Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • ကျန်းမာရေးအာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • ကျန်းမာရေးအာမခံ

      သင်၏ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို ကိုယ်စားကျခံပေးမည့် အာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၂၃
ရှေ့သို့
Back to Top
  • {{title}}

    {{label}}
  • AIA မြန်မာက Work Well! Thrive Well! ခေါင်းစဉ်ဖြင့် ကော်ပိုရိတ်များအတွက် ၎င်းတို့၏ ဝန်ထမ်းများ ကျန်းမာ၊သုခနှင့် ပိုမိုပြည့်စုံစေရေးကို ပံ့ပိုးပေးနိုင်ရန် “Corporate Solutions” အာမခံအစီအစဥ်ကို မိတ်ဆက်

    03/11/2023


    ရန်ကုန် ၊ မြန်မာ၊  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ - မြန်မာပြည်၏ အသက်နှင့်ကျန်းမာရေးအာမခံစျေးကွက်ကို ဦးဆောင်လျက်ရှိသည့်AIA Myanmar အသက်အာမခံကုမ္ပဏီက  Work Well! Thrive Well! ခေါင်းစဉ်ဖြင့် ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။ ကုမ္ပဏီဝန်ထမ်းများအတွက် ကျန်းမာသုခ၏ အရေးပါပုံကို မီးမောင်းထိုးပြသည့် အဆိုပါပွဲတွင် AIA Myanmar အနေဖြင့် ကုမ္ပဏီများတွင်  ကျန်းမာသော လုပ်ငန်းခွင် ဖန်တီးနိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ဆက်လက် ပေးအပ်သွားရန်လည်း ကတိကဝတ်ပြုခဲ့သည်။ အဆိုပါပွဲကို AIA Myanmar က အသက်နှင့်ကျန်းမာရေးအာမခံများ မရှိသေးသည့် ကုမ္ပဏီများအတွက်အဓိကထား၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

    မြန်မာပြည်တွင် လုပ်ငန်းများစတင်လည်ပတ်ခဲ့သော ၂၀၁၉ ခုနှစ်မှစ၍ AIA Myanmar သည် အာမခံအကာအကွယ်၏ အရေးပါပုံနှင့် မြန်မာနိုင်ငံတစ်၀ှမ်းရှိ ပြည်သူများ၏ လုံးစုံသုခပြည့်၀ချမ်းသာရေး နှင့်ပတ်သက်သည့် အသိပညာများကို မြှင့်တင်ဆောင်ရွက်လျှက်ရှိပါသည်။ AIA Myanmar က လူအများ ပိုမိုကောင်းမွန်ပြီး ကျန်းမာ အသက်ရှည်သောဘ၀များရရှိစေရေး ဟူသည့် ၄င်းတို့အဖွဲ့အစည်း၏ ရည်ရွယ်ချက်ကို ဖော်ဆောင်ရာတွင် ကောင်းမွန်ပြည့်စုံသည့် အာမခံအကာအကွယ်အမျိုးအစား အသစ်များကို ဖန်တီးမိတ်ဆက်ပေးခြင်း အပြင် လူမှုအသိုက်အ၀န်းတစ်ခုလုံးအတွက် အကျိုးပြုစေမည့် ကိုယ်လက်လှုပ်ရှားမှုအစီအစဥ်များကို နိုင်ငံအနှံ့အပြားတွင် ပြုလုပ်ပေးခြင်းများဖြင့် စျေးကွက်ကို ဦးဆောင်နေသော ထိပ်တန်းအသက်အာမခံကုမ္ပဏီလည်းဖြစ်သည်။   

    ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် Work Well! Thrive Well အခမ်းအနားတွင် AIA Myanmar သည် လုပ်ငန်းတိုင်းအတွက် ဝန်ထမ်းများလုံးစုံသုခပြည့်၀ချမ်းသာရေး မှာ အလွန်အရေးကြီးပြီး ပိုမိုကျန်းမာသော လုပ်ငန်းခွင်ကို ဖန်တီးရာတွင် အလုပ်ရှင်သည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေကြောင်းကို ဝေမျှခဲ့သည်။  Corporate Solutions တွင် ကော်ပိုရိတ်လုပ်ငန်းအရွယ်အစား မျိုးစုံအတွက် သင့်တော်သော အာမခံအမျိုးအစား အစုံအလင်ပါရှိပြီး ကော်ပိုရိတ်များအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများ လိုအပ်နေသော အသက်နှင့် ကျန်းမာရေး အာမခံအကာအကွယ် ထားရှိပေးခြင်းဖြင့် စိတ်အေးချမ်းလုံခြုံမှုကို အပြည့်အဝပေးစွမ်းနိုင်ရန် ရည်ရွယ်ပါသည်။ 

    AIA Corporate Solutions ၏ အနှစ်သာရမှာ အာမခံထားရှိမှု အလွန်နည်းပါးနေသေးသည့် မြန်မာနိုင်ငံစျေးကွက်အတွင်းပထမဆုံးနှင့် ကောင်းမွန်ပြည့်စုံသည့် အသက်နှင့်ကျန်းမာရေး အာမခံအကာအကွယ်များကို ရရှိစေရန်  ဖြစ်သည်။ AIA Myanmar ရဲ့ Corporate Solutions အာမခံထားရှိပါက  ကုမ္ပဏီ၀န်ထမ်းများ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာတို့တွင် အလုံးစုံ ကျန်းမာ သုခတို့ဖြင့် ပြည့်စုံစေရန် ပံ့ပိုးပေးမည့် လုံးစုံသုခပြည့်၀ချမ်းသာရေး အစီအစဥ်တစ်ခုကိုလည်းထည့်သွင်းပြီး အာရောဂျံ အမည်ဖြင့် အခမဲ့ပေးအပ်သွားမည် ဖြစ်သည်။ 

    AIA Myanmar ၏  လတ်တလော မိတ်ဆက်ပေးခဲ့သည့် အသက်အာမခံအမျိုးအစားတွင် ဝန်ထမ်းများအနေဖြင့် သေဆုံးမှု၊ မတော်တဆမှုကြောင့် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း သို့မဟုတ် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်မှုနှင့် ကင်ဆာကဲ့သို့သော မိသားစုအတွက် ငွေကြေးပူပင်သောကကြီးမားစေမည့် မျှော်လင့်မထားသည့်ဖြစ်ရပ်များအတွက် ၀န်ထမ်းမိသားစုများအတွက် ပြည့်စုံသော အကာအကွယ်အကျိုးခံစားခွင့်များ ပါဝင်သည်။  မျှော်လင့်မထားသည့် ဖြစ်ရပ်ကို တွေ့ကြုံရသော ဝန်ထမ်းသည် မိသားစု၏ အဓိက ဝင်ငွေရှာပေးနေသူဖြစ်ပါက AIA Myanmar မှ တစ်လုံးတည်း ပေးအပ်မည့် အာမခံထားငွေသည် ၀န်ထမ်းမိသားစု၏ ဆုံးရှုံးသွားသည့်၀င်ငွေနေရာတွင် အစားထိုးစီမံနိုင်စေမည် ဖြစ်သည်။

    AIA Myanmar သည် ၎င်း၏ ကျန်းမာရေးအလုံးစုံအာမခံအမျိုးအစားကို ၂၀၂၂ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး ဆေးရုံတက်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ အရေးပေါ်မတော်တဆမှုကြောင့် ကုသမှုခံယူခြင်း၊ ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်း၊ ဆရာဝန်နှင့် ဆွေးနွေးခြင်းနှင့် အခြားကျန်းမာရေးဆိုင်ရာ ဖြစ်စဉ်များနှင့်စပ်လျဥ်းသည့် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များအတွက် အာမခံလျော်ကြေးငွေပေးအပ်ခြင်းဖြင့် မိသားစုအတွက် ငွေကြေးဆိုင်ရာဝန်ထုတ်ဝန်ပိုးကို လျော့ကျစေသည့်အတွက် မိသားစု၏စုဆောင်းငွေကိုလည်း ထိခိုက်မှု မရှိနိုင်တော့ပေ။ AIA သည် ကမ္ဘာတစ်ဝန်းရှိ ဆေးရုံပေါင်း ၆၈၀၀ ကျော်နှင့် မြန်မာပြည်တွင်းရှိ ဆေးရုံဆေးခန်းပေါင်း ၂၆ ခုဖြင့် ချိတ်ဆက်၍ ပြည်တွင်းပြည်ပ ဆေးကုသမှုစရိတ်များအတွက် ငွေသားပေးရန်မလိုသည့်၀န်ဆောင်မှုကို စျေးကွက်အတွင်းမိတ်ဆက်ထားပြီး၍ ဝန်ထမ်းများအနေဖြင့် မမျှော်လင့်ထားသောကျန်းမာရေးအခြေအနေများရင်ဆိုင်ရပါက ဆေးကုသမှုကုန်ကျစရိတ်အတွက် ပူပန်မှုများလျော့ကျစေမည်ဖြစ်သည်။ 

    ယင်းအာမခံအမျိုးအစားများ၏ အဓိက အင်္ဂါရပ်များနှင့် အကျိုးခံစားခွင့်များသည် မြန်မာနိုင်ငံစျေးကွက်အတွင်း ၌ ပထမဆုံးနှင့် အထူးခြားဆုံးသော အကျိုးခံစားခွင့်များဖြစ်သည်။ အလုပ်ရှင်များဘက်မှ လိုအပ်သည့် အကာအကွယ်နှင့် အကျိုးခံစားခွင့်များကို စိတ်ကြိုက်ရွေးချယ်နိုင်မှု၊ ဝန်ထမ်းအသက်အရွယ်အလိုက် သို့မဟုတ် ရွေးချယ်ထားသော အကျိုးခံစားခွင့်များ အပေါ်မူတည်၍ လိုက်လျောညီထွေရှိသော အာမခံကြေးစျေးနှုန်း၊  ဝန်ထမ်းများ၏မှီခိုသူများအတွက်လည်းအကာအကွယ်၀ယ်ယူနိုင်ခြင်း အပြင် အခြားသော အကျိုးခံစားခွင့် များစွာပါဝင်ပါသည်။ အဆိုပါရွေးချယ်စရာများသည် ကော်ပိုရိတ်လုပ်ငန်းများအား အကုန်အကျ သက်သာသောနည်းလမ်းဖြင့် ၎င်းတို့ဝန်ထမ်းများအတွက် အကျိုးခံစားခွင့်များကို ပေးစွမ်းနိုင်သည်။

    အာမခံအမျိုးအစားများမိတ်ဆက်ခြင်းအပြင်  အဆိုပါ အခမ်းအနား၏ ကျွမ်းကျင်ပညာရှင်များဆွေးနွေးပွဲ တွင်လည်း အလုပ်ရှင်များ နှင့် ဝန်ထမ်းများ လက်ရှိကြုံတွေ့နေရသည့် ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကို ရှုထောင့်အစုံမှသုံးသပ်မှုများပါဝင်ခဲ့ပါသည်။ ထိုပညာရှင်များက AIA ၂၀၂၂ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် “အာရောဂျံ” WorkWell အစီအစဉ်ဖြင့် အဆိုပါ စိန်ခေါ်မှုများကို အလုပ်ရှင်များအနေဖြင့် အကောင်းဆုံးဖြေရှင်းနိုင်ပုံနှင့် ပတ်သက်၍လည်း မျှဝေပေးခဲ့သည်။ AIA Myanmar သည် အဆိုပါ အာမခံအမျိုးအစားကို အသုံးပြုနေသော ကော်ပိုရိတ်လုပ်ငန်းကာစတန်မာများ၏ မှတ်ချက်ကောင်းများကိုလည်း ရရှိထားသည်။  ယင်းလုံးစုံသုခအစီအစဉ်တွင် AIA Myanmar ၏ ကော်ပိုရိတ်ကာစတန်မာများအတွက် ထပ်လောင်းခံစားခွင့်များအဖြစ်  AIA နှင့်လက်တွဲထားသော ပြည်တွင်းရှိ ကျန်းမာရေးနှင့် ကျန်းမာသုခ မိတ်ဖက်များမှတစ်ဆင့် အခမဲ့ ပံ့ပိုးပေးသည့် အစီအစဉ်များလည်း ပါဝင်ပါသည်။

    AIA Myanmar ၏ CEO ဖြစ်သူ Vivek Aranha က “အာရှရဲ့ အသက်အာမခံ နဲ့ ကျန်းမာရေး အာမခံလုပ်ငန်းကဏ္ဍမှာ  အကြီးဆုံးဖြစ်တဲ့ AIA Group မှာ တစ်ဦးချင်းအာမခံထားသူ ၄၁ သန်းကျော်ရှိပြီး အဖွဲ့လိုက်အာမခံထားသူ ၁၇ သန်းကျော်ရှိပါတယ်။ အဲ့ဒီအထဲက အများစုက ကော်ပိုရိတ်ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့က အာရှ-ပစိဖိတ်‌ဒေသတွင်း မှာ Corporate Solutions  တွေ အဓိက ပံ့ပိုးပေးတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လုပ်ငန်းစတင်လည်ပတ်ချိန်ကတည်းက လူ့အဖွဲ့အစည်းအပေါ် ကောင်းမွန်စွာအကျိုးပြုနိုင်ရန်နဲ့ ကော်ပိုရိတ်လုပ်ငန်းတွေပိုမိုကောင်းမွန်လာစေဖို့ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး အခြားသော စျေးကွက်တွေမှာ ရှိနေတဲ့ ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်ဖို့ အစဉ်ကြိုးစားခဲ့ပါတယ်။ ဝန်ထမ်းတွေက လုပ်ငန်းခွင်ရဲ့ အရေးကြီးဆုံးစွမ်းအား အရင်းအမြစ်ဖြစ်တာကြောင့် ဝန်ထမ်းတွေကို ရေရှည်မှာ ကူညီဖေးမပြီး အကာအကွယ်ပေးနိုင်ရေးက အဖွဲ့အစည်းတိုင်းရဲ့ ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ AIA Myanmar အနေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး နဲ့ သာယာဝပြောရေးကို ပိုမိုကောင်းမွန်အောင် ကူညီပေးခြင်းဖြင့် လုပ်ငန်းအဖွဲ့အစည်းတွေကို ပံ့ပိုးပေးလျက် ရှိပါတယ်။ 

    အခြားစျေးကွက်တွေကကျွန်တော်တို့ရဲ့အတွေအကြုံတွေအရ ဒီ ကျန်းမာသုခအစီအစဉ်တွေဟာ လုပ်ငန်းခွင်ကဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုပ်ငန်းစွမ်းရည်ကို ပိုကောင်းစေဖို့ မြှင့်တင်ပေးတဲ့အပြင် ဝန်ထမ်းတွေ အလုပ်ခွင်မှာ ပိုမိုပျော်ရွှင်စေတာကြောင့် ကော်ပိုရိတ်တွေအတွက် အကျိုးရလဒ်အနေနဲ့က အာမခံ အကာအကွယ်ပေးတယ် ဆိုတာထက် ပိုပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့လိုအပ်ချက်နဲ့ကိုက်ညီမှုရှိတဲ့  လုံးစုံသုခပြည့်၀မှုအကျိုးခံစားခွင့်တွေကို ရရှိတဲ့အခါမှာ သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းအားကို ပိုမိုကောင်းမွန်လာစေပြီး လုပ်ငန်းတစ်ခုလုံးအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က ပြောင်းလဲနေတဲ့ စျေးကွက်နဲ့ ဝန်ထမ်း၊ အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အစီအစဉ်အသစ်တွေကိုလည်း ဖန်တီးနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။” ဟု ပြောကြားခဲ့သည်။  

    Corporate Solutions ၏ အရေးပါပုံအကြောင်း နှင့် စီးပွားရေးလုပ်ငန်းများကို မည်ကဲ့သို့ အသွင်ပြောင်းနိုင်ကြောင်း အသေးစိတ်အချက်အလက်များကို AIA Myanmar ဝက်ဘ်ဆိုဒ် https://www.aia.com.mm/mm/our-products/corporate-solutions.html တွင် ကြည့်ရှုနိုင်သလို ပိုမိုသိရှိလိုပါက me.corporatesolutions@aia.com သို့ ဆက်သွယ် စုံစမ်း နိုင်ပါသည်။

    –   End   –

    AIA မြန်မာ အကြောင်း

    AIA Myanmar သည် ထိပ်တန်း အသက် နှင့် ကျန်းမာရေး အာမခံ ကုမ္ပဏီဖြစ်ပြီး တစ်ဦးချင်း၊ မိသားစုများနှင့် စီးပွားရေး လုပ်ငန်းများ၏ ငွေကြေးဆိုင်ရာအနာဂတ် လုံခြုံစေဖို့ ကူညီပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ဦးချင်းနှင့် ကော်ပိုရိတ်လုပ်ငန်းများအတွက် အာမခံအမျိုးအစား အများအပြားနှင့် အာမခံထားရှိသူများ၏ ကျန်းမာသုခကို အထူးအလေးထားသော AIA Myanmar သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ အာမခံဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်စေရန် ကြိုးပမ်းလျက်ရှိသည်။ AIA Myanmar သည် ၂၀၁၉ ခုနှစ်တွင် ရာနှုန်းပြည့် နိုင်ငံတကာ အသက် နှင့်ကျန်းမာရေးအာမခံလုပ်ငန်းအဖြစ် စတင်လည်ပတ်ခဲ့ပြီး လုပ်ငန်း စတင်ဆောင်ရွက်ချိန်မှစ၍ မြန်မာပြည်သူများ၏ အသက်နှင့်ကျန်းမာရေးအာမခံလိုအပ်ချက်များအလိုက် အာမခံထားသူများနှင့် အံဝင်ခွင်ကျဖြစ်သော ဆန်းသစ်သည့် အာမခံအမျိုးအစား အသစ်များ၊ အကျိုးခံစားခွင့်များ၊ နည်းပညာနှင့် ဝန်ဆောင်မှုများစွာဖြင့် ဖြည့်ဆည်းပေးလျက်ရှိပါသည်။

     

    AIA Group အကြောင်း

    AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ China Post Life Insurance ကုမ္ပဏီ လီမိတက်တွင် AIA သည် ၂၄.၉၉% ရှယ်ယာပိုင်ဆိုင်မှုရှိသည်။

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၃၀၃  ဘီလျံ ရှိသည်။

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက် ချင်းစီအာမခံ ပေါ်လစီပေါင်း ၄၁ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၇ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။


    Media Contacts 


    AIA Myanmar  

    Khine Wint Thawda Htoo

    Email: khinewintthawda.htoo@aia.com
    RICE Communications  
    Zin Maung Tun Email: zinmaung.tun@ricecomms.com

    ###

    Notes:

    1 Hong Kong SAR refers to the Hong Kong Special Administrative Region.

    2 Macau SAR refers to the Macau Special Administrative Region.

     

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ