Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • ကျန်းမာရေးအာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • ကျန်းမာရေးအာမခံ

      သင်၏ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို ကိုယ်စားကျခံပေးမည့် အာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

ကျန်းမာရေး
ရှေ့သို့
Back to Top
  • {{title}}

    {{label}}
  • စိတ်ဖိစီးမှုများတဲ့ Office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဘယ်လိုဖန်တီးယူကြမလဲ

    19/11/2020


    စိတ်ဖိစီးမှုများတဲ့ Office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဘယ်လိုဖန်တီးယူကြမလဲ

    သင့်ဘဝသက်တမ်းရဲ့ ဘယ်လောက်ကို အလုပ်ထဲမှာ နှစ်မြုပ်ထားလဲဆိုတာ တွေးဖူးပါသလား။

    အလုပ်ချိန်က မနက်၉နာရီကနေ ညနေ၅နာရီ အထိဆိုပါစို့။ တစ်နေ့ကို ၈နာရီ အလုပ်လုပ်ရပါတယ်။ ဒါဟာ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံပါ။ ဒီအတိုင်းတွက်မယ်ဆိုရင် အသက် ၆၀ ရှိတဲ့လူတစ်ယောက်ရဲ့ နှစ်၂၀ အချိန်က လုပ်ငန်းခွင်ထဲမှာ ရှိနေတာပါ။

    တစ်နေ့မှာ ၈နာရီက အလုပ်လုပ်တယ်။ ၈နာရီအိပ်တယ်။ ကျန်တဲ့၈နာရီက ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ လုပ်တယ်ပေါ့။ ခုခေတ်လိုမျိုးဆိုရင် ရုံးသွားလို့ ကားကြပ်ရင် ၁နာရီကျော်၊ ရုံးပြန်ကားကြပ်ရင် ၁နာရီကျော် ကုန်သွားပြီဖြစ်တဲ့အတွက် ကိုယ့်အတွက် ဘာမှမကျန်တော့ပါဘူး။ စျေးစကားနဲ့ပြောရင် အရှုံးပေါ်တော့မှာပါ။ ဒီကြားထဲမှာ အဆစ်ပါလာတာကတော့ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ ပြဿနာနဲ့ အဆင်မပြေတာတွေပါ။

    အလုပ်လုပ်ရမယ်ဆိုတာမှန်ပေမယ့် အလုပ်လုပ်ဖို့ တစ်ခုတည်းအတွက်တော့ လူဖြစ်လာတာမဟုတ်ဘူးလေ။ ဒီခေတ်စကားနဲ့ဆိုရင် quality of life ရှိရမယ်။ Work-Life balance ရှိရမယ်ပေါ့။ ကိုယ့်အတွက်အချိန်တွေနဲ့ ကိုယ့်မိသားစုအတွက် အချိန်တွေပေးရမှာပေါ့။ စိတ်ဖိစီးမှုများတဲ့ office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဖန်တီးယူကြရမှာပေါ့။

    ကဲ စလိုက်ရအောင် . . .

    •   အိပ်ရာက စောထပြီး လေ့ကျင့်ခန်းလုပ်မယ်။

    စောထရမယ်ဆိုလို့ စိတ်မညစ်သွားနဲ့နော်။ စောထခိုင်းတယ်ဆိုတာက အစောကြီးမဟုတ်ပါဘူး။ ထနေကျ အချိန်ထက် ၁ဝမိနစ်လောက်ဆိုရပါပြီ။ လုပ်ရမှာလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ အညောင်းပြေ အညာပြေ အကြောလျှော့ရုံလောက်ပါပဲ။ ချွေးလေးနည်းနည်းစို့ပြီး endorphin (စိတ်ဖိစီးမှုများကို သက်သာစေတဲ့ ဟော်မုန်း) လေးထွက်ရင် နေလို့ ထိုင်လို့ ကောင်းသွားပါပြီ။ နည်းနည်းလေး ချွေးထွက်သွားတာက တနေကုန် စိတ်ကြည်လင်နေစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

    •  Breakfastစားကြမယ်။

    မနက်မိုးလင်းလို့ ရုန်းကန်ရတဲ့ထဲမှာ မနက်စာကိစ္စလည်း ပါပါတယ်။ ရုံးချိန်မမီမှာရော ကားကြပ်မှာရောကို တွေးပြီး လွတ်သွားတဲ့ မနက်စာဆိုတာ မနည်းပါဘူး။ တကယ်တော့ မနက်စာက တနေကုန်လှုပ်ရှားနေဖို့အတွက် လိုအပ်တဲ့ energyပါ။ ရုံးနောက်ကျတတ်လို့ မနက်စာလွတ်ပေါင်းများပြီဆိုတဲ့ သူတွေအတွက် နည်းလမ်းလေးရှိပါတယ်။ ဒါကတော့ ဒီနေ့ညနေရုံးဆင်းကတည်းက နက်ဖြန်အတွက် မနက်စာကို ကြိုဝယ်သွားပါ။ အထားခံတဲ့ဟာတစ်ခုခုပေါ့ (ဥပမာ ပေါင်မုန့်၊ ပဲနို့၊ သစ်သီး)။

    • ဘတ်စ်ကားစီးမယ်။ ဒါမှမဟုတ် ကားကို ရုံးနဲ့ ခပ်ဝေးဝေးမှာရပ်မယ်။

    ကားမောင်းရတာက စိတ်ရှုပ်ဖို့ကောင်းတယ်။ စည်းမရှိကမ်းမရှိလူတွေကိုတွေ့တဲ့အခါ စိတ်ဖိစီးမှုလည်းပိုများစေတယ်။ ဒီတော့ အကောင်းဆုံးက အများပြည်သူသုံးတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကိုအသုံးပြုတာက စိတ်ဖိစီးမှုကင်းဝေးတယ်။ ဘတ်စ်ကားစီးတာက လမ်းလျှောက်ဖြစ်ဖို့အတွက်လည်း အခွင့်အရေးပိုများတယ်မလား။ ဒါမှမဟုတ် ကားပဲမောင်းမယ်ဆိုရင်လည်း ကားကို ရုံးနဲ့ ခပ်လှမ်းလှမ်းနေရာကျယ်ကျယ်မှာထိုးပြီး ရုံးကိုလမ်းလျှောက်တာက လေ့ကျင့်ခန်းလည်းလုပ်ပြီးဖြစ်သလို ကားပါကင်အတွက် စိတ်ညစ်စိတ်ရှုပ်စရာလည်းမလိုဘူး။ ရုံးကိုသွားရတဲ့သူတွေအတွက် အကောင်းဆုံးအကြံပေးချင်တာက စောစောရုံးသွားပြီး နောက်ကျမှပြန်တာမျိုးဆို ကားကြပ် လမ်းကြပ်တဲ့ဒုက္ခတွေ ကင်းဝေးနိုင်ပါလိမ့်မယ်။ ဒါဆို စိတ်ဖိစီးမှုတွေလည်း သက်သာတာပါ့။

    •  ရုံးရောက်သွားရင် လက်ဆေးမယ်။ တရားခဏထိုင်မယ်။

    ခုလို ပိုးပေါင်းစုံနေတဲ့ ခေတ်ကြီးမှာ ရောဂါတော်တော်များများကို ကာကွယ်ဖို့ ရုံးရောက်တာနဲ့ လက်ဆေးတဲ့အကျင့်ကို လုပ်ထားပါ။

    ပြီးရင် ၁မိနစ်လောက် ဝင်လေထွက်လေကို မှတ်လိုက်ပါ။ ခုနောက်ပိုင်း အနောက်နိုင်ငံက ကုမ္ပဏီကြီးတွေက ရုံးက အလုပ်သမားတွေကို အလုပ်မစခင် တရားထိုင်ခိုင်းနေပါပြီ။ ဒါက စိတ်ဖိစီးမှုကို လျော့စေတဲ့အပြင် ဖန်တီးနိုင်စွမ်းကိုလည်း တိုးစေပါတယ်တယ်တဲ့။

    • ရုံးမှာ လေ့ကျင့်ခန်းလုပ်ရအောင်။

    မိုးလင်းတည်းက ထိုင်လိုက်တာ ခုဆို နေ့လယ်တောင် ကျော်ပြီလေ။ ညောင်းရောပေါ့။ ကွန်ပျူတာကြည့်တဲ့သူဆို ပိုဆိုးပါတယ်။ မျက်လုံးလည်းညောင်း၊ ဇက်လည်းညောင်း၊ တစ်ကိုယ်လုံးညောင်းပဲ။ ဒါကြောင့် လေ့ကျင့်ခန်းလေးစလိုက်ရအောင်။ ခုကြည့်နေတဲ့ websiteကနေ ခဏနားပြီး Youtubeကနေ office exerciseလို့ ရိုက်ထည့်ပြီး ရှာလိုက်ပါ။ အဲ့ထဲကမှ ကိုယ်ကြိုက်တာ တစ်ခုကို ၁ဝမိနစ်လောက် ရွေးလုပ်လိုက်ပါ။ တစ်ယောက်တည်းလုပ်ရမှာ ကြောင်တယ်ထင်ရင် ဘေးကတစ်ယောက်ကိုပါ အဖော်စပ်လိုက်ပါ။

    • မျက်လုံးကို ဂရုစိုက်နော်

    ကွန်ပြူတာကို ဆက်တိုက်မကြည့်ပါနဲ့။ မိနစ်၂ဝလောက်ကြည့်ပြီးတိုင်း အဝေးက စိမ်းစိမ်းစိုစိုတွေကို အကြည့်လွှဲပေးပါ။ မျက်လုံးလေ့ကျင့်ခန်းတွေလုပ်ပေးပါ။

    • ခန္ဓာကိုယ်ရဲ့ အချက်ပြနေတာတွေကိုလည်း မမေ့ပါနဲ့။

    တစ်နေ့လုံးနေမှ ရေတစ်ခွက်တောင် မသောက်မိဘူးဆိုတာဖြစ်ဖူးလား။ အဲကွန်းခန်းထဲလုပ်တဲ့သူတွေက ချွေးသိပ်မထွက်လို့ ရေသောက်ဖို့ မေ့တတ်ကြပါတယ်။ ဒါကြောင့် သတိထားပြီး မကြာမကြာသောက်ပေးပါ။ ရှူးလည်း အောင့်မထားပါနဲ့။ ဆီးချုပ်ဝမ်းချုပ်ခံပြီးအလုပ်မလုပ်ပါနဲ့။ ရေသောက်လိုက် ရှူးပေါက်လိုက်ကလည်း အိမ်သာခဏခဏသွားရလို့ လေ့ကျင့်ခန်း လုပ်ပြီးသားလည်း ဖြစ်ပါတယ်။

    •  ရုံးဆင်းရင် အလုပ်တွေထားခဲ့ပါ။

    အလုပ်တွေကို တတ်နိုင်ရင် အိမ်မယူသွားပါနဲ့။ ရုံးက စိတ်ညစ်စရာတွေကိုလည်း အိမ်ခေါ်မသွားပါနဲ့။ အိမ်မှာတော့ သက်တောင့်သက်သာအနားယူဖို့၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေလုပ်ဖို့၊ မိသားစုကို အချိန်ပေးဖို့ပဲ စဉ်းစားပါ။ အိမ်ရောက်ရင် အလုပ်ကအကြောင်းတွေကို မေ့ပြီး အိပ်ရေးဝဝအိပ်ပါ။အလုပ်မပြီးသေးရင် အိမ်ယူသွားမယ့်အစား နောက်ရက်မှာ စောစောလာပြီး လက်စသတ်ဖို့စဉ်းစားပါ။ အိမ်ပြန်ရင်း လမ်းမှာ နက်ဖြန်စားဖို့ ဝယ်သွားဦးနော်။

    ကဲ ကိုယ့်တစ်နေ့တာကို ပြန်ကြည့်ရအောင်။ မနက်ကလည်း လေ့ကျင့်ခန်း ၁ဝမိနစ်လောက် လုပ်တယ်။ မနက်စာရော နေ့လယ်ရောစားတယ်။ လမ်းလည်းလျှောက်တယ်။ ရုံးမှာလည်း လေ့ကျင့်ခန်းလုပ်တယ်။ မျက်စိကို ဂရုစိုက်တယ်။ တရားတောင်ထိုင်လိုက်သေး။ တစ်နေ့လုံးစာဆို မိနစ်၂ဝလောက် လေ့ကျင့်ခန်း လုပ်ဖြစ်တယ်ဆိုတော့ ဒီနေ့ အလုပ်သွားရတာ တန်သွားပါပြီ။

    ဒီခေတ်က Work smart ပါ။ Work hard မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အလုပ်တွေ လုပ်လုပ် Quality of life ကို အထိခိုက်ခံလို့မဖြစ်ပါဘူး။ ဒီလိုမျိုးသာ နေ့တိုင်းလေးလုပ်ရရင် Monday blues (တနင်္လာနေ့တိုင်း စိတ်ညစ်နေတာမျိုး) ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ လေးလံထိုင်းမှိုင်းတဲ့ Sedentary lifestyle ဆိုတာလည်း တာ့တာပါပဲ။ 

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ