Skip to main content
  • Eng
  • မြန်မာ
  • Search
  • AIA RUBY Membership
  • AIA RUBY Membership
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေးအလုံးစုံအာမခံ
    • AIA Beyond Critical Illness
    • AIA Youth Smart Protection Plan
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • ပညာရေးအသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • RUBY CLUB
    • AIA RUBY Elite
    • AIA RUBY
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
    • ပရီမီယံကြေးပေးသွင်းခြင်း​
  • Registration for MINGALAR SKY & MJAS Airport Lounge Access
    • RUBY ELITE
    • RUBY
AIA
  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more

    လေဆိပ် Lounge အသုံးပြုရန် ကြိုတင်စာရင်းပေးသွင်းခြင်း

    MINGALAR SKY & MJAS AIRPORT LOUNGE
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      သင့်ဘဝခြေလှမ်းတိုင်းအတွက် သင်နှင့်အတူ

    • ကျန်းမာရေးအလုံးစုံအာမခံ

      သင့်ကျန်းမာရေးလိုအပ်ချက်တိုင်းအတွက် ကျန်းမာရေးအလုံးစုံအာမခံ

    • AIA Beyond Critical Illness

      အစားထိုးမရတဲ့ဘဝအတွက်စိတ်အေးချမ်းသာစေဖို့ ပိုကောင်းတဲ့ငွေကြေးအကာအကွယ်

    • AIA Youth Smart Protection Plan

      ဘဝအနာဂတ်ကို စည်းစနစ်ကျကျ၊ အလှပဆုံး တည်ဆောက်ချင်တဲ့ လူငယ်တွေအတွက် Smart Plan

    • AIA CRITICAL ILLNESS CARE

      ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ ၃၉မျိုးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါသက်ရောက်မှုကို လျော့ချရန် ငွေကြေးအကာအကွယ်

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ဘဝလုံခြုံစေတဲ့ စုဆောင်းမှု

    • ပညာရေးအသက်အာမခံ

      စိတ်ချရဖို့ ကြိုတင်စီမံ သင့်ကလေးအတွက် ပညာရေးအသက်အာမခံ

    • အဖွဲ့လိုက်အာမခံ

      သင့်လုပ်ငန်း၏ တန်ဖိုးမဖြတ်နိုင်သော ဝန်ထမ်းများအတွက် ပြည့်စုံသော အာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • RUBY CLUB
    Registration for MINGALAR SKY
    & MJAS Airport Lounge Access

    • RUBY Elite • RUBY
    • AIA RUBY Elite

      Elevate your world of privileges with your loved ones

    • AIA RUBY

      Stay Grand, Enjoy Privileges

  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

    • ပရီမီယံကြေးပေးသွင်းခြင်း​

      လွယ်ကူမြန်ဆန်စွာ ပရီမီယံကြေးပေးသွင်းနိုင်ပုံ အဆင့်ဆင့်​

  • Registration for MINGALAR SKY & MJAS Airport Lounge Access
  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၂၀
ရှေ့သို့
Back to Top
  • {{title}}

    {{label}}
  • AIA က “UN” အမည်ရ ထူးခြားဆန်းသစ်စွာတင်ဆက်ထားသည့် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၌ပြုလုပ်ကျင်းပ

    18/01/2020


    ရာစုနှစ်ကြာ သမိုင်းကြောင်းတစ်ခုနှင့် မြန်မာနိုင်ငံတွင် မိုင်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတကာ အသက်အာမခံကုမ္ပဏီ၏ ဖွင့်ပွဲအခမ်းအနားကို အနုပညာနှင့် ယဉ်ကျေးမှုတို့ ပေါင်းစပ်ဖန်တီးပြီး ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

    [ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်] – ကမ္ဘာ့ အကြီးဆုံးအသက်အာမခံ ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော AIA သည် “UN” အမည်ရ အနုပညာနှင့်ယဉ်ကျေးမှုတို့ ရောနှောပေါင်းစပ်ထားသည့် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် Junction City ၌ ကျင်းပခဲ့သည်။ အဆိုပါ အနုပညာပြခန်းစုံ ပြပွဲအသွင်ပြုလုပ်ထားသည့် ဖွင့်ပွဲအခမ်းအနားသည် AIA ၏ အာရှပစိဖိတ်ဒေသအတွင်း နောက်ဆုံးနှင့် ၁၈ နိုင်ငံမြောက်ဖြစ်သော မြန်မာနိုင်ငံအတွင်းတွင် စိုက်ထူခဲ့သော မိုင်တိုင်များအတွက် ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်သည့်အပြင် ၎င်း၏ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နိုင်ရန်ဟူသည့် ကတိစကားကို တည်မြဲစေမည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

    ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ရာနှုန်းပြည့်လုပ်ပိုင်ခွင့်ရသည့် အသက်အာမခံကုမ္ပဏီခွဲတစ်ခု အဖြစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ကို လက်ခံရရှိခဲ့ပြီးနောက် လအနည်းငယ်တွင်မှာပင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားသို့ AIA Group မှ AIA Group Chief Executive and President ဖြစ်သူ Mr. Ng Keng Hooi ၊ AIA ၏ Asia-Pacific Regional CEO ဖြစ်သူ Mr. Tan Hak Leh ၊ AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) ၊ AIA ၏ မိတ်ဖက်များ၊ မီဒီယာများ နှင့် AIA Myanmar မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

    UN (အောန်) သည် ပြင်သစ်ဘာသာစကားတွင် နံပါတ် (၁) ဟု အဓိပ္ပာယ်ရပြီး AIA အတွက် နက်နဲသည့် အဓိပ္ပာယ်ကို ဆောင်သည်။၎င်းသည် ကုမ္ပဏီ၏ "ပထမ" ပေါင်းများစွာကို ကိုယ်စားပြုပြီး ဒီဂျစ်တယ်မီဒီယာကို အသုံးပြု၍ ဆန်းသစ်သော အမှတ်တံဆိပ်တစ်ခု ဖြစ်လာစေရန်အတွက်လည်း ရည်ရွယ်သည်။  'UN' သည် စကားလုံးများ၏ အရှေ့တွင် ရှိပါက ပြောင်းလဲပုဒ် တစ်ခု  ဖြစ်သွားပြီး မူလဦးတည်ရာမှ ပြောင်းလဲကာ ‘Uncovered’, ‘Unleashed’ and ‘Undivided’ ဟူသော စွမ်းအင်ပြည့်စကားလုံးများကဲ့သို့ ပြောင်းလဲသွားသည်။ ၎င်းစွမ်းအင်သည် AIA အတွက် ယခင်က မမြင်ဖူးသေးသည့် ဦးတည်ချက်များဖြင့် မြန်မာနိုင်ငံတွင် စွမ်းဆောင် သွားမည်ဖြစ်ကြောင်း ရည်ရွယ်သည်။ ဤအယူအဆကို အသက်သွင်းပုံပေါ်လာစေရန် အနုပညာ လက်ရာမြောက် အခန်း (၅)ခန်း စီစဉ်ထားရှိမည်ဖြစ်ပြီး တစ်ခန်းချင်းစီသည် ၎င်း၏ ကွဲပြားသော အခြေခံအကျဆုံး ကိုယ်စားပြု ချက်များနှင့် အနာဂတ်အတွက် ရည်မှန်းချက်ကြီးသည့် မျှော်လင့်ချက်များနှင့် ထပ်တူကျနေမည် ဖြစ်သည်။

    “AIA မှာရှိတဲ့ ကျွန်တော်တို့ အားလုံးဟာ “UN” ကနေတစ်ဆင့် မြန်မာနိုင်ငံမှာ ယခုချိန်အထိရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထူးခြားသစ်လွင်တဲ့ ပုံစံတစ်မျိုးနဲ့ တင်ဆက်ပြသရင်း မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှု တွေကို ဂုဏ်ပြုတာဖြစ်တဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်။ ပြည်သူတွေအားလုံးအတွက် “ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်စေရန်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိစကားအတိုင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အသက်အာမခံလုပ်ငန်း နယ်ပယ်တစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ပြီး တီထွင်ဆန်းသစ်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဒီအခမ်းအနားကို အကောင်ထည်ဖော်ထားတာဖြစ်ပါတယ်။ အစွမ်းကုန် တိုးတက်လာတော့မယ့် တိုင်းပြည်ရဲ့ အာမခံလုပ်ငန်းကို ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို ကျွန်တော်တို့ ကတိ‌အတိုင်း  မြန်မာနိုင်ငံက ပြည်သူတွေကို သူတို့အတွက် အံ့သြဖွယ်ကောင်းတဲ့ အမှတ်ရစရာ ဘ၀လုံခြုံမှု‌၊ အောင်မြင်မှုတွေနဲ့အတူ ပိုမိုတောက်ပတဲ့ အနာဂတ်ကို ရရှိအောင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု AIA Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Nhon Ly (Luc) က ပြောကြားခဲ့သည်။

    “အာရှ ပစိဖိတ်ဒေသအတွင်း အသက်အာမခံလုပ်ငန်း ကွန်ယက်ထဲသို့ မြန်မာနိုင်ငံ ဝင်ရောက်လာတာကို အရမ်းပဲ ဝမ်းသာကြိုဆိုပါတယ်။ အရေးပါတဲ့ အခန်းကဏ္ဍ အသစ်များစွာကိုလည်း စိုက်ထူနိုင်ခဲ့တဲ့အတွက် AIA မြန်မာ အဖွဲ့သား တွေအားလုံးကိုလည်း ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံ ၁၈ နိုင်ငံမှာရှိတဲ့ အလျောက် နှစ်ပေါင်း ၁၀၀ အတွင်းမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများနဲ့ လူမှုအသိုင်းအဝိုင်းက လူဦးရေသန်းပေါင်းများစွာနဲ့ မိသားစုမျိုးဆက်ပေါင်းများစွာကို ဝန်ဆောင်မှုပေးနေတဲ့အပြင် ရာစုနှစ်တစ်ခုကြာ အတွေ့အကြုံရှိပြီး  မြန်မာနိုင်ငံမှာရှိတဲ့ ပေါ်လစီကိုင်ဆောင် သူတွေလိုအပ်တဲ့ အရည်အသွေးမြင့် အသက်အာမခံ ကျွမ်းကျင်မှုတွေကို ပေးအပ်သွားဖို့ ကျွန်တော်တို့ ကတိပြုပါတယ်။” လို့ AIA Group ၏ Chief Executive and President Mr. Ng Keng Hoo က ပြောကြားခဲ့သည်။

    AIA Myanmar ၏ ကိုယ်စားလှယ်ရုံးခွဲကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် ခြောက်နှစ် အတွင်းတွင် အာမခံလုပ်ငန်းနှင့် ပတ်သက်၍ customers များ ၏ ဗဟုသုတ တိုးပွားစေရန် အမျိုးမျိုးသော လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါ၀င်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ရာနှုန်းပြည့် လုပ်ပိုင်ခွင့်ရသည့် ကုမ္ပဏီခွဲတစ်ခုအဖြစ် လုပ်ကိုင်နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လက်ခံရရှိခဲ့ပြီး ရက်အနည်းငယ် အတွင်း တွင်ပင် ပထမဆုံးပေါ်လစီကိုင်ဆောင်သူများနှင့် လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

    ကုမ္ပဏီသည် တိုင်းပြည်၏ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုသွားရန် ရည်ရွယ်ထားပြီး အနာဂတ်တွင် ပိုမို ထူးခြားသည့် လှုပ်ရှားမှုများလည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ လွန်ခဲ့သည့် လများကလည်း ရပ်ရွာ အကျိုးပြု ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ပြီး AIA သည် English Premier League club ဖြစ်သော Tottenham Hotspur မှ နည်းပြများကို ခေါ်ယူ၍ ရန်ကုန်မြို့ရှိ ကလေးများကို ဘောလုံးအားကစားလေ့ကျင့် ပေးသည့် လှုပ်ရှားမှု ဖြစ်သည့် “AIA KICK!” ကိုလည်း စီစဉ် ဆောင်ရွက်နိုင်ခဲ့သည်။  AIA သည် နှစ်တစ်ရာ ပြည့် အထိမ်းအမှတ် ကို ကျင်းပသည့် အနေဖြင့် “AIA GO! FOR LIGHT” အမည်ရ 5K အပြေးပြိုင်ပွဲ ကို ကျင်းပခဲ့ ပြီး ပုဂံရှိ လျှပ်စစ်မီးမရရှိသေးသော အိမ်ခြေ ၁၀၀ ကို လည်း ဆိုလာပြားများလှူဒါန်းနိုင်ခဲ့သည်။

    AIA Myanmar ၏ “UN” ပြခန်းကို ပြည်သူများအတွက် ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီလ (၁၉) ရက်နေ့တွင် AIA ၏ ရာဇ၀င် လက်ရှိလုပ်‌ဆောင်ချက်များနှင့် အနာဂါတ်တို့ကို စိတ်ဝင်စားဖွယ်ပြခန်းများနှင့် တင်ဆက်ထားပြီး လေ့လာကြည့်ရှု ရန်အတွက် online မှ စာရင်းပေးသွင်းသူအယောက် ၂၀၀၀ ရှိခဲ့သည်။ AIA Myanmar ၏ “UN” အခမ်းအနား နှင့် အခြား စိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်များ အကြောင်းပိုမို သိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။

    –  ပြီး   –

    AIA Group အကြောင်း

     AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။ 

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။ 

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက် ချင်းစီအာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။ 

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။ 

     ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။  


    မီဒီယာများဆက်သွယ်ရန်

    AIA Myanmar

    မစုမြတ်လှ

    Head of Brand and Communications

    sumyat.hla@aia.com

    ERA Myanmar

    ခိုင်ဇာစု @ Esther | Senior Manager

    +95 9451560490

    esther@eramyanmar.com

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    RUBY CLUB
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    AIA မြန်မာအကြောင်း

    RUBY CLUB

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    AIA Beyond Critical Illness

    AIA Youth Smart

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    Payment Information


    Copyright © 2025 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ