တစ်သက်တာရွေးချယ်အသက်အာမခံ
သင့်ဘဝခြေလှမ်းတိုင်းအတွက် သင်နှင့်အတူ
{{title}}
{{label}}
ကမ်ပိန်းကာလ - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက် မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ
ဘဝတွင် ကြိုမမြင်နိုင်သော ကံကြမ္မာအလှည့်အပြောင်းများ ရှိလာနိုင်သည့်အတွက် လူတိုင်းမှာ အာမခံအကာအကွယ် ရှိထားသင့်ပါသည်။
AIA Beyond Critical Illness ပေါ်လစီသည် ပိုမိုသာလွန်ကောင်းမွန်သော အကျိုးခံစားခွင့်များပါဝင်သည့် မြန်မာနိုင်ငံဈေးကွက်၏ ပထမဆုံး ပြင်းထန်ရောဂါအာမခံအကာအကွယ်ဖြစ်ပြီး အစားထိုးမရသောဘဝများအတွက် စိတ်အေးချမ်းသာစေနိုင်မည့် ငွေကြေးအကာအကွယ်တစ်ခုလည်း ဖြစ်ပါသည်။ AIA Beyond Critical Illness ကိုရယူပြီး မိမိကိုယ်တိုင်အတွက်သာမက မိမိချစ်ခင်ရသူများအတွက်ပါ အကာအကွယ်ကို ရရှိနိုင်မည့်အပြင် AIA Myanmar က ပေးအပ်သော ဆုလက်ဆောင်ကိုပါ ကံထူးနိုင်မည်ဖြစ်ပါသည်။
”Get Protected, Get Lucky, Get Rewarded” ကမ်ပိန်းမှာ ပါဝင်ရင်း စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်နှင့်အတူ ပိုမိုကောင်းမွန်သော ငွေကြေးအကာအကွယ်ကို အရယူလိုက်ပါ။
ကမ်ပိန်းတွင်ပါဝင်ရန် အကျုံးဝင်ခြင်း
ကမ်ပိန်းကာလအတွင်း ပထမဆုံးအကြိမ်ပေးသွင်းသော ပရီမီယံကြေး (Modal FYP) မြန်မာငွေကျပ် သိန်း ၂၀ နှင့်အထက်ရှိ AIA Beyond Critical Illness အာမခံပေါ်လစီ (“အကျုံးဝင်သောပေါ်လစီများ”) ဝယ်ယူသူတိုင်း (“အကျုံးဝင်သူများ”) သည် ဤကမ်ပိန်းတွင် ပါဝင်ရန်အကျုံးဝင်မည် ဖြစ်ပါသည်။
ဆုလက်ဆောင်
အကျုံးဝင်သောပေါ်လစီများအနက် ကံထူးသူပေါ်လစီရှင်တစ်ဦးကို ရွေးချယ်ပြီး ကမ်ပိန်းဆုလက်ဆောင်အဖြစ် iPhone 17 (256 GB) တစ်လုံး ပေးအပ်သွားပါမည်။
ကံထူးသူရွေးချယ်ခြင်းနှင့် အကြောင်းကြားခြင်း
1. အကျုံးဝင်သော ပေါ်လစီများအနက် ကံထူးသူပေါ်လစီရှင်တစ်ဦး ရွေးချယ်ခြင်းကို AIA Myanmar ၏ အကျုံးဝင်သော AIA Beyond Critical Illness အာမခံပေါ်လစီများအားလုံး၏ Free-look Period (အာမခံပေါ်လစီဝယ်ယူပြီးချင်း ဖျက်သိမ်းခွင့်ရှိသော ကာလ) ပြီးဆုံးသည့်အချိန် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်တွင် ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး အဆိုပါကံထူးသူပေါ်လစီရှင်တစ်ဦးအား iPhone 17 (256 GB) တစ်လုံးကို ဆုလက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမတိုင်မီ အာမခံအကာအကွယ်ပယ်ဖျက်ထားသော ပါဝင်သူများသည် ကံစမ်းမဲအစီအစဥ်တွင် ပါဝင်ခွင့်ရှိမည် မဟုတ်ပါ။
2. ဆုလက်ဆောင်ကံထူးသူ ပေါ်လစီရှင်နှင့် ပက်သက်သောအချက်အလက်များကို AIA Myanmar ၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်ဒ်တွင် မျှဝေသွားမည်ဖြစ်ပါသည်။ ကံထူးသူပေါ်လစီရှင်ကို ကံစမ်းမဲရလဒ် အကြောင်းအရာ၊ ဆုလက်ဆောင်ထုတ်ယူခြင်းတို့နှင့် ပတ်သက်ပြီး ကံထူးသူရွေးချယ်ပြီး ၁၄ ရက်အတွင်း အီးမေးလ် သို့မဟုတ် စာတို SMS နှင့် ငွေကြေးအတိုင်ပင်ခံမှတစ်ဆင့် (“AIA Myanmar ၏ ဆုလက်ဆောင်ကံထူးသူအား အကြောင်းကြားခြင်း”) ဆက်သွယ်အကြောင်းကြားမည် ဖြစ်သည်။
Available 24/7