Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • ကျန်းမာရေးအာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • ကျန်းမာရေးအာမခံ

      သင်၏ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို ကိုယ်စားကျခံပေးမည့် အာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၁၉
ရှေ့သို့ | နောက်သို့
Back to Top
  • {{title}}

    {{label}}
  • AIA Myanmar သည် အရင်ဦးဆုံးအာမခံပေါ်လစီကိုစတင်ရောင်းချသည့် ပထမဦးဆုံးနိုင်ငံခြားအသက်အာမခံကုမ္ပဏီ ဖြစ်လာ

    28/11/2019


    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားဝင် ရာနှုန်းပြည့်လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးပြီးချင်းပင် ၎င်း၏ အာမခံဝန်ဆောင်မှုကို ပထမဦးဆုံး ဝယ်ယူထားရှိသူ ရှိနေပြီဖြစ်ကြောင်း  AIA Myanmar ကုမ္ပဏီမှ ကြေညာခဲ့သည်။

    [ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်] - ဈေးကွက်ရင်းနှီးမြှုပ်နှံမှုများအရ ကမ္ဘာ့နံပါတ်(၁) အသက်အာမခံကုမ္ပဏီအဖြစ်  ရပ်တည်လျက်ရှိသော AIA သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သောလိုင်စင်ကိုလက်ခံရရှိပြီးပြီးချင်းတွင်ပင် ၎င်း၏ အာမခံဝန်ဆောင်မှုကို ပထမဆုံး ဝယ်ယူထားရှိ သူများရှိနေပြီဖြစ်ကြောင်း ယနေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

    AIA Myanmar သည် ရာနှုန်းပြည့်လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီခွဲအဖြစ် အသက်အာမခံ ပေါ်လစီများ ရောင်းချခွင့်ကို မြန်မာနိုင်ငံတော်အစိုးရထံမှ ရရှိခဲ့သည်။ AIA ၏ ပထမဦးဆုံးပေါ်လစီတွင် မြန်မာနိုင်ငံမှ customers များအတွက် ထိပ်တန်းအာမခံ အကျိုးခံစားခွင့်များဖြင့် ပုံဖော်ထားသည့် အသက်အာမခံ ဝန်ဆောင်မှုများကို ပြည်သူလူထုဆီသို့ အရောက်ပေးဆောင်နိုင်ရန်ဆိုသည့် AIA ၏ ကြိုးပမ်း အားထုတ်မှုများကို တွေ့မြင်နိုင်သည်။ အဆိုပါ အသက်အာမခံအမျိုးအစားများတွင် အရည်အသွေးမီသော အာမခံ ဝန်ဆောင်မှုများအတွက် လျှော့ချထားသော အထူးနှုန်းထားများနှင့် ကျွမ်းကျင်ဝန်ထမ်းအဖွဲ့၏ အကူအညီဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ဆန်းသစ်သောအာမခံအမျိုးအစားများအား ရွေးချယ်နိုင်မည် ဖြစ်သည်။

    Accident Pro Prime

    ပုံ(၁)။ ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အသက်အာမခံလုပ်ငန်းလိုင်စင်ပေးအပ်ပွဲအခမ်းအနားတွင် AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းထံမှ ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသည့် လုပ်ငန်းလိုင်စင်လက်ခံရယူစဥ်

    AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က “မြန်မာနိုင်ငံက မိဘပြည်သူများကို အသက်အာမခံပေါ်လစီများ စတင်ဝန်ဆောင်မှုပေးနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် ရထားပြီဆိုတဲ့အကြောင်းကို မြန်မာပြည်သူများကို ကျွန်တော်တို့ AIA Myanmar က စိတ်လှုပ်ရှားစွာနဲ့ပဲ သတင်းကောင်းပေးပါရစေ။ အခုအချိန်ကာလကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်းနယ်ပယ်အတွက် အမှန်တကယ် အရာရောက်ပြီး လေးနက်တဲ့ ကာလပါပဲ။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအနှံ့ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် ဆက်လက် ဆောင်ရွက်သွား မှာဖြစ်တဲ့အလျောက် ပြည်သူများပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝများ ပိုင်ဆိုင်နိုင်စေဖို့ဆိုတဲ့ ကျွန်တော်တို့ပေးထားတဲ့ကတိကို ပုံဖော်ဆောင်ရွက်ရန် အတွက် AIA ရဲ့ နှစ်တစ်ရာရှိပြီဖြစ်တဲ့ အတွေ့အကြုံတွေနဲ့ ပြည်တွင်းအာမခံလုပ်ငန်း ဖွံ့ဖြိုးစေရန် ပါဝင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတော်အစိုးရထံမှ လုပ်ကိုင်ခွင့်လိုင်စင်ရရပြီးချင်းတွင် AIA ၏ ပထမဆုံး ကျန်းမာရေး အာမခံပေါ်လစီကို လက်မှတ်ရေးထိုးခဲ့သူများမှာ - Max Myanmar လုပ်ငန်းစု၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအဖွဲ့အစည်း၏ တာဝန်ယူမှုနှင့် အခန်းကဏ္ဍကို မြှင့်တင်ပေးသည့်နေရာတွင် အားတက်သရော ပါဝင်ဆောင်ရွက်ပေးနေသည့် စွန့်ဦးတီထွင်သူအဖြစ် လည်းကောင်း၊ ဈေးကွက်ရေးရာ ကျွမ်းကျင်သူအဖြစ်လည်းကောင်း၊ အတွေ့အကြုံနှင့် ပညာရပ်များ မျှဝေပေးနေလည်းဖြစ်သည့် ဦးအောင်ချစ်ခင်၊ Associate Professor ဦးဇော်ဇော်အောင် ၊ အပြင် ပရိတ်သတ်အချစ်တော် အနုပညာရှင်များဖြစ်ကြသည့် နိုင်ငံကျော်အဆိုတော် ကိုထူးအယ်လင်းနှင့် နာမည်ကြီးသရုပ်ဆောင် ကိုထူးခြားတို့ ဖြစ်သည်။

    Accident Pro Prime

    ပုံ(၂)။ ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အသက်အာမခံလုပ်ငန်းလိုင်စင်ပေးအပ်ပွဲအခမ်းအနားတွင် အသက်အာမခံလုပ်ငန်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ(၅)ခုကိုယ်စား AIA ၏ Asia – Pacific Regional CEO Mr. Tan Hak Leh မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားနေပုံ

    AIA Myanmar ၏ပထမဦးဆုံး customer ဖြစ်သော ဦးဇော်ဇော်မှ AIA Myanmar ၏ အသက်အာမခံပေါ်လစီလက်ခံရရှိမှုအပေါ် ဝမ်းမြောက်ကြောင်းနှင့် “AIA မြန်မာနိုင်ငံအတွင်း ဝင်ရောက် လာမှုကို ကြိုဆိုကြောင်းနဲ့ လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်းကို AIA Myanmar ရဲ့ ပထမဦးဆုံး customers များရဲ့ကိုယ်စား ပြောကြားလိုပါတယ်။ လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ နှစ်တွေမှာလည်း AIA Myanmar အနေနဲ့ အသက်အာမခံလုပ်ငန်းအား အရှိန်အဟုန်ဖြင့် စဥ်ဆက်မပြတ် တိုးတက်လာအောင် လုပ်ဆောင်နိုင်ပါစေ လို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။”

    AIA Myanmar ၏ ရုံးချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာနေရာဖြစ်သည့် Junction City ၏ Office Tower တွင် ဖွင့်လှစ်ထားသည်။

    Accident Pro Prime

    ပုံ(၃)။ ။ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ Junction City Tower တွင် တည်ရှိသော AIA Myanmar ၏ ရုံးချုပ်

    AIA Myanmar ၏ တစ်ဟုန်ထိုးတိုးတက်နေသော အဖွဲ့သားများနှင့်အတူ မြန်မာနိုင်ငံအနှံ့ ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်နှင့် မြန်မာပြည်သူများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ပိုင်ဆိုင်နိုင်စေရန် ရွှေနိုင်ငံ၏လူမှုစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် AIA Myanmar သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ကာ ဆောင်ရွက်လျက်ရှိသည်။

    AIA Myanmar ၏ အသက်အာမခံပေါ်လစီများနှင့် မှတ်ပုံတင်ရန် အကြောင်းအရာများကို ပိုမိုသိရှိလိုပါက AIACare.MM@aia.com သို့ ဆက်သွယ်နိုင်ပါသည်။ သို့မဟုတ် AIA Myanmar ၏ တရားဝင် Facebook Page ဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

    –   ပြီး  –

    AIA Myanmar   အကြောင်း

    AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုးနီးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရုနိုင်း၊ ကမ္ဘောဒီးယားတို့တွင် အပြည့်အဝပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့  ဆောင်ရွက်ပေး လျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက်ချင်းစီ အာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက်ပေးလျက် ရှိသည်။

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။

    ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်၍ ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ 


    မီဒီယာများဆက်သွယ်ရန်

    ERA Myanmar

    ခိုင်ဇာစု @ Esther | Manager

    +95 9451560490

    esther@eramyanmar.com

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ