ကမ္ဘာ့နံပါတ် (၁) အသက်အာမခံကုမ္ပဏီအနေနဲ့ AIA က ပြုလုပ်ကျင်းပပေးလျက်ရှိတဲ့ အစီအစဉ်တွေက နေ တစ်ဆင့် ကျန်းမာစွာနေထိုင်ခြင်းကပိုပြီးအရေးကြီးတယ်ဆိုတဲ့ အချက်ကိုပိုမိုသတိပြုနိုင်ကြဖို့ ရည်ရွယ်ပါတယ်။ ထိုကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့အတူလူငယ်ကြယ်ပွင့်လေးတွေကို အားကစား လုပ်ခြင်းအပေါ် ပိုမိုစိတ်အားထက်သန်လာပြီးရည်မှန်းချက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် AIA Kick ကိုကျင်းပပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ AIA Kick ဘောလုံးအားကစားလေ့ကျင့်သင်ကြားပေးရေးအစီအစဉ်မှာပါဝင်ပေးခဲ့ကြတဲ့ ကလေးများနဲ့ မိသားစုများအားလုံးကို AIA Myanmar မှ ကျေးဇူးအထူးတင်ရှိပါတယ်။ AIA Myanmar အနေနဲ့ ပိုမိုကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက် အနာဂတ်မှာလည်းလူမှု အကျိုးပြု လုပ်ငန်းများကိုဆက်လက် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ