တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}
“AIA ရဲ့ ပိတောက် လက်ဆောင်” Campaign သည် Customer များအား မိမိတို့ ချစ်ခင်ရသူများအတွက် အသက် နှင့် ကျန်းမာရေးအာမခံ အကာအကွယ်ပေးရာတွင် ထောက်ပံ့ပေးနိုင်ရန်အလို့ငှာ မိတ်ဆက်သည့် သင်္ကြန်ကာလ အထူး Campaign အစီအစဥ်တစ်ခု ဖြစ်ပါသည်။
ဤ Campaign ၏ တစ်စိတ်တစ်ပိုင်းအဖြစ် AIA Myanmar ၏ တစ်သက်တာရွေးချယ်အသက်အာမခံပေါ်လစီ (သို့မဟုတ်) ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) ဝယ်ယူသော Customer များအား မမျှော်လင့်ထားသော အခြေအနေများကြောင့် ငွေရေးကြေးရေးဆုံးရှုံးများမှ အကာအကွယ်ပေးနိုင်ရန် AIA Myanmar မှ ၎င်း၏ သင်္ကြန်ကာလ လူမှုရေးလှုပ်ရှားမှု ရန်ပုံငွေကို အသုံးပြု၍ ပရီမီယံအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ပါသည်။
ပရီမီယံထောက်ပံ့မှုအဖြစ် AIA Myanmar ၏ တစ်သက်တာရွေးချယ်အသက်အာမခံ (သို့မဟုတ်) ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) ဝယ်ယူသော Customer များအတွက် AIA Myanmar မှ
၂၀၂၄ ခုနှစ် မတ်လ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်အတွင်း AIA Myanmar မှ အာမခံအကာအကွယ် စတင်အသက်ဝင်ကြောင်း အတည်ပြုပြီးသည့် တစ်သက်တာရွေးချယ် အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) ပေါ်လစီများအားလုံး ဤ Campaign အောက်တွင် အကျုံးဝင်မည်ဖြစ်သည်။
Campaign စည်းမျဥ်းသတ်မှတ်ချက်များ
1. ဤ Campaign သည် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် မှ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက် (“Campaign ကာလ”) အတွင်း၌ အတည်ပြု ထုတ်ပေးလိုက်သည့် တစ်သက်တာရွေးချယ် အသက်အာမခံ နှင့် ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) ပေါ်လစီ အသစ်များအားလုံးအတွက် အကျုံးဝင်မည်ဖြစ်ပါသည်။
2. ပရီမီယံထောက်ပံ့မှုအနေဖြင့် တစ်သက်တာရွေးချယ်အသက်အာမခံ (သို့မဟုတ်) ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အား ဝယ်ယူသော Customer များအတွက် AIA Myanmar မှ ၎င်းတို့ဝယ်ယူသည့် တစ်သက်တာရွေးချယ်အသက်အာမခံ (သို့မဟုတ်) ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) ၏ ပထမတစ်နှစ်အတွက်ပေးသွင်းရမည့် ပရီမီယံ၏ ၁၀% နှင့်ညီမျှသော ပရီမီယံပမာဏ (“ပရီမီယံထောက်ပံ့မှု”) ကို AIA Myanmar ၏ သင်္ကြန်ကာလ လူမှုရေးလှုပ်ရှားမှု ရန်ပုံငွေကိုအသုံးပြု၍ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
3. ဤ Campaign တွင် အကျုံးဝင်စေရန် တစ်သက်တာရွေးချယ်အသက်အာမခံ ၏ ပရီမီယံပေးချေမှု ပုံစံသည် နှစ်စဥ်(တစ်နှစ်တစ်ကြိမ်)ပရီမီယံပေးသွင်းမှုမျိုးသာ ဖြစ်ရမည်။
4. ဤ Campaign အောက်တွင် ရရှိနိုင်သည့် ပရီမီယံထောက်ပံ့မှုကို တွက်ချက်ရာတွင် အောက်ပါတို့အတိုင်း တွက်ချက်သွားမည်ဖြစ်သည်၊
a) Campaign ကာလအတွင်း ထုတ်ပေးသော တစ်သက်တာရွေးချယ် အသက်အာမခံအတွက် ပရီမီယံထောက်ပံ့မှုကို တွက်ချက်ရာတွင်၊ သက်ဆိုင်ရာ ပေါ်လစီအတွက် Customer ပေးချေရမည့် ပုံမှန်အကာအကွယ် ပရီမီယံအပေါ်တွင်သာ အခြေခံ၍ တွက်ချက်သွားမည်ဖြစ်သည်။
b) Campaign ကာလအတွင်း ထုတ်ပေးသော ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အတွက် ပရီမီယံထောက်ပံ့မှုကို တွက်ချက်ရာတွင်၊ သက်ဆိုင်ရာ ပေါ်လစီအတွက် Customer ပေးချေရမည့် နှစ်စဥ်(တစ်နှစ်တစ်ကြိမ်) ပရီမီယံအပေါ်တွင်သာ အခြေခံ၍ တွက်ချက်သွားမည်ဖြစ်သည်။
5. ပရီမီယံထောက်ပံ့မှုသည် ဤ Campaign ကာလအတွင်း အာမခံအကာအကွယ် စတင်အသက်ဝင်သော တစ်သက်တာရွေးချယ် အသက်အာမခံ (သို့မဟုတ်) ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) ၏ ပထမတစ်နှစ်အတွက် ကျသင့်သည့် ပရီမီယံကြေး အတွက်သာ အကျုံးဝင်ပါသည်။ နောက်ဆက်တွဲ ပရီမီယံပေးသွင်းမှုများ (ဒုတိယနှစ်မှ စ၍ သက်တမ်းတိုးခြင်းများအပါအဝင်) အတွက် ပရီမီယံထောက်ပံ့မှုသည် အကျုံးမဝင်ပါ။
6. ဤ Campaign အောက်ရှိ အာမခံပေါ်လစီများအား လက်ခံခြင်းနှင့် ထုတ်ပေးခြင်းကို AIA Myanmar ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ AIA Myanmar သည် ၎င်း၏ တစ်ဦးတည်းဆုံးဖြစ်ချက်ဖြင့် ဤ Campaign အောက်တွင် မည်သည့်ပေါ်လစီကိုမဆို ထုတ်ပေးရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။
7. ဤ Campaign အောက်တွင် ထုတ်ပေးခဲ့သည့် တစ်သက်တာရွေးချယ်အသက်အာမခံ (သို့မဟုတ်) ကျန်းမာရေးအလုံးစုံအာမခံ (တစ်ဦးချင်း) အား ရပ်ဆိုင်းခဲ့သည်ရှိသော် Customer အား ပြန်အမ်းမည့် ပရီမီယံပမာဏတွင် ပရီမီယံထောက်ပံ့မှု ငွေပမာဏမပါဝင်ပါ။
8. AIA Myanmar သည် Customer အား ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဤ Campaign ကို ဆက်လက်ဆောင်ရွက်မှုမပြုခြင်း သို့မဟုတ် ဤ Campaign ၏ စည်းမျဥ်းသတ်မှတ်ချက်များကို ပြင်ဆင်ခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ဤ Campaign ၏ စည်းမျဥ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ AIA Myanmar ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
9. ဤ ပိတောက် လက်ဆောင် Campaign အောက်ရှိ အကျိုးခံစားခွင့်များကို Customer များအနေဖြင့် အခြားမည်သည့်AIA Myanmar Customer Campaign နှင့်မှ ပူးတွဲ၍ တောင်းဆိုရယူပိုင်ခွင့်မရှိပါ။
Available 24/7