တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}AIA Youth Smart Protection Plan
အာမခံအမျိုးအစား
အသက်အာမခံ နှင့် ပြင်းထန်ရောဂါ ကုသမှု အကာအကွယ်
အာမခံထားနိုင်သည့် အသက်အရွယ်
၂၀ နှစ် မှ ၃၅ နှစ်အထိ (နောင်ပြည့်မည့်အသက်)
ပေါ်လစီသက်တမ်း
အသက် ၇၀ နှစ် (နောင်ပြည့်မည့်အသက်) အထိ သက်တမ်းတိုးခွင့်ရှိ
(အာမခံထားငွေ သိန်း ၃၀၀ကျပ်)
(အာမခံထားငွေ သိန်း ၅၀၀ကျပ်)
၁) အသက်ဆုံးရှုံးမှု အကျိုးခံစားခွင့်
မမျှော်လင့်ဘဲ အသက်ဆုံးရှုံးခဲ့ပါက သင်ချစ်ရသူများအနေနဲ့ အာမခံထားငွေရဲ့ ၁၀၀% ကို တစ်လုံးတည်း အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
၂) ထာဝစဥ် မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်
မမျှော်လင့်ဘဲ ထာဝစဥ် မသန်စွမ်းဖြစ်ခဲ့ပါက သင့်အနေနဲ့ အာမခံထားငွေရဲ့ ၁၀၀% ကို တစ်လုံးတည်း အကျိုးခံစားခွင့် ရရှိနိုင်မဲ့အပြင် ဆေးကုသမှုနဲ့ အသုံးစရိတ်များအတွက်ပါ အကာအကွယ် ရရှိမှာဖြစ်ပါတယ်။
၃) ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်
ကြိုတင်ထုတ်ယူနိုင်သော ကနဦး ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်
အာမခံထားငွေ၏ အများဆုံး ၂၅%
(နှလုံးသွေးကြောချဲ့သည့် ကိစ္စရပ်တွင် အများဆုံး ၁၀% ပေးပါမည်။)
ဤအကျိုးခံစားခွင့်အတွက် ပေးအပ်လိုက်သောပမာဏကို အကြီးစားပြင်းထန်ရောဂါကုသမှုအကျိုးခံစားခွင့်မှ နုတ်ယူသွားပါမည်။
အကြီးစား ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်
အာမခံထားငွေ၏ ၁၀၀%
(ကနဦး ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်များ ပေးလျော်မှုကို နှုတ်ယူပြီးနောက်)
ပေါ်လစီအသက်ဝင်နေသည့်ကာလအတွင်း အသက်အာမခံထားသူသည် အကာအကွယ်ပေးထားသော ပြင်းထန်သောရောဂါ ခံစားနေရကြောင်း အတည်ပြုခံရပါက (သို့မဟုတ်) ခွဲစိတ်ကုသမှုကို အမှန်တကယ် ခံယူခဲ့ရပါက အကျိုးခံစားခွင့်ကို ပေးအပ်သွားပါမည်။
အာမခံအကာအကွယ်နှင့် အကျုံးမဝင်သည့် ကိစ္စရပ်များ၏ အသေးစိတ်အား ပေါ်လစီစာချုပ်တွင် ဖော်ပြထားပါသည်။
ငယ်ရွယ်သူ လူငယ်များအတွက် မိမိတို့ရဲ့ ငွေကြေး စီမံခန့်ခွဲမှုကို ထိခိုက်မှုမရှိစေဘဲ စျေးနှုန်းသင့်တင့်သော ပရီမီယံကြေးပေးသွင်းရုံနဲ့ ခိုင်မာတဲ့ အကာအကွယ် တစ်ခုကို ရရှိနိုင်ပါတယ်။
လူငယ်များ အဆင်ပြေစေဖို့အတွက် ရှုပ်ထွေးတဲ့ ကျန်းမာရေး ဆေးစစ်ချက်တွေမလိုဘဲ အခြေခံကျန်းမာရေးမေးခွန်းအနည်းငယ်သာ ဖြေဆိုပြီး အကာအကွယ်ကို ရယူနိုင်ပါတယ်။
၆ လ (၁) ကြိမ် သို့မဟုတ် နှစ်စဥ် ပရီမီယံကို ပေးသွင်းနိုင်တာကြောင့် မိမိတို့ရဲ့ နေထိုင်မှုဘဝပုံစံနဲ့ ကိုက်ညီစွာ ရွေးချယ်ပြီး အကာအကွယ်ရယူနိုင်ပါတယ်။
အသက်အာမခံနဲ့ ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို တစ်ခုတည်းသောအစီအစဉ်အောက်မှာ အပြည့်အဝအကာအကွယ်ရယူပြီး ဘဝမှာ မမျှော်လင့်ထားတဲ့အခက်အခဲများကို အလွယ်တကူဖြတ်ကျော်နိုင်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ၂၄ နာရီ၊ ၇ ရက်ပတ်လုံးရရှိနိုင်တဲ့ ဝန်ဆောင်မှုကြောင့် ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို အကာအကွယ်ကို ရရှိနိုင်ပါတယ်။
AIA+ အက်ပလီကေးရှင်းနဲ့ လွယ်ကူချောမွေ့တဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ခံစားလိုက်ပါ။
ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် လျှော့စျေးများအပြင် Member များအတွက် အထူးသီးသန့်အကျိုးခံစားခွင့်များကို ရယူနိုင်ပါတယ်။