ သွားရောက်ကုသလိုပါက အထွေထွေရောဂါဆရာဝန်မှ စင်္ကာပူနိုင်ငံမှ ကျွမ်းကျင်ပညာရှင် (၂) ဦးကို သင်ရွေးချယ်ပြသနိုင်ရန် အကြံပြုပေးပါမည်။
Teladoc ဘက်မှ AIA member အတွက် အင်္ဂလိပ်ဘာသာစကားပြော အထွေထွေဆရာဝန်အား သင်၏ကိစ္စရပ်များကို စီမံခန့်ခွဲမည့် ကျန်းမာရေးအမှုတွဲအဖြစ် တာဝန်ပေးသွားပြီး သင့်အား (၂၄) နာရီအတွင်း ဆက်သွယ်ကာ ကျန်းမာရေးအခြေအနေနှင့် ကုသမှုအစီအစဥ်ကို ကြည့်ရှုသုံးသပ်ပေးပါမည်။
အထွေထွေဆရာဝန် မှ သင်၏ကျန်းမာရေးအခြေအနေကို ခေါ်ဆိုမှုများဖြင့် ကြပ်မတ်ဆောင်ရွက်ကာ လမ်းညွှန်မှုများနှင့် ပြန်လည်ကောင်းမွန်လာရေးအတွက် ဆက်လက် ပံ့ပိုးကူညီပေးပါမည်။
ဤအထူးဝန်ဆောင်မှုကိုရယူရန်
သင်၏ ငွေကြေးအတိုင်ပင်ခံ သို့မဟုတ်
SHER ၏ Hotline +959 944 705 440 နှင့် Email: sher@aia.com သို့ ဆက်သွယ်နိုင်ပါသည်။
RUBY Club Member ဖြစ်ပါက RUBY Club Member Care Team ၏ Hotline +95 996 965 5441 နှင့်
Email: AIAMyanmarVIP@aia.com သို့ ဆက်သွယ်နိုင်ပါသည်။