Skip to main content
  • Eng
  • မြန်မာ
  • Search
  • AIA RUBY Membership
  • AIA RUBY Membership
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေးအလုံးစုံအာမခံ
    • AIA Beyond Critical Illness
    • AIA Youth Smart Protection Plan
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • ပညာရေးအသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • RUBY CLUB
    • AIA RUBY Elite
    • AIA RUBY
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
    • ပရီမီယံကြေးပေးသွင်းခြင်း​
  • Registration for MINGALAR SKY & MJAS Airport Lounge Access
    • RUBY ELITE
    • RUBY
AIA
  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more

    လေဆိပ် Lounge အသုံးပြုရန် ကြိုတင်စာရင်းပေးသွင်းခြင်း

    MINGALAR SKY & MJAS AIRPORT LOUNGE
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      သင့်ဘဝခြေလှမ်းတိုင်းအတွက် သင်နှင့်အတူ

    • ကျန်းမာရေးအလုံးစုံအာမခံ

      သင့်ကျန်းမာရေးလိုအပ်ချက်တိုင်းအတွက် ကျန်းမာရေးအလုံးစုံအာမခံ

    • AIA Beyond Critical Illness

      အစားထိုးမရတဲ့ဘဝအတွက်စိတ်အေးချမ်းသာစေဖို့ ပိုကောင်းတဲ့ငွေကြေးအကာအကွယ်

    • AIA Youth Smart Protection Plan

      ဘဝအနာဂတ်ကို စည်းစနစ်ကျကျ၊ အလှပဆုံး တည်ဆောက်ချင်တဲ့ လူငယ်တွေအတွက် Smart Plan

    • AIA CRITICAL ILLNESS CARE

      ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ ၃၉မျိုးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါသက်ရောက်မှုကို လျော့ချရန် ငွေကြေးအကာအကွယ်

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ဘဝလုံခြုံစေတဲ့ စုဆောင်းမှု

    • ပညာရေးအသက်အာမခံ

      စိတ်ချရဖို့ ကြိုတင်စီမံ သင့်ကလေးအတွက် ပညာရေးအသက်အာမခံ

    • အဖွဲ့လိုက်အာမခံ

      သင့်လုပ်ငန်း၏ တန်ဖိုးမဖြတ်နိုင်သော ဝန်ထမ်းများအတွက် ပြည့်စုံသော အာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • RUBY CLUB
    Registration for MINGALAR SKY
    & MJAS Airport Lounge Access

    • RUBY Elite • RUBY
    • AIA RUBY Elite

      Elevate your world of privileges with your loved ones

    • AIA RUBY

      Stay Grand, Enjoy Privileges

  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

    • ပရီမီယံကြေးပေးသွင်းခြင်း​

      လွယ်ကူမြန်ဆန်စွာ ပရီမီယံကြေးပေးသွင်းနိုင်ပုံ အဆင့်ဆင့်​

  • Registration for MINGALAR SKY & MJAS Airport Lounge Access
  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၁၉
ရှေ့သို့ | နောက်သို့
Back to Top
  • {{title}}

    {{label}}
  • မြန်မာပြည်သူတို့၏ဘဝများအား အကျိုးပြုနိုင်ရန်အတွက် AIA နှင့် AYA Financial Group, MAX Myanmar Group တို့ ပူးပေါင်းဆောင်ရွက်

    05/12/2019


     [ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်] – AIA Myanmar သည် အသက်၊ ကျန်းမာရေးနှင့် ကောင်းမွန်သော ရှင်သန်နေထိုင်မှုအစီအစဉ်များပေးစွမ်းနိုင်ရန် AYA Financial Group, Max Myanmar Group (AFG-MAX) ၏ ခိုင်မာသော customer base နှင့် သဟဇာတဖြစ်သော စီးပွားရေး လုပ်ဖော် ကိုင်ဖက်စနစ်ကို ယုံကြည်စွာဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍အကျိုးတူပူးပေါင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း AIA Myanmar မှ ဝမ်းသာကျေနပ်စွာဖြင့် ထုတ်ပြန်ကြေငြာသည်။

    ဤကဲ့သို့ AIA နှင့် AFG-MAX ပူးပေါင်းမှုသည် အာမခံကုမ္ပဏီများ လိုင်စင်ရရှိပြီးနောက် အာမခံကုမ္ပဏီနှင့် ဘဏ်အကြား ပထမဆုံးအကျိုးတူပူးပေါင်းမှုဖြစ်ပြီး ယခုပူးပေါင်းမှုသည် ရည်ရွယ်ချက်ကောင်းများကို အခြေခံ သော ရည်ရှည်အတွက် မဟာဗျူဟာကျသည့် ပူးပေါင်းမှု၏အစဖြစ်သည်။ အာရှပစိဖိတ် ဒေသတစ်လျောက် AIA ၏ အတွေ့အကြုံကောင်းများနှင့် AFG-MAX ၏ နိုင်ငံတွင်း ကျွမ်းကျင်မှုတို့ ပေါင်းစည်းခြင်းအားဖြင့် မြန်မာပြည်သူလူထုအား အာမခံဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ထိရောက်သည့် လူမှုအကျိုးပြု ဆောင်ရွက်ချက်များကို အဓိကထားအာရုံစိုက်ကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ဤပူးပေါင်းမှတဆင့် နိုင်ငံအတွင်း လိုအပ်နေသည့် အသက်အာမခံနှင့် ကျန်းမာရေး အာမခံအကြောင်းကို သတိပြုမိလာစေရေး အတွက် မြှင့်တင်သွားကာ မြန်မာပြည်သူလူထု  တစ်ရပ်လုံး  ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်ထားသည်။

    မြန်မာနိုင်ငံတွင် AIA ၏အာမခံလုပ်ငန်းခွဲတစ်ခုအဖြစ် ရာနှုန်းပြည့် အသက်အာမခံ လုပ်ကိုင်ခွင့်လိုင်စင်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ AIA Myanmar အား  တရားဝင်ပေးအပ်ခဲ့သည်။

    AIA Myanmar ၏ CEO ဖြစ်သူ Nhon (Luc) Ly က “အခုလို AFG-MAX Group နဲ့ မဟာဗျူဟာမြောက် ရေရှည်ပူးပေါင်း ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးစိတ်လှုပ်ရှားမိပါတယ်။   ရည်ရွယ်ချက်တူတဲ့ AFG-MAX နဲ့အတူ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုကို ဂုဏ်ပြုရင်း တိုးတက်လာတဲ့ ဈေးကွက်အတွင်းမှာ ခေတ်မှီလုံခြုံတဲ့ နေထိုင်မှုပုံစတွေ ဆောင်ယူ လာပေးဖို့နဲ့ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုစေဖို့ ရည်မှန်းချက်ထားရှိပါတယ်။ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ AIA ရဲ့ ကတိ အတိုင်း မြန်မာပြည်သူလူထုအတွက် ဒီပူးပေါင်းမှုဟာ အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။” ဟု ပြောကြားခဲ့သည်။

    AYA Financial Group နှင့် Max Myanmar Group တို့၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော် က “ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အကြီးဆုံးအသက်အာမခံအဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ AIA နဲ့ အကျိုးတူ ပူးပေါင်းခွင့် ရတဲ့အတွက် ဝမ်းသာမိပါတယ်။ AIA နဲ့ AFG-MAX ပူးပေါင်းမှုဟာကျွန်တော်တို့လိုအပ်နေတဲ့ပူးပေါင်းမှုမျိုးဖြစ်ပြီး သိသိ သာသာ ပံ့ပိုးကူညီသွားနိုင်မဲ့ ညှိနှိုင်းဆောင်ရွက်မှု ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

    ထို့အပြင်ဝန်ဆောင်မှုအပိုင်းသာမကမြန်မာနိုင်ငံတွင်း လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်ချက်၏အစိတ်အပိုင်းတစ်ခုအနေဖြင့် AIA Myanmar နှင့် AFG-MAX တို့သည် “မြန်မာပြည်သူများ၏ ဘဝများကို ထွန်းလင်းရန်” ဟူသည့် လူမှုအကျိုးပြုရည်မှန်းချက် တစ်ခုကိုလည်း ကြေညာခဲ့သည်။

    ယင်းရည်မှန်းချက်မှာကျေးရွာနေ ပြည်သူများ၏ အနာဂတ်ကို သိသိသာသာ အကျိုးသက်ရောက်စေမည့် မျှော်လင့်ချက်နှင့်အတူ ချို့တဲ့နွမ်းပါးသော မိသားစုများအား လျှပ်စစ်ဓာတ်အားပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့၏ ကလေးများ ပညာသင်ကြားရေးကိုအထောက်အကူပြုစေရန်ရည်ရွယ်ပြီး AIA Myanmar နှင့် AFG-MAX မြန်မာနိုင်ငံရှိ ကျေးရွာများသို့ နေစွမ်းအင်သုံး ဆိုလာပြားများ လှူဒါန်းသွားမည် ဖြစ်သည်။

    –  ပြီး   –

    AIA  အကြောင်း

    AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုးနီးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရုနိုင်း၊ ကမ္ဘောဒီးယား တို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့  ဆောင်ရွက်ပေး လျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက်ချင်းစီ အာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက်ပေးလျက် ရှိသည်။

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။

    ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

    မှတ်ချက် -

    (၁) Hong Kong SAR သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကို ရည်ညွှန်းသည်။

    (၂) Macau SAR သည် မကာအိုအထူးအုပ်ချုပ်ရေးဒေသကို ရည်ညွှန်းသည်။

    AYA Financial Group နှင့် Max Myanmar Group အကြောင်း

    AYA Financial Group (AFG) သည် AYA Bank ၏ အကြီးဆုံး ငွေရေးကြေးရေး ဝန်ဆောင်မှု ဆိုင်ရာ အဖွဲ့အစည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ စတင်တည်ထောင်ပြီးချိန်မှစ၍ ၉ နှစ်အတွင်းတွင် မြန်မာနိုင်ငံရှိ ထိပ်တန်းအာမခံကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော အထွေထွေအာမခံအခန်းကဏ္ဍမှ Japan Nipponkoa Insurance Inc နှင့် ဖက်စပ်လုပ်ကိုင်ခဲ့ပြီး AYA SOMPO အာမခံကုမ္ပဏီအဖြစ် ကမ္ဘာအနှံ့ ဒုတိယအကြီးဆုံး ဝန်ဆောင်မှုအပြည့်အဝ ပေးစွမ်းနိုင်သည့်ဘဏ် ဖြစ်လာခဲ့ပြီး AYA ၏ လုံခြုံစိတ်ချရသည့် ဝန်ဆောင်မှု အပြည့်အဝအာမခံနိုင်သော အရောင်းကိုယ်စားလှယ် ဖြစ်လာသည်။ AYA ဘဏ်သည် AFG ၏ အကြီးမားဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ပိုင်ဆိုင် ထားပြီး customers ၂ သန်းခန့်ရှိကာ ဘဏ်ခွဲပေါင်း ၂၅၈ ခုနှင့် ဝန်ထမ်းအင်အားပေါင်း ၈၃၀၀ ခန့်ရှိသည်။ လွန်ခဲ့သော ၅ နှစ်အတွင်း AYA ဘဏ်၏ချေးငွေနှင့်အပ်ငွေသည် CAGR ၂၅ မှ ၃၀% အထိ တိုးတက်ခဲ့သည်။ AYA ဘဏ် သည် ၂၀၁၄-၁၅ တွင် FRS စနစ်ကိုလိုက်နာပြီး အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံနှုန်းများကို ကျင့်သုံး ခဲ့သည်။

    ​၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Max Myanmar Group သည် အရည်အသွေးကောင်းမွန်သော စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုများနှင့် စွမ်းဆောင်ရည်မြင့်မားသော ခေါင်းဆောင်မှုများ အတွက်  နာမည်ဂုဏ်သတင်း ကျော်ကြားသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီးများထဲမှ တစ်ခုဖြစ်သည်။ ရှင်းလင်းသောအမြင်၊ ခိုင်မာသောအဖွဲ့အစည်းနှင့် ထိရောက်သော ဆုံးဖြတ်ချက်ချမှုတို့ ကြောင့် Max Myanmar Group သည် အခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ စက်မှု အင်ဂျင်နီယာ လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး နှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် လျင်မြန်ထိရောက်စွာနှင့် အောင်မြင်စွာ ဆောင်ရွက်လျက် ရှိသည်။ Max ၏ မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ရှေးရှုလျက် အစုရှယ်ယာပါဝင်သူများ၏ မျှော်မှန်းချက်များအားကျော်လွန်၍ ရင်းနှီးမြှပ်နှံမှု အသစ်များမှတစ်ဆင့် ဈေးကွက်တွင် ဦးဆောင်မှုရရှိပြီး ပိုမိုကောင်းမွန်သော နည်းလမ်းများရှာဖွေရန် ဖြစ်သည်။


    For media enquiries, please contact:

    AIA Myanmar contacts:

    Linh Nguyen

    Chief Marketing Officer

    +95 997 7359567

    AFG Max Myanmar Group contacts:

    Aung Myo Saw

    Head of Corporate Affairs

    +959 425303003

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    RUBY CLUB
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    AIA မြန်မာအကြောင်း

    RUBY CLUB

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    AIA Beyond Critical Illness

    AIA Youth Smart

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    Payment Information


    Copyright © 2025 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ