I Say YES Campaign (“Campaign ကာလ”) တွင်ပါဝင်ခြင်းဖြင့် ပါဝင်သူများသည် ဤစည်းမျဉ်းသတ်မှတ်ချက်များကို ကိုယ်တိုင် ဖတ်ရှုပြီး နားလည်ပြီးဖြစ်ကြောင်းနှင့် လိုက်နာရန်သဘောတူပြီးဖြစ်ကြောင်း မှတ်ယူသွားမည်ဖြစ်သည်။
Campaign ကာလ
Campaign ကာလသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်ပါသည်။ (“Campaign ကာလ”)
ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင့်များ
- ဤတွင်ဖော်ပြပါရှိသည့်လင့်ခ် (https://www.aia.com.mm/mm/campaigns/I-Say-YES-Campaign.html) ကို နှိပ်ပြီး ၂၀၂၄ ခုနှစ်အတွက် သင်တိုးတက်ပြောင်းလဲ သွားမည့် လှုပ်ရှားမှုအစီအစဥ်တစ်ခုကို ဖော်ညွှန်းဓာတ်ပုံရိုက်ပြီး မိမိ Facebook ပေါ်တွင် ပို့စ်တင်ပြီးပါဝင်ပါ။
- ပို့စ်တင်ရာတွင် #ISayYes #AIAMyanmar #HealthierLongerBetterLives စသည့် Hashtag များအသုံးပြုပါ။
- သင်ပြုပြင်ပြောင်းလဲမည့်အရာတစ်ခု ဥပမာ - “မနက်တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ I Say Yes!” ကို ရေးကာ “Public Settings” ဖြင့် Share ရမည်။
- ထို့နောက် ၄င်းတင်ထားသောပိုစ့်၏ Screenshot ကို AIA Myanmar Facebook Page ရှိ မူရင်းကမ်ပိန်းပိုစ့်အောက်တွင် ကွန်မန့်လာရောက်ပေးရမည်။
ကံထူးသူရွေးချယ်ခြင်းနှင့် အကြောင်းကြားခြင်း
- Campaign ကာလပြီးဆုံးချိန်တွင် ပါဝင်သူများထဲမှ ကံထူးသူ (၃) ဦးကို AIA မှ ကျပန်းစနစ်ဖြင့်ရွေးချယ်ပြီး Apple Watch Series 9 ၁ လုံးစီ အသီးသီး ဆုလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။ ဆုလက်ဆောင်ကံထူးသူများကို Campaign ကာလပြီးဆုံးပြီး (၂) ပတ်အတွင်း Facebook မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားမည်ဖြစ်သည်။
- ကံထူးသူများကို AIA ၏ မူရင်းကမ်ပိန်းပိုစ့်အောက်တွင်လည်း ကြေငြာပေးသွားမည်ဖြစ်သည့်အပြင် ကံထူးသူမှတင်ထားသော Screenshot အောက်တွင်လည်း အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ အကြောင်းကြားသော်လည်း ကံထူးသူမှ တစ်ပတ်အတွင်း ဆုလက်ဆောင်ထုတ်ယူရန်အကြောင်းပြန်ခြင်းမရှိခဲ့ပါက ၄င်း Public Setting ဖြင့် Share ထားသောပိုစ့်အောက်တွင် AIA မှ ထပ်မံအကြောင်းကြားပေးမည်ဖြစ်ပါသည်။
- အကယ်၍ ဆုလက်ဆောင်ရရှိရန်အတွက် ကျပန်းစနစ်ဖြင့် ရွေးချယ်ခြင်းခံရသူကို ဆက်သွယ်၍မရခဲ့ပါက (သို့) ဆုလက်ဆောင်ရရှိမည့်သူသည် AIA ၏ အကြောင်းကြားမှုကို ရက်ပေါင်း (၃၀) အတွင်း တုံ့ပြန်ခြင်းမရှိခဲ့ပါက ကံထူးရှင်အဖြစ်မှ ပျက်ပြယ်သည်ဟု မှတ်ယူကာ ဆုလက်ဆောင်ရယူပိုင်ခွင့်ကိုဆုံးရှုံးသွားမည်ဖြစ်သည်။ ဆုလက်ဆောင်များကို လက်ခံရရှိမည့် သူသည် (နည်းပညာအခက်အခဲကြောင့်ဖြစ်စေ၊ Facebook အကောင့် ယာယီအပိတ်ခံထားရခြင်းကြောင့်ဖြစ်စေ၊ အနိုင်ရရှိသူနေထိုင်ရာ အရပ်ဒေသတွင် အင်တာနက်မရရှိခဲ့သောကြောင့်ဖြစ်စေ) AIA ထံမှ အကြောင်းကြားချက်ကို မရရှိခဲ့ပါက (သို့) AIA ၏ အကြောင်းကြားမှုကို သတ်မှတ်ထားသောအချိန်အတွင်း မတုံ့ပြန်နိုင်ခဲ့ပါက AIA တွင် တာဝန်မရှိပါ။
- ဤ Campaign တွင် ပေးအပ်သည့် ဆုများအား အနိုင်ရရှိသူ (သို့) ကံထူးသူမှ လက်ခံနိုင်ခွင့်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့၏လိုက်နာမှုအပေါ် မူတည်ပါသည်။ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ (သို့) ဤ Campaign ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းများကို အနိုင်ရရှိသူ (သို့) ကံထူးသူမှ ပြုလုပ်ခဲ့ပါက ယင်း အနိုင်ရရှိသူ (သို့) ကံထူးသူကို (AIA ၏ တစ်ဦးတည်း ဆုံးဖြတ်ချက်အရ) ဆုလက်ဆောင်ရရှိသူအဖြစ်မှ ပယ်ဖျက်ခွင့်ရှိပြီး အနိုင်ရရှိသူ (သို့) ကံထူးသူ၏ အခွင့်အရေးများအားလုံးကို ချက်ချင်းရပ်စဲသွားမည်ဖြစ်သည်။
- အနိုင်ရသူ (သို့) ကံထူးသူရွေးချယ်ခြင်းနှင့် ပတ်သက်၍ AIA ၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိစေရ။
- ဆုလက်ဆောင်များကို ငွေကြေးဖြင့်သော်လည်းကောင်း၊ အခြားသောအစားထိုးပေးလျော်မှု တစ်ရပ်ရပ်ဖြင့်သော်လည်းကောင်း လဲလှယ်ခွင့်ပြုမည်မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကံထူးသူထံသို့ ၄င်းရသင့်ရထိုက်သည့် ဆုလက်ဆောင်များကို ပေးအပ်နိုင်ခြင်းမရှိခဲ့ပါက AIA သည် ယင်းဆုလက်ဆောင်အစား အခြားသောတန်ဖိုးတူညီသည့် ဆုလက်ဆောင်ပစ္စည်းတစ်ခုခုကို အစားထိုးပေးအပ်ပိုင်ခွင့်ရှိသည်။
နောက်ဆက်တွဲ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ
- ပါဝင်သူများသည် မိမိ၏ Post ကို Facebook ပေါ်တွင် တင်ခြင်းဖြင့် AIA သည် ၎င်းတို့၏ ရေးသားမှုနှင့် ဓာတ်ပုံများကို စျေးကွက်ချဲ့ထွင်ခြင်း၊ သတင်းအချက်အလက်နှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် အခကြေးငွေပေးရန်မလိုအပ်ဘဲ အသုံးပြုခွင့်ပေးရန် သဘောတူပါသည်။ ဆုရရှိသူများ၏ Post ကို AIA အမှတ်တံဆိပ်ကပ်ပြီး အသုံးပြုခွင့်ပေးရန် သဘောတူပြီးဖြစ်သည်။
- အထက်ဖော်ပြပါ အပိုဒ် (၁) တွင် မည်သို့ပင် ဆိုစေကာမူ AIA အနေဖြင့် အဆိုပါ Post များ၏ တစ်စိတ်တစ်ပိုင်းတွင်ဖြစ်စေ၊ အားလုံးတွင်ဖြစ်စေ ပါဝင်သည့်အရာများနှင့် ၎င်း Post များကို အသုံးပြုခြင်း (သို့) ဖြန့်ဝေခြင်း စသည်တို့မှ ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှု၊ ထိခိုက်နစ်နာမှုနှင့် ဆုံးရှုံးမှုများအတွက် AIA တွင် တာဝန်မရှိစေရ။
- ဤစည်းကမ်းသတ်မှတ်ချက်များကြောင့်သော်လည်းကောင်း၊ ဤကမ်ပိန်းတွင် ပါဝင်ခြင်းကြောင့် သော်လည်းကောင်း၊ ဤကမ်ပိန်းအား ရပ်စဲခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းကြောင့်သော်လည်းကောင်း၊ သင့်အနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြစ်ပေါ် ခံစားရနိုင်သည့် ဆုံးရှုံးနစ်နာမှုများ၊ ကုန်ကျစရိတ်များ (သွယ်ဝိုက်၍ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ၊ အထူးကန့်သတ်ချက်များကြောင့်ဖြစ်စေ၊ ပြစ်ဒဏ်ပေးခံရခြင်း သို့မဟုတ် နောက်ဆက်တွဲတာဝန်ယူရခြင်းများ၊ စီးပွားရေးအရနစ်နာဆုံးရှုံးမှု၊ အကျိုးအမြတ်နှင့် အခွင့်အလမ်းများဆုံးရှုံးမှုများ စသည်တို့အပါအဝင်) အတွက် AIA (သို့မဟုတ်) ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အေးဂျင့်များ၊ အကြံပေးများ နှင့် ကန်ထရိုက်တာများမှ (ယင်းဖြစ်ရပ်များ ဖြစ်ပေါ်လာမှုအပေါ် AIA မှ ထိန်းချုပ်နိုင်သည်ဖြစ်စေ၊ မထိန်းချုပ်နိုင်သည်ဖြစ်စေ) ၎င်းတို့၏ တာဝန်ယူမှု တာဝန်ခံမှုကို ဥပဒေအရ ခွင့်ပြုထားသည့်အမြင့်ဆုံးအတိုင်းအတာအထိ ဖယ်ရှားထားသည်။
- AIA သည် အခါအားလျော်စွာ ကြိုတင်အသိပေးအကြောင်းကြားမလိုဘဲ ဤစည်းမျဥ်းစည်းကမ်းများကို ရပ်ဆိုင်းခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ ဤစည်းမျဥ်းစည်းကမ်းများနှင့်စပ်လျဉ်းသည့် သို့မဟုတ် ဤကမ်ပိန်းနှင့်ပတ်သက်သည့် မည်သည့်စည်းမျဉ်း စည်းကမ်းများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကိုမဆို ယင်းတို့နှင့် စပ်လျဉ်း၍ AIA ၏ဆုံးဖြတ်ချက် သာအတည်ဖြစ်ပါသည်။
- ဤစည်းမျဥ်းစည်းကမ်းများတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ဥပဒေနှင့်ညီညွတ်မှုမရှိတော့လျှင်ဖြစ်စေ၊ ပျက်ပြယ်သွားခြင်း သို့မဟုတ် အကျုံးမဝင်ခြင်းတို့ဖြစ်ခဲ့လျှင်ဖြစ်စေ၊ ယင်းပြဋ္ဌာန်းချက်ကို လိုအပ်သည့်အတိုင်းအတာအထိ ဤစည်းမျဥ်းစည်းကမ်းများမှ ဖြတ်တောက်ပြီး ကျန်ပြဋ္ဌာန်းချက်များကို မွမ်းမံပြင်ဆင်ခြင်းမရှိဘဲ ဆက်လက်အကျိုးသက်ရောက်မှုရှိစေရမည်။
- ဤစည်းမျဉ်းသတ်မှတ်ချက်များနှင့် ဤ Campaign အတွက် အသုံးပြုခဲ့သည့် အခြားသောဖော်ပြချက်တို့ အကြားတွင် ကွဲလွဲမှုများရှိခဲ့လျှင် ဤစည်းမျဉ်းသတ်မှတ်ချက်များမှ လွှမ်းမိုးမှုရှိစေရမည်။
- ဤစည်းမျဥ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများမှ လွှမ်းမိုးမှုရှိမည်ဖြစ်သည်။ ဤစည်းမျဉ်းသတ်မှတ်ချက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကျင့်သုံးမှုတို့သည် AIA ၏ တစ်ဦးတည်း ဆုံးဖြတ်ချက်အပေါ် မူတည်မည်ဖြစ်ပြီး ဤစည်းမျဉ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ဖြစ်စေ၊ ဤ Campaign နှင့် ပတ်သက်သည့် မည်သည့်စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ဖြစ်စေ AIA ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။