Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • ကျန်းမာရေးအာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • ကျန်းမာရေးအာမခံ

      သင်၏ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို ကိုယ်စားကျခံပေးမည့် အာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၂၃
နောက်သို့
Back to Top
  • {{title}}

    {{label}}
  • HARRY KANE အား AIA ၏သံတမန်အဖြစ် တရားဝင်ခန့်အပ်ခြင်း

    05/01/2023


    ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၅ ရက် ၂၀၂၃ ခုနှစ် _ AIA (“ကုမ္ပဏီ”၊ စတော့ကုဒ် - ၁၂၉၉ နှင့် ၎င်း၏လုပ်ငန်းခွဲများ၊ “AIA (သို့) Group) သည် အင်္ဂလန်အသင်း၏အသင်းခေါင်းဆောင်ဖြစ်သည့်အပြင် Tottenham Hotspur အသင်း၏ တိုက်စစ်မှူးဖြစ်သော Harry Kane အား AIA ၏သံတမန်အဖြစ် တရားဝင်ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ပါသည်။ ဤသံတမန်ခန့်အပ်ခြင်းမှာ AIA နှင့် Tottenham Hotspur ၏ (၁၀)နှစ်ကြာ အတူတကွ လက်တွဲ ပူးပေါင်းခြင်းမှတဆင့် ဖြစ်တည်လာပါသည်။

    AIA နှင့် Harry တို့သည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို ရှေးရှုရန်ဆန္ဒရှိပါသည်။ ဤမိတ်ဖက်ပူးပေါင်းမှု မှတစ်ဆင့် AIA သည် Harry Kane Foundation (HKF) နှင့်အတူ ကျန်းမာရေးနှင့် စိတ်ပိုင်း ဆိုင်ရာ သုခတို့၏အရေးပါမှုကို အားပေးမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အကောင်းဘက်မှ တွေးခြင်း၊ မိမိကိုယ်ကို ယုံကြည်ခြင်းနှင့် အခြားသူများဆီမှ ပံ့ပိုးကူညီမှုရရှိခြင်းတို့၏  အရေးပါပုံ အကြောင်းကို အသိပညာမြှင့်တင် ပေးရန် ရည်ရွယ်၍  Harry Kane : Resilience ဟုအမည်ရသည့် Harry ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထားသော animation ဗီဒီယိုဖြင့် ဤကမ်ပိန်းကို စတင်သွားမည် ဖြစ်သည်။

    AIA ၏ Group Chief Marketing Officer ဖြစ်သူ Stuart A. Spencer က “အခုလို Harry Kane ကို AIA ရဲ့သံတမန်
    အဖြစ် ကြိုဆိုရတဲ့အပြင် Tottenham Hotspur နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်ပူးပေါင်းမှုကို ပိုမိုနက်ရှိုင်းစေတဲ့ အတွက်လည်း အလွန်စိတ်လှုပ်ရှားမိပါတယ်။ AIA အနေနဲ့ ၂၀၃၀ ခုနှစ်မတိုင်မီ တစ်ဘီလီယံသောပြည်သူများ ပိုမိုကျန်းမာအသက်ရှည်ပြီး ကောင်းမွန်တဲ့ဘဝများ ရရှိနိုင်စေဖို့အတွက် အာရှတစ်ခွင်လုံးမှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ကတိကဝတ်ပြုထားပါတယ်။ Harry ရဲ့  သြဇာတိက္ကမ ကြီးမားမှုက ဒေသတွင်းမှာရှိတဲ့ လူမှုအသိုက်အဝန်း ကို အသိပညာဖြန့်ဝေဖို့ အထောက်အကူပြုမှာပါ။ ” ဟု ပြောကြားခဲ့ပါသည်။

    Harry Kane က “AIA ရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။  ကျွန်တော်က ကျန်းမာတဲ့လူနေမှုဘဝပုံစံရရှိအောင် ထိန်းသိမ်းရခြင်းရဲ့တန်ဖိုးကို ကောင်းကောင်းယုံကြည်တဲ့အပြင် ပြည်သူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စောင့်ရှောက်ပေးဖို့အတွက် ခွန်အားပေးရာမှာ ကျွန်တော့်ရဲ့လက်ရှိအနေအထားကို အသုံးချဆောင်ရွက်ဖို့ အလွန်ကိုအရေးကြီးတယ်လို့ ခံစားမိပါတယ်။ AIA နဲ့ အနီးကပ်လက်တွဲပြီး ကုမ္ပဏီရဲ့ ကြိုးပမ်း အားထုတ်မှုဖြစ်တဲ့  အာရှတစ်လွှားက လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေးကို  ပိုမိုတိုးတက်လာစေဖို့ကိုလဲ ပံ့ပိုးကူညီ ပေးသွားမှာဖြစ်ပါတယ်။

    AIA သည် 2013 ခုနှစ်မှစ၍ Tottenham Hotspur ဘောလုံးအသင်း၏ Global Principal Partner အဖြစ်လက်တွဲခဲ့ပါသည်။ ဤမိတ်ဖက်ပူးပေါင်းမှုသည် ဒေသတွင်းရှိ AIA ဖြန့်ကျက်တည်ရှိရာ လူမှုအသိုက်အဝန်းကို နက်နဲစွာ အကျိုးသက်ရောက်မှုရှိစေသည့် အလွန်စွမ်းအားကြီးမားသောပူးပေါင်းမှုဖြစ်ပြီး ၎င်း၏ လူသိများသော football clinics ဘောလုံးအစီအစဥ်သည် ကလေး ၈၀,၀၀၀ ကျော်ကို အကျိုးပြုပေးနိုင်ခဲ့ပါသည်။

    –   End   –

    AIA Group အကြောင်း

    AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား နှင့် မြန်မာတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃၀၂ ဘီလီလျံ ရှိသည်။

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့်ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက် ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများပါဝင်သည့် ကျယ်ပြန့်သောကွန်ရက်ဖြင့် တစ်ဦးတစ်ယောက်ချင်းစီအာမခံ ပေါ်လစီပေါင်း သန်း ၄၀ ကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၇ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။

    Harry Kane Foundation (HKF) အကြောင်း

    Harry သည် သူ၏ Harry Kane Foundation ကို မျိုးဆက်တစ်ခု၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်သည့် တွေးခေါ်မှုပုံစံများကို ပြောင်းလဲစေဖို့ ကူညီပေးရန် ရေရှည်ရည်မှန်းချက်တစ်ခုအနေဖြင့် ၂၀၂၂  ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနေ့တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ဤဖောင်ဒေးရှင်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကို ပံ့ပိုးပေးနိုင်သည့် ကောင်းမွန်သောအကျင့်များကိုမြှင့်တင်ပေးရန်၊ ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် လက်တွေ့ကျသော အကူအညီများပေးနိုင်ရန်တို့အတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင် သူများ၊ ပရဟိတအဖွဲ့အစည်းများအပြင် လုပ်ငန်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Harry အတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို ပိုမို၊လေ့လာသင်ယူခွင့်ရသည့်  ခရီးစဉ်အစ ဖြစ်ပါသည်။

    HKF ၏ရည်ရွယ်ချက်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သက်သောစကားပြောဆိုမှုများကို ပုံမှန်အတိုင်း ဆွေးနွေးပြောဆို လာနိုင်စေဖို့ ကူညီပေးရန်၊ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပံ့ပိုးပေးသည့် အပြုသဘောဆောင်သည့် အကျင့်ကောင်းများကို မြှင့်တင်ပေးရန်နှင့် ခွဲခြားဆက်ဆံခံရမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ဖြစ်ပါသည်။

    HKF သည် Harry ၏ ကိုယ်ရေးကိုယ်တာအကြောင်းအရာများ၊ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ၊ တစ်ဦးချင်းသီးသန့်လှူဒါန်းမှုများနှင့် ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုများမှတဆင့် ရန်ပုံ‌ငွေကောက်ခံသွား မည်ဖြစ်သည်။

    ပြည်သူများလှူဒါန်းသောငွေ ၁၀၀% လုံးကို စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် အလှူအတန်းများ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုဆိုင်ရာ ပရောဂျက်များနှင့် HKF မှပံ့ပိုးပေးသော အရေးကြီးသည့် သုတေသနလုပ်ငန်းများကို တိုက်ရိုက် အကျိုးသက်ရောက်စေမည် ဖြစ်ပါသည်။

    HKF သည် Prism The Gift Fund ပရဟိတနံပါတ် - ၁၀၉၉၆၈၂ အောက်တွင် တရားဝင်မှတ်ပုံတင်ထားခြင်း ဖြစ်ပါသည်။


    Contacts 


    For Media Query:   

    Khine Wint Thawda Htoo

    +959 4500 43353

    ###

    Notes:

    1 Hong Kong SAR refers to the Hong Kong Special Administrative Region.

    2 Macau SAR refers to the Macau Special Administrative Region.

     

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ