တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}19/11/2020
Keto နည်းနဲ့ ဝိတ်ချလိုက်တာ တစ်ပတ်အတွင်း ဘယ်နှပေါင် ကျသွားပြီ၊ တစ်လအတွင်း ဘယ်နှကီလို ကျသွားပြီ နဲ့ ခဏခဏကြားရပါတယ်။ ဒီလို ကိုယ်အလေးချိန်ကျတဲ့ ရလဒ်တွေကို ကြည့်ပြီး ကီတိုနည်းကို လိုက်သုံးဖို့ စိတ်ဝင်စားလာကြရပြီပေါ့။
ကီတိုစားသောက်နည်း (Keto Diet) ဆိုတာက အတိုချုံးေပြောရရင်တော့ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေ ကနေ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လိုရီ ပိုရယူတာ ဖြစ်ပါတယ်။
တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓာကိုယ်ရဲ့လည်ပတ်မှုတွေ အတွက် အမြန် အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓာတ်)ကုန်သွားမှာပါ။ ဒီလိုနဲ့ ခန္ဓာကိုယ်က ပရိုတင်းနဲ့ အဆီတွေကို လောင်စာခွန်အားအဖြစ် ပြောင်းလဲလိုက်မှာဖြစ်လို့ ကိုယ်အလေးချိန်ကျစေတာပါ။ ဒီဖြစ်စဉ်ကို ketosis လို့ ခေါ်ပါတယ်။
လူ့ခန္ဓာကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ် အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့် ketosis ဖြစ်စဉ်မှာတော့ အဆီတွေကို လောင်ကျွမ်းပစ်ဖို့ အဓိက ပြောင်းလဲဦးတည်လာပါတယ်။
ကီတိုစားသောက်နည်း နဲ့ ပတ်သက်ပြီး ခုနောက်ပိုင်း အဆီချစျေးကွက်မှာ အတော်လေး ခေတ်စားလာတာပါ။ အွန်လိုင်းမှာ အဖွဲ့ဝင်တွေစုပြီး Diet Plan သီးသန့် ရောင်းကြသလို meal box လေးတွေ အိမ်အရောက် မှာစားလို့ရတယ်။ အိမ်မှာ ကိုယ်တိုင်လုပ်စားမယ်ဆိုလည်း ကီတိုနဲ့ ပတ်သက်တဲ့ ပါဝင်ပစ္စည်းတွေ ဝယ်ထားလို့ ရတယ်။
အများအားဖြင့် အဆီပြည့်နွားနို့ ၊ ချိစ်၊ အဆီပြည့်ဒိန်ချဉ်၊ ထောပတ် ၊ ဟင်းသီးဟင်းရွက်ဆီ၊ အစေ့အဆန်တွေ ၊ အသားနဲ့ငါး ၊ ကြက်ဥ စတာတွေ စားလို့ရတယ်။
ဒါပေမယ့် ရှောင်ရမှာက ကျန်းမာရေးနဲ့မညီတဲ့ အဆီ ၊ ပဲ ၊ အသီးအနှံတွေ၊ ကစီနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ ကန်စွန်းဥ၊ အာလူးတို့၊ အချိုပါတဲ့ အစားအသောက်တွေ၊ အသင့်စား အစားအသောက်တွေပါ။ တွဲဖက်တဲ့ မီနူးတော့ အမျိုးမျိုးကွဲကြပေမယ့် ပါရမယ့် ပါဝင်ပစ္စည်းတွေနဲ့ ရှောင်ရမယ့် အစားအသောက်တွေကို သိထားရင် ကိုယ်နှစ်သက်သလို စီမံပြင်ဆင်လို့ရပါတယ်။
ကီတိုနည်းနဲ့ အဆီချမယ့်သူတွေဟာ အခုပြောပြမယ့် အချက်လေးတွေကို သိထားရင်ပဲ ထိရောက်မှုရလဒ်မှာ အတော်လေး အဆင်ပြေပါလိမ့်မယ်နော် -
စားသောက်ပုံပြောင်းလဲကာစမှာတော့ ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကနေ အဆီကို ပြောင်းလဲအသုံးပြုရတာ ဖြစ်တဲ့အတွက် keto flu လို့ခေါ်တဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ နုံးတာ၊ ခေါင်းမကြည်တာ၊ ပိုဆာလောင်တာ၊ အိပ်မပျော်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေ ဖြစ်တတ်တယ်။
အဲဒီမှာပြဿနာက ကာဗိုဟိုက်ဒရိတ်ကို ပြန်စားမိတဲ့ အမှားပါပဲ။ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေနိုင်လို့ ခဏခဏအပြောင်းအလဲလုပ်မယ်ဆိုရင် ထိရောက်မှုမရှိတော့ပါဘူး။ အနည်းဆုံးတော့ ကီတိုနည်းကို သုံးလေးလလောက်လုပ်ပြီးမှပြန်စားရင်ပြန်စားသင့်ပါတယ်။ တကယ်လို့ သုံးမယ်ဆိုရင် ကီတိုနည်းကို ရက်တို အမြန်ဝိတ်ချနည်းထက် ရေရှည်နေထိုင်စားသောက်မှုပုံစံအဖြစ် လေ့ကျင့်ယူသင့်ပါတယ်။ ဥပမာ အနည်းဆုံး ၆ လ စသည်ဖြင့်ပေါ့။
အသိသာဆုံး ကောင်းကျိုးကတော့ ကိုယ်အလေးချိန် သိသိသာသာ ကျတာပါပဲ။ အဆီချတဲ့နေရာမှာ ထိရောက်တာမို့လည်း ဒီလောက် နာမည်ကြီးလာခဲ့တာပါ။ အစာစားချင်စိတ်နည်းစေတယ် ၊ ဦးနှောက်ကို အားဖြည့်ထောက်ပံ့ပေးတယ် ၊ တခြားအစားလျှော့နည်းတွေလို မဟုတ်ဘဲ ခွန်အားလည်း ပိုပြည့်တယ်လေ။
နောက်တစ်ချက်က ဒီစားသောက်နည်းကို အရင်တည်းက စတင်အသုံးပြုခဲ့တာ အတက်ရောဂါ ကုသဖို့အတွက် ဖြစ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါအတွက်လည်း ကောင်းကျိုးပြုတယ်လို့ သိရသလို ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုနှုန်းကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
အသိသာဆုံး ကောင်းကျိုးကတော့ ကိုယ်အလေးချိန် သိသိသာသာ ကျတာပါပဲ။ အဆီချတဲ့နေရာမှာ ထိရောက်တာမို့လည်း ဒီလောက် နာမည်ကြီးလာခဲ့တာပါ။ အစာစားချင်စိတ်နည်းစေတယ် ၊ ဦးနှောက်ကို အားဖြည့်ထောက်ပံ့ပေးတယ် ၊ တခြားအစားလျှော့နည်းတွေလို မဟုတ်ဘဲ ခွန်အားလည်း ပိုပြည့်တယ်လေ။
နောက်တစ်ချက်က ဒီစားသောက်နည်းကို အရင်တည်းက စတင်အသုံးပြုခဲ့တာ အတက်ရောဂါ ကုသဖို့အတွက် ဖြစ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါအတွက်လည်း ကောင်းကျိုးပြုတယ်လို့ သိရသလို ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုနှုန်းကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
Reference:
https://www.webmd.com/diabetes/type-1-diabetes-guide/what-is-ketosis#2
Accessed Mar-5, 2020.
https://www.webmd.com/diet/ss/slideshow-ketogenic-diet
Accessed Mar-5, 2020.
https://www.medicalnewstoday.com/articles/319196
Accessed Mar-5, 2020.