တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}31/01/2021
“ခေါင်းမော့ပြီးရှေ့ဆက်ပါ” (Keep Your Head Up) သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ မော်တော်ဆိုင်ကယ် ချစ်သူများအတွက် အဓိကရည်ရွယ်သော ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးကမ်ပိန်းဖြစ်သည်။
[ရန်ကုန်၊ မြန်မာ။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်] ။ ။ AIA Myanmar သည် မြန်မာနိုင်ငံအတွင်း ရုံးခွဲသစ် နှစ်ခု ထပ်မံဖွင့်လှစ်ရန်အတွက် စိတ်လှုပ်ရှားလျက်ရှိသည်။ ပထမ ဒေသဆိုင်ရာ ရုံးခွဲသစ်ကို မြန်မာနိုင်ငံ မြောက်ပိုင်း စီးပွားရေးမြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့သော မန္တလေးမြို့တွင် လည်းကောင်း၊ ဒုတိယ ဒေသဆိုင်ရာ ရုံးခွဲကို ရှမ်းပြည်နယ်၏ အကြီးဆုံး မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင် လည်းကောင်း ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ထို ရုံးခွဲများဖွင့်လှစ်ခြင်းသည် မြန်မာပြည်သူများ အနေဖြင့် ပိုမို ကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများကို အတူတကွ ရရှိနိုင်ရမည်ဟူသော AIA Myanmar ၏ ကတိစကားအတွက် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။ အဆိုပါ စိတ်ကူးကို ထပ်ပိုးပုံဖော်သည်မှာ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ကမ်ပိန်းဖြစ်သည့် “ခေါင်းမော့ပြီးရှေ့ဆက်ပါ”” ကမ်ပိန်းဖြစ်သည်။
“ခေါင်းမော့ပြီးရှေ့ဆက်ပါ” ကမ်ပိန်းသည် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေး၏ အရေးပါပုံကို မီးမောင်းထိုးပြနေသည့် တစ်မူထူးခြားသော ချဉ်းကပ်မှုတစ်ခုဖြစ်သကဲ့သို့ မြန်မာ့ ယဉ်ကျေးမှု အလေ့အထများကို နားလည်လေးစားသည့် အကြောင်း ပြသသည့် ပြယုဂ်တစ်ခုလည်းဖြစ်သည်။ မန္တလေးနှင့် တောင်ကြီးနေပြည်သူများအတွက် အကာအကွယ်ကို “ခေါင်းမော့ပြီးရှေ့ဆက်ပါ” ကမ်ပိန်း ဖြင့် ဆောင်ယူလာပေးခဲ့ပြီး ယင်းသည် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေး အသိတစ်ခုနောက်တွင် ပိုမိုကောင်းမွန်သော အနာဂတ်များ အတူတကွ ဖန်တီးနိုင်ရန်နှင့် အကောင်းမြင်စိတ်ကို ကိုယ်စားပြုရန်အတွက် AIA Myanmar က မျှော်လင့်လျက်ရှိသည်။
ကမ်ပိန်း၏ ပထမအဆင့်ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထိုကမ်ပိန်းအတွက် ရည်ရွယ်ပြီး ဒေသခံ အနုပညာရှင်များ ဖန်တီးဆန်းသစ်ထားသည့် တစ်မူထူးခြားသော AIA မော်တော်ဆိုင်ကယ်ဦးထုပ်တို့ဖြင့် စတင်ခဲ့သည်။ အဆိုပါ အဆင့်တွင် AIA Myanmar က ဝါသနာနှင့် ဆန္ဒနောက်ကို တစိုက်မတ်မတ်လိုက်ပြီး ကမ္ဘာကို ဆိုင်ကယ်ဖြင့်ပတ်၍ လူသိနည်းသော ဒေသများအကြောင်း မျှဝေရှာဖွေခဲ့ကြသော ကျော်ကြားသည့် ဆိုင်ကယ်စီးညီနောင်နှစ်ဦး ဖြစ်သည့် “Motourlogue” နှင့် ပူးပေါင်းခဲ့သည်။ AIA Myanmar နှင့် Motourlogue တို့ ပူးပေါင်းကာ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး၏ အရေးပါပုံကို ပြသနိုင်မည့် ပညာပေး ဗီဒီယိုတစ်ခု ရိုက်ကူးကာ မည်သည့်နေရာသို့ မည်သို့ပင် သွားစေကာမူ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးသည် ပထမ ဦးစားပေး ဖြစ်သင့်သည့်အကြောင်းကို ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတော် အစိုးရထံမှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ရရှိခဲ့ပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်နောက်တွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်မှု စတင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ ရုံးခွဲသစ်များသည် မြန်မာနိုင်ငံတစ်ဝန်းရှိ AIA Member အသစ်ဖြစ်လာမည့်သူများအတွက် AIA ၏ ဆန်းသစ်သော အကာအကွယ် ရွေးချယ်မှုများနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မည် ဖြစ်သည်။
“နိုင်ငံတစ်ဝန်းမှာ ရုံးခွဲသစ်တွေ ဖွင့်လှစ်နိုင်တော့မယ့်အကြောင်းကို ကြေညာရတာဟာ AIA Myanmar အတွက် အလွန် ဂုဏ်ယူရတဲ့ ကိစ္စတစ်ခုလည်း ဖြစ်သလို ဒါဟာ ပြည်သူတွေ ပိုမို ကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရရှိစေမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိစကားအတွက် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တမူထူးခြားတဲ့ “ခေါင်းမော့ပြီးရှေ့ဆက်ပါ” ကမ်ပိန်းက ဒီကတိစကားအတွက် ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ ချဉ်းကပ်မှုတွေကို ပြသနိုင်မယ့် ကမ်ပိန်းလည်း ဖြစ်ပါတယ်။ ဒီကမ်ပိန်းနဲ့အတူ ကျွန်တော်တို့ဟာ လမ်းပေါ်မှာပဲ ဖြစ်စေ၊ ဘဝခရီးလမ်းမှာ ဖြစ်စေ၊ အန္တရာယ် ကင်းရှင်းရေးနဲ့ ကာကွယ်မှုတွေက ဘယ်လောက် အရေးကြီးတယ်ဆိုတဲ့အကြောင်း ပိုပြီး သိစေဖို့ ရည်ရွယ်ထားပါတယ်။ ဒီ ခြေလှမ်းသစ်တွေ၊ ရုံးခွဲသစ် ဖွင့်လှစ်မှုတွေက ဒီဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် စိတ်အေးချမ်းသာမှုတွေကို ဆောင်ယူလာပေးနိုင်ပြီး AIA ရဲ့ ကျယ်ပြန့်တဲ့ အသက်အာမခံပေါ်လစီ အမျိုးမျိုးနဲ့ ဝန်ဆောင်မှုတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ပေးအပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ မန္တလေးနဲ့ တောင်ကြီးမြို့တွေဟာ ဆွဲဆောင်မှု အရှိဆုံး မြို့တော်တွေ ဖြစ်နေတဲ့အပြင် ရိုးရာ ယဉ်ကျေးမှုတွေ မပျောက်ပျက်ဘဲ နိုင်ငံရဲ့ အကျော်ကြားဆုံး ပွဲတော်တွေကို ပြုလုပ်ကျင်းပနေဆဲဖြစ်တဲ့ အဓိက မြို့ကြီးတွေမို့ ကျွန်တော်တို့ရဲ့ ခြေလှမ်းသစ်အတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။” ဟု AIA Myanmar ၏ CEO Luc Ly က ဆိုသည်။
စတင်ဖွင့်လှစ်ပြီးနောက်တွင် ဒေသခံ Street Photographers (၃)ဦး ရိုက်ကူးထားသည့် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဓာတ်ပုံ စုစည်းမှုကို AIA ၏ ဆိုရှယ်မီဒီယာ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံများ၏ ရည်ရွယ်ချက်မှာ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေး ကမ်ပိန်း “ခေါင်းမော့ပြီးရှေ့ဆက်ပါ” ၏ နောက်ကွယ်မှ စိတ်ကူးစိတ်သန်းများကို ဓာတ်ပုံများမှ ဖော်ပြနိုင်ရန် နှင့် ယင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်နှင့် လူမှု အသိုင်းအဝိုင်းများကြား မည်သို့ အဓိပ္ပာယ်သက်ရောက်ကြောင်း ဖော်ပြနိုင်ရန် ဖြစ်သည်။
AIA Myanmar သည် ပြည်သူများ၏ ရေရှည် ငွေ စုဆောင်းမှုများနှင့် အကာအကွယ်လိုအပ်မှုများအတွက် အသက်အာမခံ၊ မတော်တဆနှင့် ကျန်းမာရေးအာမခံ နှင့် ငွေစုဆောင်းမှု အစီအစဉ်များ အပါအဝင် အမျိုးမျိုးသော အသက်အာမခံပေါ်လစီများနှင့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ AIA Myanmar ၏ အကာအကွယ် အမျိုးမျိုးနှင့် လှုပ်ရှားမှုများကို ပိုမို သိရှိနိုင်ရန်အတွက် တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/AIA.Myanmar.MM/တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
– End –
AIA Group အကြောင်း
AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။
AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။
AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင် ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊ ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက် ချင်းစီအာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။
AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။
ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။
မီဒီယာများဆက်သွယ်ရန်
AIA Myanmar Media Contact
Khine Wint Thawda Htoo
09450043353
khinewintthawda.htoo@aia.com