Skip to main content
  • Eng
  • မြန်မာ
  • Search
  • AIA RUBY Membership
  • AIA RUBY Membership
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA Youth Smart Protection Plan
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • ပညာရေးအသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • RUBY CLUB
    • AIA RUBY Elite
    • AIA RUBY
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
    • PAYMENT INFORMATION
  • Registration for MINGALAR SKY & MJAS Airport Lounge Access
    • RUBY ELITE
    • RUBY
AIA
  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more

    လေဆိပ် Lounge အသုံးပြုရန် ကြိုတင်စာရင်းပေးသွင်းခြင်း

    MINGALAR SKY & MJAS AIRPORT LOUNGE
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA Youth Smart Protection Plan

      ဘဝအနာဂတ်ကို စည်းစနစ်ကျကျ၊ အလှပဆုံး တည်ဆောက်ချင်တဲ့ လူငယ်တွေအတွက် Smart Plan

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • RUBY CLUB
    Registration for MINGALAR SKY
    & MJAS Airport Lounge Access

    • RUBY Elite • RUBY
    • AIA RUBY Elite

      Elevate your world of privileges with your loved ones

    • AIA RUBY

      Stay Grand, Enjoy Privileges

  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

    • PAYMENT INFORMATION

      Looking for an easy way to pay premium? Find quick payment guides and option here.

  • Registration for MINGALAR SKY & MJAS Airport Lounge Access
  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

AIA အကြောင်း
Back to Top
  • {{title}}

    {{label}}
  • SCORE WITH SPURS (AIA Coaching Clinic 2026) Ticket ကမ်ပိန်း စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

    SCORE WITH SPURS (AIA Coaching Clinic 2026) အကြောင်း

    SCORE WITH SPURS (AIA Coaching Clinic 2026) သည် ဘောလုံးအားကစားကို စိတ်ပါဝင်စားသော ကလေးငယ်များ၏ ဘောလုံးစွမ်းရည်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက်ရည်ရွယ်ပြီး English Premier League ၏ ထိပ်တန်းအသင်းတစ်ခုဖြစ်သော Tottenham Hotspur ၏ နိုင်ငံတကာနည်းပြများကိုယ်တိုင် ဘောလုံးကစားခြင်းနည်းလမ်းများကို ရန်ကုန်မြို့တွင်သင်ကြားပြသပေးမည့်အစီအစဉ်ဖြစ်သည်။

    ဤအစီအစဉ်တွင် ဝင်ရောက်ပါဝင်သူများအနေဖြင့် -

    • Tottenham Hotspur ဘောလုံးအသင်း၏ စံနှုန်းများနှင့်အညီ ပြင်ဆင်ထားသော လေ့ကျင့်ရေးကွင်း၊
    • လက်တွေ့ သင်ကြားပေးသည့် လေ့ကျင့်ရေးအစီအစဉ်များ၊
    • ဘောလုံးစွမ်းရည်ကို မြင့်တက်စေမည့် နည်းလမ်းများ၊
    • ခြေစမ်း ‌ဘောလုံးပွဲစဉ်များ၊ 
    • “ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများကို ရရှိပိုင်ဆိုင်နိုင်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြုလုပ်သော အမှတ်ရစရာအစီအစဉ်များ အစရှိသည့်အတွေ့အကြုံကောင်းများကို ရရှိခံစားနိုင်မည်ဖြစ်သည်။  

     

    SCORE WITH SPURS အစီအစဉ်ပြုလုပ်မည့်နေ့ရက်နှင့် နေရာ

    • အသက် ၈ နှစ်မှ ၁၁ နှစ်ကလေးငယ်များအတွက် ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက် (စနေနေ့)။
    • အသက် ၁၂ နှစ်မှ ၁၅ နှစ်ကလေးငယ်များအတွက် ၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် (တနင်္ဂနွေနေ့)။ 
    • မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး။

     

    ကမ်ပိန်းကာလ

    • ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ။

     

    အစီအစဉ်တွင်ပါဝင်ရန် အကျုံးဝင်ပုံ

    ၁) လက်ရှိ RUBY Member များအနေဖြင့် ကမ်ပိန်းကာလအတွင်း AIA Critical Illness Care သီးသန့် အာမခံအကာအကွယ်ပေါ်လစီအား တစ်နှစ်စာပရီမီယံကြေး (Annualised Premium, ANP) ကျပ်သိန်း (၂၀) နှင့်အထက်ဖြင့် ဝယ်ယူထားသူများ ကမ်ပိန်းတွင်ပါဝင်ရန် အကျုံးဝင်ပါမည်။ 

    ၂) ကမ်ပိန်းကာလအတွင်း AIA Critical Illness Care သီးသန့် အာမခံအကာအကွယ်ပေါ်လစီဝယ်ယူမည့် RUBY Member များအနေဖြင့် တစ်နှစ်စာပရီမီယံကြေး ကျပ်သိန်း (၂၀) နှင့်အထက်ဝယ်ယူပါက လက်မှတ် (၁) စောင် ရရှိမည်ဖြစ်ပြီး ပေါ်လစီရှင်တစ်ဦးအနေဖြင့် အများဆုံး လက်မှတ် (၂) စောင်သာ ရရှိနိုင်မည်ဖြစ်သည်။

     

    ပွဲအစီအစဉ်လက်မှတ်နှင့် အသိပေးခြင်းအကြောင်း

    ၁)  SCORE WITH SPURS (AIA Coaching Clinic 2026) အစီအစဉ်သည် လူဦးရေအကန့်အသတ်ဖြင့် ပြုလုပ်သော အစီအစဥ် ဖြစ်သောကြောင့် အကျုံးဝင်သည့်ပါဝင်သူများအနေဖြင့် လက်မှတ်များကို ဦးရာလူစနစ်ဖြင့် ရရှိသွားမည်ဖြစ်သည်။ လက်မှတ်များကို ပေါ်လစီထုတ်ပေးသည့်ရက်စွဲအပေါ်မူတည်ပြီး ရရှိသွားမည်ဖြစ်သည်။ သတ်မှတ်ထားသောကမ်ပိန်းကာလအတွင်း ဖြစ်စေကာမူ သတ်မှတ်ထားသော လူဦးရေ အရေအတွက် ပြည့်သွားပါက ကမ်ပိန်းကို ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

    ၂)  ပွဲအစီအစဉ်လက်မှတ်ကို အကျုံးဝင်သည့်ပါဝင်သူ၏ အီးမေးလ်သို့ ပေးပို့ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤအစီအစဉ်အတွက် AIA Myanmar ထံသို့ မိမိ၏ အီးမေးလ် လိပ်စာကို တိကျမှန်ကန်စွာပေးအပ်ရန် ပါဝင်သူထံ၌ အပြည့်အဝတာဝန်ရှိပါသည်။ အကယ်၍ AIA Myanmar ထံသို့ မှားယွင်းသောအီးမေးလ်လိပ်စာအားပေးအပ်ခဲ့ပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ နစ်နာဆုံးရှုံးမှုများအတွက် AIA Myanmar တွင်တာဝန်လုံးဝမရှိစေရ။

    ၃)  လက်မှတ်ကို အခြားသူထံလွှဲပြောင်းပေးအပ်နိုင်သော်လည်း ငွေသား သို့မဟုတ် အခြားအကျိုးခံစားခွင့်များအဖြစ် ပြောင်းလဲရရှိနိုင်မည်မဟုတ်ပါ။ ပွဲအစီအစဥ်လက်မှတ် လက်ဝယ်ရရှိသူအနေဖြင့် ပွဲအစီအစဉ်သို့ မလာရောက်နိုင်ပါက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နောက်ဆုံးထားပြီး AIA Myanmar ကို အကြောင်းကြားပေးရမည်။ SCORE WITH SPURS (AIA Coaching Clinic 2026) အစီအစဉ်၏ အသေးစိတ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ယခုအီးမေးလ်နှင့်အတူ ပူးတွဲပေးပို့ထားသော စာဖိုင်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ 

    ၄) အချို့သော ဖြစ်ရပ်များ (AIA Myanmar ၏ မရည်ရွယ်သည့်လုပ်ဆောင်ချက်များ) ကြောင့် လက်မှတ်ရရှိရန် ရွေးချယ်ခံရသူများအနေဖြင့် AIA Myanmar ၏ ပွဲအစီအစဉ်လက်မှတ်ပေးပို့သည့်စာ မရရှိနိုင်ခြင်း (နည်းပညာဆိုင်ရာ အခက်အခဲများ၊ ရွေးချယ်ခံရသူ၏ တည်ရှိရာနေရာတွင် မိုဘိုင်းဝန်ဆောင်မှုများ မရှိနိုင်ခြင်းများအပါအဝင် အခြားသော ဖော်ပြ၍မရသည့် ကိစ္စရပ်များ) အတွက် AIA Myanmar တွင် တာဝန်မရှိပါ။

    ၅)  ပွဲအစီအစဉ်လက်မှတ်ရရှိသူရွေးချယ်ခြင်းနှင့်ပတ်သက်၍ AIA Myanmar ၏ဆုံးဖြတ်ချက်သည်သာ နောက်ဆုံးအတည်ဖြစ်ပါသည်။ 

     

    ထပ်တိုးစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

    ၁) လက်ရှိ RUBY Member များအနေဖြင့် AIA Critical Illness Care သီးသန့် အာမခံအကာအကွယ်ပေါ်လစီကို တစ်နှစ်စာပရီမီယံကြေး (Annualised Premium/ ANP) ကျပ်သိန်း ၂၀ နှင့်အထက်ဖြင့် ဝယ်ယူထားသူများသာ အကျုံးဝင်မည်ဖြစ်ပြီး ဤအစီအစဉ်တွင် ပါဝင်ရန် လက်မှတ် ၁ စောင် ရရှိမည်ဖြစ်ပါသည်။

    ၂)  သတ်မှတ်ထားသော ပရီမီယံနှစ်စဉ်ကြေးဖြင့် ပေါ်လစီအများအပြားဝယ်ယူထားပါကလည်း ပေါ်လစီရှင်တစ်ဦးလျှင် အများဆုံး လက်မှတ် ၂ စောင်သာ ရရှိမည် ဖြစ်ပါသည်။

    ၃)  ယခုအစီအစဉ်အတွက် သတ်မှတ်ထားသော အနည်းဆုံး ပရီမီယံကြေးလိုအပ်ချက်ပြည့်မီရန်အတွက် ရည်ရွယ်၍ မတူညီသော အာမခံပေါ်လစီနံပါတ်များ အောက်တွင် ပေးသွင်းထားသောပရီမီယံကြေးများကို စုပေါင်း၍မရပါ။ ပေါ်လစီတစ်ခုချင်းစီတိုင်းအတွက် သတ်မှတ်ထားသော ပရီမီယံကြေးပမာဏ ပြည့်မီရမည်ဖြစ်ပါသည်။

    ၄) ဤအစီအစဥ်အရ AIA Critical Illness Care အာမခံပေါ်လစီများအား လက်ခံခြင်းနှင့် ထုတ်ပေးခြင်းတို့ကို AIA Myanmar ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ AIA Myanmar သည် ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဤအစီအစဥ် အောက်တွင် မည်သည့်ပေါ်လစီကိုမဆို ထုတ်ပေးရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။

    ၅)  AIA Myanmar ၏ Underwriting စည်းမျဉ်းများအရ အာမခံထားသူ၏ ဆေးစစ်ချက်များ လိုအပ်နိုင်သည်။

    ၆)  အစီအစဉ်တွင် အကျုံးဝင်သည့်သူများ၏ ပွဲအစီအစဉ်တွင် ပါဝင်မှုကို လက်ခံခြင်းနှင့် အကျုံးဝင်သူ၏ ပွဲအစီအစဉ်လက်မှတ်အတွက် AIA Myanmar ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် လမ်းညွှန်ချက်များနှင့်အညီ ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

    ၇)  AIA Myanmar သည် အခါအားလျော်စွာ Member များအား ကြိုတင်အသိပေးအကြောင်းကြားစရာမလိုဘဲ ဤစည်းမျဥ်းစည်းကမ်းများကို ရပ်ဆိုင်းခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ ဤစည်းမျဥ်းစည်းကမ်းများနှင့် စပ်လျဉ်းသည့် သို့မဟုတ် ဤအစီအစဥ်နှင့်ပတ်သက်သည့် မည်သည့်စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကိုမဆို ယင်းတို့နှင့် စပ်လျဉ်း၍ AIA Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

    ၈) ဤစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများမှ လွှမ်းမိုးမှုရှိမည်ဖြစ်သည်။ ဤစည်းမျဉ်းသတ်မှတ်ချက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကျင့်သုံးမှုတို့သည် AIA Myanmar ၏ တစ်ဦးတည်းဆုံးဖြတ်ချက်အပေါ် မူတည်မည်ဖြစ်ပြီး ဤစည်းမျဉ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ဖြစ်စေ၊ ဤအစီအစဥ်နှင့် ပတ်သက်သည့် မည်သည့်စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ဖြစ်စေ AIA Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

    SCORE WITH SPURS (AIA Coaching Clinic 2026) အစီအစဉ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

    အောက်ဖော်ပြပါစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များသည် SCORE WITH SPURS (AIA Coaching Clinic 2026) PROGRAMME (“အစီအစဉ်”) နှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များဖြစ်ပါသည်။

    ကျွန်ုပ်တို့၏ သားသမီးများ (“ပါဝင်သူကလေးများ”) ကို ဤအစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် စာရင်းပေးသွင်းခြင်းဖြင့် (ပါဝင်သူကလေးများ၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများဖြစ်ကြသည့်) ကျွန်တော်/ကျွန်မတို့ နှင့် ပါဝင်သူကလေးများသည် -

    က) ဤတွင်ဖော်ပြပါရှိသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ကိုယ်တိုင် ဖတ်ရှု၊ နားလည်၊ သဘောတူပြီးဖြစ်ကြောင်းနှင့် ဤအစီအစဉ်နှင့် စပ်လျဉ်း၍ AIA Myanmar မှချမှတ်သည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လိုက်နာရန်သဘောတူပြီးဖြစ်ကြောင်း၊

    ခ) ကျွန်တော်/ကျွန်မတို့၏ ကိုယ်ရေးအချက်အလက်နှင့် ပါဝင်သူကလေးများ၏ ကိုယ်ရေးအချက်အလက်များကို AIA Myanmar မှ ၎င်းတို့၏သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒများနှင့်အညီ စုဆောင်းခြင်းနှင့် (စီမံဆောင်ရွက်ခြင်းနှင့် စိစစ်ခြင်းစသည်တို့အပါအဝင်) အသုံးပြုခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်ရန် သဘောတူခွင့်ပြုပါကြောင်းနှင့်၊

    ဂ) AIA Myanmar မှ ဤအစီအစဉ်နှင့် စပ်လျဉ်း၍ အခါအားလျော်စွာ သတ်မှတ်၊ အတည်ပြု၊ ချမှတ်သည့် သို့မဟုတ်  ပြင်ဆင်သတ်မှတ်လိုက်သည့် စည်းကမ်းချက်များ၊ စည်းမျဉ်းများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြင်ဆင်သတ်မှတ်ချက်များကို လိုက်နာရန် သဘောတူပြီးဖြစ်ကြောင်း မှတ်ယူသွားမည်ဖြစ်သည်။

    ဤစည်းမျဉ်းသတ်မှတ်ချက်များအတွက် “AIA” သို့မဟုတ် “AIA Myanmar” ဟူသောစကားရပ်သည် AIA MYANMAR LIFE INSURANCE COMPANY LIMITED နှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများနှင့် လုပ်ငန်းခွဲများအားလုံးကိုဆိုလိုသည်။

     

    စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ 

     

    အစီအစဉ်အသေးစိတ် 

    ၁) ယခုအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ရက်ခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ 

    (က) ပထမရက်ကို ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်တွင် အသက် ၈ နှစ်မှ ၁၁ နှစ်အရွယ်ကလေးများအတွက်သော်လည်းကောင်း၊ 

    (ခ) ဒုတိယရက်ကို ၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်တွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်ကလေးများအတွက်လည်းကောင်း ပြုလုပ်ကျင်းပ သွားမည်ဖြစ်ပါသည်။ 

     

    အကျုံးဝင်ပုံ

    ၁) အစီအစဉ်၏ သတ်မှတ်ထားသော စံနှုန်းများနှင့်ကိုက်ညီပြီး SCORE WITH SPURS (AIA Coaching Clinic 2026) အစီအစဉ်၏ ပွဲအစီအစဉ်လက်မှတ်ကိုလက်ဝယ်ရရှိထားသော အသက် ၈ နှစ်မှ ၁၅ နှစ်အတွင်း ကလေးများအနေဖြင့် ယခုအစီအစဉ်တွင် ဝင်ရောက်ပါဝင်ရန် အကျုံးဝင်ပါသည်။ ပွဲအစီအစဉ်လက်မှတ်ကို အခြားသူထံသို့လွှဲပြောင်းပေးအပ်နိုင်ပါသည်။ သို့သော် ထိုသို့လွှဲပြောင်းပေးအပ်ခြင်းကို အတည်ပြုရန်အတွက် AIA Myanmar က အချိန်မရွေးဆက်သွယ်နိုင်ပါသည်။ ပွဲအစီအစဥ်လက်မှတ် လက်ဝယ်ရရှိသူအနေဖြင့် ပွဲအစီအစဉ်သို့ မလာရောက်နိုင်ပါက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နောက်ဆုံးထားပြီး AIA Myanmar ကို အကြောင်းကြားပေးရမည်။

    ၂) သင့်အနေဖြင့် ဤအစီအစဉ်တွင်ပါဝင်ခွင့်ကိုသော်လည်းကောင်း၊ ဤအစီအစဉ်အောက်တွင်ရရှိသည့် အခြားအခွင့်အရေးတစ်စုံတစ်ရာ ကိုသော် လည်းကောင်း ငွေကြေး သို့မဟုတ် အခြားသော ကုစားမှုတစ်ရပ်ရပ်ဖြင့် လည်း လဲလှယ်ခြင်း၊ ပြောင်းလဲရယူခြင်းများပြုလုပ်၍ မရပါ။

    ၃) ပါဝင်သူကလေးများအတွက် စာရင်းပေးသွင်းခြင်းကို ၎င်းတို့၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများမှ ပြုလုပ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

     

    သတင်းအချက်အလက်များရယူခြင်းနှင့် အသုံးပြုခြင်း

    ၁) ပါဝင်သူကလေးများနှင့် ၎င်းတို့၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများမှ ပေးအပ်သည့် ကိုယ်ရေးအချက်အလက်များကို AIA Myanmar မှ ၎င်းတို့၏ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒများနှင့်အညီ ရယူစုဆောင်း၊ အသုံးပြုပိုင်ခွင့်ရှိသည်။ ပါဝင်သူကလေးများနှင့်၎င်းတို့၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများအနေဖြင့် ဤအစီအစဉ်နှင့်စပ်လျဉ်း၍ ၎င်းတို့မှ ပေးအပ်ခဲ့သောကိုယ်ရေးအချက်အလက်များကို မိမိတို့၏ကိုယ်ပိုင်လွတ်လပ်သောသဘောဆန္ဒဖြင့် ပေးအပ်ခဲ့သည်ဖြစ်ကြောင်းကို သဘောတူဝန်ခံအပ်ပါသည်။

    ၂) AIA Myanmar (နှင့် ၎င်း၏ဆက်စပ်အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့်တွဲဖက်အဖွဲ့အစည်းများ) မှသင်၏ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်းနှင့် ထုတ်ဖော်ပြသခြင်းဖြင့် AIA Myanmar ၏ အာမခံနှင့် ဝန်ဆောင်မှုအသစ်များအပါအဝင်အခြားသော စိတ်ဝင်စားဖွယ် အကြောင်းအရာများကို သင့်ထံသို့ဆက်သွယ်‌အကြောင်းကြားလာနိုင်ပါသည်။

    ၃) AIA Myanmar မှ ဤအစီအစဉ်ကာလအတွင်း၌ ပါဝင်သူကလေးများ၏ ဓါတ်ပုံနှင့် ဗီဒီယိုများကိုရိုက်ကူးပြီး ဤအစီအစဉ်နှင့် စပ်လျဉ်း၍ ဖြစ်စေ၊ အခြားအစီအစဉ်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ပြုလုပ်သည့် ၎င်းတို့၏ ကြော်ငြာနှင့် ဈေးကွက်ဆွဲဆောင်မှုလုပ်ငန်းများတွင် ပြန်လည်အသုံး ပြုပိုင် ခွင့်ရှိသည်။

     

    တာဝန်ရှိခြင်း

    ၁) ဤအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် သင့်အပေါ်တွင် ဤစည်းမျဉ်းသတ်မှတ်ချက်များ အကျိုးသက်ရောက်မှုရှိစေခြင်းမှလွဲ၍ သင်နှင့် AIA Myanmar တို့ကြားတွင်သော်လည်းကောင်း၊ ၎င်း၏အကျိုးတူပူးပေါင်းဆောင်ရွက်သူတို့နှင့် အခြားတွင်သော်လည်းကောင်း၊ အခြားမည်သည့် ဥပဒေကြောင်းအရ စည်းနှောင်အားရှိသည့် ဆက်ဆံမှုမျိုး ပေါ်ပေါက်လာမည်မဟုတ်ပါ။

    ၂) သင့်အနေဖြင့် ဤအစီအစဉ်တွင်ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများ၊ ကုန်ကျစရိတ်များ၊ ဆုံးရှုံးနစ်နာမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ နှင့် ပြင်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို ချိုးဖောက်မှုများအတွက် သင်ကိုယ်တိုင်သာ အပြည့်အဝတာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်သည်။

    ၃) ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကြောင့်သော်လည်းကောင်း၊ ဤအစီအစဉ်တွင် ပါဝင်ခြင်းကြောင့်သော်လည်းကောင်း၊ ဤအစီအစဉ်အား ရပ်စဲခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းကြောင့်သော်လည်းကောင်း၊ သင့်အနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြစ်ပေါ် ခံစားရနိုင်သည့် ဆုံးရှုံး နစ်နာမှုများ၊ ကုန်ကျစရိတ်များအတွက် AIA Myanmar နှင့် ၎င်း၏အကျိုးတူပူးပေါင်းဆောင်ရွက်သူများ၊ ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ငွေကြေးအတိုင်ပင်ခံများနှင့်/သို့မဟုတ် ကန်ထရိုက်တာများမှ (ယင်းဖြစ်ရပ်များဖြစ်ပေါ်လာမှုအပေါ်  AIA Myanmar မှ ထိန်းချုပ်နိုင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ဥပဒေအရ ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ တာဝန်မရှိစေရ။

     

    အထွေထွေ

    ၁) ပါဝင်သူကလေးများအနေဖြင့် ဤအစီအစဉ်တွင်ပါဝင်သည့် အားကစားလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် လုံလောက်သည့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုရှိ/မရှိကို ပါဝင်သူကလေးများနှင့်၎င်းတို့၏မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများကိုယ်တိုင် သေချာအောင် ပြုလုပ်ဆောင်ရွက်ရမည်။ ပါဝင်သူကလေးများ နှင့် ၎င်းတို့၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများအနေဖြင့် ဤအားကစားလှုပ်ရှားမှုများကြောင့် အရာဝတ္ထုပစ္စည်းများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထိခိုက် ပျက်စီးစေမှု၊ သို့မဟုတ် သေဆုံးမှု စသည့်ကြီးမားသော အန္တရာယ်များ အတိုင်းအတာ တစ်ခုအထိဖြစ်ပေါ်လာနိုင်သည်ကို ရှင်းရှင်းလင်းလင်းသိရှိပြီးဖြစ်ကြောင်း သဘောတူအပ်ပါသည်။ ထိုကဲ့သို့သော အားကစားလှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကိုလည်း(အဆိုပါဘေးအန္တရာယ်များ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးမှာ AIA Myanmar သို့မဟုတ် ၎င်းတို့၏အကျိုးတူပူးပေါင်းဆောင်ရွက်သူများအပါအဝင် အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ပြုလုပ်မှု၊ ပြုလုပ်ရန်ပျက်ကွက်မှု၊ ပေါ့ဆမှုများကြောင့်ဖြစ်ပေါ်လာစေကာမူ) ပါဝင်သူကလေးများသည် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်သောသဘောဆန္ဒဖြင့် လက်ခံလုပ်ဆောင်သည်ဖြစ်ကြောင်းကို သဘောတူလက်ခံအပ်ပါသည်။ 

    ၂) ပါဝင်သူကလေးများမှ ဤအစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် ၎င်းတို့၏သက်ဆိုင်ရာကျောင်းများသို့ ခွင့်တိုင်ရန် သို့မဟုတ် ပျက်ကွက်မှုအတွက် တင်ပြရန် စသည်ဖြင့် ခွင့်ပြုချက် သို့မဟုတ် ထောက်ခံချက်တစ်စုံတစ်ရာရယူရန် လိုအပ်ခဲ့လျှင် AIA Myanmar မှ ယင်းကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးရန်တာဝန်မရှိပါ။

    ၃) AIA Myanmar သည် အခါအားလျော်စွာ ကြိုတင်အသိပေးအကြောင်းကြားရန်မလိုဘဲ ဤအစီအစဉ်အား ရပ်ဆိုင်းခြင်း၊ ဤစည်းမျဥ်း စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်သက်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းများ  ပြုလုပ်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ဤစည်းမျဥ်းစည်းကမ်းသတ် မှတ်ချက်များနှင့် ပက်သတ်၍သော်လည်းကောင်း၊ ဤအစီအစဉ်နှင့်ပတ်သတ်သည့် စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်း များကိုသော်လည်း‌‌‌ကောင်း၊ ယင်းတို့အားလုံးနှင့်စပ်လျဉ်းပြီး AIA Myanmar ၏ဆုံးဖြတ်ချက် သည်သာအတည်ဖြစ်ပါသည်။

    ၄) ကြိုတင်မသိမြင်နိုင်သော အခြေအနေအရပ်ရပ်များကြောင့် နည်းပြများ နှင့်/သို့မဟုတ် အစီအစဉ်အချိန်ဇယားများ၊ ဆောင်ရွက်မှုများ၊ ဒီဇိုင်းများ အပြောင်းအလဲရှိခြင်း သို့မဟုတ် အစီအစဉ်ပယ်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့်ဆုံးရှုံးမှုများ (အခွင့်အလမ်းများအပါအဝင်)၊ ပျက်စီးဆုံးရှုံးမှုများ၊ လျော်ကြေးများအတွက် AIA Myanmar တွင် တာဝန်မရှိပါ။

    ၅) ဤစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များအတွက်ပါဝင်သည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ဥပဒေနှင့်ညီညွတ်မှုမရှိတော့လျှင်ဖြစ်စေ၊ ပျက်ပြယ် သွားခြင်း သို့မဟုတ် အကျုံးမဝင်ခြင်းတို့ဖြစ်ခဲ့လျှင်ဖြစ်စေ၊ ယင်းပြဋ္ဌာန်းချက်ကို လိုအပ်သည့်အတိုင်းအတာအထိ ဤစည်းမျဥ်းစည်းကမ်းသတ် မှတ်ချက်များထဲမှ ဖြတ်တောက်ပြီး ကျန်ပြဋ္ဌာန်းချက်များကို မွမ်းမံပြင်ဆင်ခြင်းမရှိဘဲ ဆက်လက်အကျိုးသက်ရောက်မှုရှိစေရမည်။

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2025 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ