ကျန်းမာရေး အလုံးစုံအာမခံ
ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်
ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။
လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေAIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ
ကြည့်ရှုရန်နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ
ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။
ပိုမိုဖတ်ရှုရန်သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။
အေအိုင်အေထံ ဆက်သွယ်ပါ{{title}}
{{label}}ARRAY TECHNOLOGIES” နှင့်ပတ်သတ်၍ အများသိစေရန်ကြေညာခြင်း
ကျွန်ုပ်တို့ AIA MYANMAR အနေဖြင့် “ARRAY TECHNOLOGIES” အမည်ဖြင့် (လိပ်စာ - မသိ) (ဆက်သွယ်ရန်လူပုဂ္ဂိုလ် - မသိ) အဖွဲ့အစည်းတစ်ခုမှ အများပြည်သူအား ၎င်းတို့ “photovoltaic” (solar) စီမံကိန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် သွေးဆောင်ဖြားယောင်းလျှက်ရှိကြောင်းနှင့် ထိုကဲ့သို့ ပြုလုပ်ဆောင်ရွက်ရာတွင်လည်း “AIA” ဟူသည့်အမည်ကို၎င်းတို့၏စာချုပ်စာတမ်းများတွင် ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားကြောင်း သိရှိရပါသည်။ “AIA” ဟူသည့်အမည်သည် AIA MYANMAR အပါအဝင် AIA COMPANY LIMITED နှင့် ၎င်း၏ အဖွဲ့ဝင်ကုမ္ပဏီများမှ တရားဝင်မှတ်ပုံတင် ပိုင်ဆိုင်ထားသည့် ကုန်အမှတ်တံဆိပ်အမည်ဖြစ်ပြီး အဆိုပါ ကုန်အမှတ်တံဆိပ်အမည်အား ကျွန်ုပ်တို့၏ခွင့်ပြုချက်မပါဘဲ မည်သူတစ်ဦးတစ်ယောက်မျှ အသုံးပြုပိုင်ခွင့်မရှိပါ။ ထိုကဲ့သို့ ခွင့်ပြုချက်မရှိဘဲ “AIA” ဟူသည့်အမည်အားအသုံးပြုခြင်းသည် ကျွန်ုပ်တို့ AIA MYANMAR ၏ဉာဏဆိုင်ရာမူပိုင်ခွင့်အား ချိုးဖောက်ရာရောက်ပါသည်။
ကျွန်ုပ်တို့ AIA MYANMAR မှ "ARRAY TECHNOLOGIES" နှင့်သော်လည်းကောင်း၊ ၎င်းတို့၏ လုပ်ငန်းများ၊ လှုပ်ရှားမှုများနှင့်သော်လည်းကောင်း လုံးဝ (လုံးဝ) ပတ်သတ်ဆက်နွယ်မှုမရှိပါကြောင်းနှင့် “ARRAY TECHNOLOGIES” ဟူသည့် အဖွဲ့အစည်းမှာလည်း ကျွန်ုပ်တို့ AIA ၏အမည်အား မည်သို့မည်ပုံမျှ အသုံးပြုပိုင်ခွင့် မရှိကြောင်းကို အများသိစေရန်ကြေညာအပ်ပါသည်။ AIA MYANMAR ၏အမည်၊ ကုန်အမှတ်တံဆိပ်နှင့် ဉာဏဆိုင်ရာမူပိုင်ခွင့်များကို ခွင့်ပြုချက်မရှိဘဲအသုံးပြုလျှက်ရှိသည့် မည်သည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုမဆို တွေရှိပါက သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကိုလည်း အများသိစေရန်အသိပေးအကြောင်းကြားအပ်ပါသည်။
နောင်အခါတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ ၎င်းတို့သည် AIA MYANMAR နှင့်ပတ်သတ်ဆက်နွယ်မှုရှိသည်ဟု ပြောကြားချက်အပေါ်တွင် သံသယရှိပါက ပြည်သူလူထုအနေဖြင့် ကျွန်ုပ်တို့ ၏ Customer Hotline ( ၀၉-၉၄၄၇၀၅၄၄၀ ) (သို့မဟုတ်) Email (sher@aia.com) သို့ ဆက်သွယ်စုံစမ်း အတည်ပြုမေးမြန်းနိုင်ပါကြောင်းကို လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်။