AIA Myanmar ၏ “Light Of Your Life!” Campaign သည် မိမိတို့ချစ်ရသူများအတွက် အသက်အာမခံ အကာအကွယ်ရရှိနိုင်စေရန် ဆောင်ရွက်ရာတွင် အထောက်အပံ့တစ်ခုအဖြစ် ၀န်ဆောင်မှုပေးနိုင်ရန်အလို့ငှာ မိတ်ဆက်သည့် သီတင်းကျွတ်ကာလ Campaign အစီအစဥ် တစ်ခု ဖြစ်ပါသည်။
ဤ Campaign တစ်စိတ်တစ်ပိုင်းအဖြစ် AIA ၏ တစ်သက်တာရွေးချယ်အသက်အာမခံအမျိုးအစားဝယ်ယူသည့် Customer များမှ ၎င်းတို့ ချစ်ခင်ရသူများအတွက် AIA ၏ One Health Solution – Individual (“OHS”) အာမခံအောက်ရှိ ကျန်းမာရေးအာမခံအကာအကွယ်များကို ရယူပေးနိုင်ရန်အတွက် AIA မှ ၎င်း၏ သီတင်းကျွတ်ကာလ လူမှုရေးလှုပ်ရှားမှုရန်ပုံငွေကိုအသုံးပြု၍ Customer များကို အထောက်အပံ့များပေးအပ် သွားမည်ဖြစ်ပါသည်။
ဤ Campaign တွင် တစ်သက်တာရွေးချယ်အသက်အာမခံအမျိုးအစားကို ဝယ်ယူသော Customer များမှ ပေးချေရသော ပုံမှန်ကာကွယ်မှုပရီမီယံ ၏ ၁၅% အား One Health Solution - Individual (OHS) အာမခံအတွက် ပရီမီယံအထောက်အပံ့အဖြစ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ထုတ်ပေးသော တစ်သက်တာရွေးချယ်အသက်အာမခံများအားလုံး ဤ Campaign အောက်တွင် အကျုံး၀င်မည်ဖြစ်သည်။
Campaign စည်းမျဉ်းသတ်မှတ်ချက်များ
- ဤ Campaign သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် (“Campaign ကာလ”) အတွင်း ထုတ်ပေးသော တစ်သက်တာရွေးချယ်အသက်အာမခံပေါ်လစီအသစ်များအားလုံး အကျုံး၀င်မည်ဖြစ်ပြီး OHS အာမခံပေါ်လစီများမှာလည်း ပရီမီယံထောက်ပံ့မှုအတွက်အကျုံးဝင်စေရန် Campaign ကာလအတွင်းထုတ်ပေးသော ပေါ်လစီများ ဖြစ်ရမည်။
- OHS အာမခံအတွက် ပရီမီယံထောက်ပံ့မှုအနေဖြင့် တစ်သက်တာရွေးချယ်အသက်အာမခံရှိ ပုံမှန်ကာကွယ်မှုပရီမီယံ၏ ၁၅% ("ပရီမီယံထောက်ပံ့မှု") ကို AIA Myanmar ၏ သီတင်းကျွတ်ကာလလူမှုရေးလှုပ်ရှားမှု ရန်ပုံငွေမှ တစ်ဆင့် ထောက်ပံ့ခြင်းဖြစ်ပါသည်။
- ဤ Campaign အောက်တွင် ပေးအပ်သွားမည့် ပရီမီယံထောက်ပံ့မှုအတွက် အာမခံထားရှိသူ (Life assured) တစ်ဦးလျှင် တစ်သက်တာရွေးချယ်အသက်အာမခံပေါ်လစီတစ်ခုသာ အကျုံးဝင်သည်။
- ဤ Campaign တွင် အကျုံးဝင်နိုင်ရန်တွင် တစ်သက်တာရွေးချယ်အသက်အာမခံ၏ ပရီမီယံပေးချေမှုပုံစံမှာ နှစ်စဉ်ပရီမီယံပေးသွင်းမှုမျိုးဖြစ်ရမည်။
- ပရီမီယံထောက်ပံ့မှုကို Campaign ကာလအတွင်းဝယ်ယူထားသည့် တစ်သက်တာရွေးချယ်အသက်အာမခံအတွက် Customer မှ ပေးချေထားသော ပုံမှန်ကာကွယ်မှု ပရီမီယံအပေါ်တွင် အခြေခံ၍ တွက်ချက်သွားမည်ဖြစ်ပါသည်။
- အကယ်၍ ပရီမီယံထောက်ပံ့သူမှာ OHS အာမခံအပေါ်တွင် ပေးသွင်းရမည့် ပရီမီယံကြေးအားလုံးအတွက် လုံလောက်မှုမရှိပါက ကျန်ရှိသည့် ပရီမီယံပမာဏကို Customer မှ ပေးသွင်းရမည်ဖြစ်သည်။
- Customer များအနေဖြင့် ပရီမီယံထောက်ပံ့မှုကို အသုံးပြုကာ OHS အာမခံ တစ်ခုထက်မက ဝယ်ယူနိုင်သည်။
- ကျန်ရှိသည့် သို့မဟုတ် အသုံးပြုခြင်းမရှိသည့် ပရီမီယံထောက်ပံ့မှုပမာဏတို့ကို အဆုံးခံရမည်ဖြစ်ပြီး ယင်းပရီမီယံထောက်ပံ့မှုတို့ကို အခြားသူတစ်ဦးတစ်ယောက်ထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ငွေသားအဖြစ်လဲလှယ်ခြင်း စသည်တို့ ပြုလုပ်၍ မရနိုင်ပါ။
- ပရီမီယံထောက်ပံ့မှုမှာ ဤ Campaign အောက်တွင်ထုတ်ပေးခဲ့သည့် OHS အာမခံပေါ်လစီများ၏ ပထမနှစ်အတွက်ပေးသွင်းရမည့် ပရီမီယံအတွက်သာ အကျုံးဝင်မည်ဖြစ်သည်။
- OHS အာမခံပေါ်လစီများနှင့် တစ်သက်တာရွေးချယ် အသက်အာမခံပေါ်လစီများအား လက်ခံခြင်းနှင့် ထုတ်ပေးခြင်းကို AIA Myanmar ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ AIA Myanmar သည် ၎င်း၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဤ Campaign အောက်တွင် မည်သည့်ပေါ်လစီကိုမဆို ထုတ်ပေးရန် ငြင်းဆိုပိုင်ခွင့် ရှိသည်။
- ဤ Campaign အောက်တွင်ထုတ်ပေးခဲ့သည့် OHS အာမခံပေါ်လစီကို ရပ်ဆိုင်းခဲ့သည်ရှိသော Customer အား ပြန်အမ်းမည့်ပရီမီယံတွင် ပရီမီယံထောက်ပံ့မှု ငွေပမာဏမပါဝင်ပါ။
- AIA Myanmar သည် Customer အား ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဤ Campaign ကို ဆက်လက်ဆောင်ရွက်မှုမပြုခြင်း သို့မဟုတ် ဤ Campaign ၏ စည်းကမ်းချက်များကို ပြင်ဆင်ခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ဤ Campaign ၏ စည်းကမ်းချက်များ နှင့် ပတ်သက်၍ AIA Myanmar ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
- ဤ "Light of Your Life!" Campaign အောက်ရှိ အကျိုးခံစားခွင့်များကို Customer များအနေဖြင့် အခြားမည်သည့် AIA Myanmar Customer Campaign နှင့်မှ ပူးတွဲ၍ တောင်းဆိုရယူပိုင်ခွင့်မရှိပါ။