Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • ကျန်းမာရေးအာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • ကျန်းမာရေးအာမခံ

      သင်၏ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို ကိုယ်စားကျခံပေးမည့် အာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၂၀
ရှေ့သို့ | နောက်သို့
Back to Top
  • {{title}}

    {{label}}
  • X-Boxin နှင့် နီနီခင်‌ဇော်တို့ တွဲဖက်သီဆိုထားသည့် “ဒို့ခေတ်” အမည်ရ theme song ကို AIA Myanmar မှ မိတ်ဆက် 

    10/02/2020


    ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် AIA မှ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ၏ ပုံရိပ်ကို ပုံဖော်ပေးထားသည့် စိတ်ခွန်အားဖြစ်စေသော သီချင်းတစ်ပုဒ်ပို ဖန်တီးလိုက်သည်။

    [ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်] – AIA Myanmar သည် “ဒို့ခေတ်” အမည်ရ ၎င်း၏ တရားဝင် theme song CD နှင့် music video ကို ယနေ့တွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ စိတ်ခွန်အားပြည့်စေမည့် theme song ကို ပြည်သူများ ပိုမိုကျန်းမာ၊ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများပိုင်ဆိုင်နိုင်စေရန် အားပေးကူညီ ဆောင်ရွက်သွားနိုင်ရေးနှင့် ဘဝအောင်မြင်မှုအတွက် အခက်အခဲများကို ကျော်လွှား နိုင်စေရေး အတွက် စိတ်အားထက်သန် တက်ကြွလာစေရန် အားပေးနိုင်ရေးအတွက် AIA Myanmar မှ ရည်ရွယ်ပါသည်။

    ရန်ကုန်မြို့ရှိ Pinlel Studio and Film Production တွင် ကျင်းပသည့် AIA Myanmar ၏ theme song တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားတွင် AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) ၊ AIA Myanmar မှ တာဝန်ရှိသူများ၊ နိုင်ငံကျော် ဟစ်ဟော့သီချင်းရေးဆရာ၊ အဆိုတော် X-Boxin ၊ ထိပ်တန်းအဆိုတော် နီနီခင်ဇော်နှင့် AIA Myanmar မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

    “ဒို့ခေတ်” အမည်ရ AIA Myanmar ၏ theme song ကို နိုင်ငံကျော် ဟစ်ဟော့အဆိုတော် X-Boxin မှ ကိုယ်ပိုင်သံစဥ်ဖြင့် ရေးစပ်ထားပြီး ထိပ်တန်းအဆိုတော် နီနီခင်ဇော်မှ featuring အဖြစ်ပါဝင်အားဖြည့် သီဆိုထားသည်။ ၎င်းအဆိုတော် နှစ်ဦး၏ခေတ်မီပြီး အသံပါဝါအားကောင်းကောင်းဖြင့် သီဆိုဟန်တို့ကို ပေါင်းစပ် ထားသည့်အလျောက် အဆိုပါ theme song သည် လူအများကြိုက်နှစ်သက်ကြသော ဂီတနှင့် အနုပညာ တို့မှတဆင့် မြန်မာပြည်သူ၊ ပြည်သားများ ပိုမိုကျန်းမာသော ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ရရှိနိုင်ကြစေရန် AIA မှ ကူညီပံ့ပိုးပေးလိုကြောင်းကို အသိပေးလိုက်ခြင်းဖြစ်သည်။

    AIA Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Nhon Ly (Luc) က “မြန်မာပြည်သူ၊ ပြည်သားများ ပိုမိုကျန်းမာသော ဘဝနေထိုင်မှုကို အားပေးဖို့ AIA Myanmar theme song ဖြစ်တဲ့ “ဒို့ခေတ်”ကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက် အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ နာမည်ကြီး အဆိုတော် နှစ်ဦးဖြစ်တဲ့ X-Boxin နဲ့ နီနီခင်ဇော်တို့ ဖန်တီးပုံဖော် သီဆိုထားတဲ့ ခွန်အားဖြစ်စေမယ့် ဒီသီချင်းကနေတဆင့် AIA Myanmar နဲ့ မြန်မာပြည်သူများအကြား ယုံကြည်မှု ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ AIA အနေနဲ့ အနုပညာနဲ့ ယဥ်ကျေးမှုကို အမြဲတန်ဖိုးထားခဲ့တဲ့အလျောက် ဂီတသံစဥ်ဟာ မြန်မာပြည်သူတွေရဲ့ နှလုံးသားတွေဆီ အရောက် ပို့ပေးနိုင်မယ့် ကြားခံနယ်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဟစ်ဟော့အဆိုတော်၊ သီချင်းရေးဆရာ X-Boxin မှ “ကျွန်တော့်အနေနဲ့ AIA ရဲ့ အဓိပ္ပာယ်ပြည့်ဝပြီး ခွန်အားဖြစ်စေမယ့် ဒီ theme song ကို ရေးစပ်သီကုံးပြီး ထိပ်တန်းအဆိုတော် မနီနီခင်ဇော်နဲ့ တွဲဖက်သီဆို ဖန်တီးခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီတေးသီချင်းလေးက ကိုယ်ယုံကြည်ရာကို အောင်မြင်တဲ့ အထိ ဆက်လက်ဆောင်ရွက်သွားဖို့နဲ့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ရင်ဆိုင်ကျော်ဖြတ်သွားဖို့ကို အားပေး တိုက်တွန်းတဲ့အ‌ကြောင်း ပုံဖော်ပေးထားပါတယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေရော မြန်မာပြည်သူ၊ ပြည်သား တွေရော ဒီသီချင်းလေးကို ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်း၏ ဝမ်းသာပီတိကို ထုတ်ဖော် ပြောကြားခဲ့သည်။

    AIA Myanmar theme song ကို ကြိုက်နှစ်သက်၍ ရယူလိုသူများအနေဖြင့် bit.ly/JOOXMMIOS (iOS), bit.ly/JOOXMMAndroid (Android), www.joox.com/mm/download (Desktop app), နှင့်  www.joox.com/mm (JOOX Website) တို့မှတဆင့် ဒေါင်းလုတ်လုပ်ကာ ရယူနိုင်ပါသည်။

    လတ်တလောတွင် မြန်မာနိုင်ငံ၌ တရားဝင် လုပ်ငန်းစတင် ဝန်ဆောင်မှုပေးခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ထားသည့် AIA Myanmar သည် မြန်မာနိုင်ငံ၏လူမှု အသိုင်းအဝိုင်းကို အကျိုးပြုသွားရန် ရည်ရွယ်ထားပြီး အနာဂတ်တွင် ပိုမိုထူးခြားသည့် လှုပ်ရှားမှုများလည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ လွန်ခဲ့သည့် လများကလည်း ရပ်ရွာအကျိုးပြု ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ပြီး မကြာသေးမီက AIA သည် လူမှုပတ်ဝန်းကျင်ပိုမိုကျန်းမာရေးကို အားပေးကူညီသော အားဖြင့် ၃၃ လမ်းနှင့် ၃၄ အထက်ရှိ နောက်ဖေး လမ်းကြားကို ထူးခြားဆန်းသစ်ပြီး Healthier, Longer, Better Lives အမည်ရှိ လူအများသွားလာ အပန်းဖြေနိုင်သည့် နေရာတစ်ခုအဖြစ် Yangon Walls နှင့် ပူးပေါင်းဖန်တီးခဲ့သည်။ AIA သည် English Premier League club ဖြစ်သော Tottenham Hotspur မှ နည်းပြများကို ခေါ်ယူ၍ ရန်ကုန်မြို့ရှိ ကလေးများကို ဘောလုံးအားကစားလေ့ကျင့်ပေးသည့် လှုပ်ရှားမှုဖြစ်သော “AIA KICK!” ကိုလည်း စီစဉ် ဆောင်ရွက်နိုင်ခဲ့သည်။  AIA သည် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို ကျင်းပသည့် အနေဖြင့် “AIA GO! FOR LIGHT” အမည်ရ 5K အပြေးပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပုဂံရှိ လျှပ်စစ်မီးမရရှိသေးသော အိမ်ခြေ ၁၀၀ ကိုလည်း ဆိုလာပြားများ လှူဒါန်းနိုင်ခဲ့သည်။

    AIA Myanmar ၏ theme song “ဒို့ခေတ်” နှင့် အခြား စိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်များအကြောင်း ပိုမို သိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။

    –   End   –

    AIA Group အကြောင်း 

     AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။ 

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။  

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက် ချင်းစီအာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။ 

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။  

    ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။


    မီဒီယာများဆက်သွယ်ရန်

    AIA Myanmar Media Contact

    Khine Wint Thawda Htoo

    09450043353

    khinewintthawda.htoo@aia.com

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ