တစ်သက်တာရွေးချယ်အသက်အာမခံ
တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ
{{title}}
{{label}}
ကျွန်ပ်တို့ငယ်စဉ်အခါမှစ၍မိဘများသည်ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများများစားရန်တိုက်တွန်းလေ့ရှိသည်။ တဖန်ကျွန်ပ်တို့လည်းသားသမီးများကိုဟင်းသီးဟင်းရွက်နှင့်အသီးအနှံများသည်အလွန်ကောင်းမွန်သောအစာဖြစ်ပြီးကျန်းမာသန်စွမ်းစေသည်ဟုအယုံသွင်းခဲ့သည်။ (ပေါ်ပြူလာဖြစ်သောကာတွန်းများက ထို ယုံကြည်မှု ကို အားပေးသည်)။
“မည်သည့်ဟင်းသီးဟင်းရွက်နှင့်အသီးအနှံကကျွန်ပ်တို့လိုအပ်သည့်အဟာရအမှန်အကန်ဖြစ်စေသနည်း?” “ဟင်းသီးဟင်းရွက်နှင့်အသီးအနှံအားလုံးတူညီပါသလား?” “ထိုဟင်းသီးဟင်းရွက် နှင့် အသီးအနှံအား လုံး တွင် ကျွန်ပ်တို့၏ ကိုယ်ခန္ဓာသန်စွမ်းမှုအတွက်လိုအပ်သောအဟာရ ဓါတ် များပါရှိပါသလား?”စသည့် အခြေခံမေးခွန်းများနှင့်ကျွန်ပ်တို့ရင်ဆိုင်နေရသည်။
ကျွန်ပ်တို့စူးစမ်းလေ့လာလိုက်သောအခါကမ္ဘာတစ်ဝန်းရှိအဟာရဗေဒပညာရှင်များအလွယ်ကူဆုံးသော လမ်း ညွှန်အဖြစ်အသုံးပြုသော အသီးအနှံနှင့်ဟင်းသီးဟင်းရွက်မျှမျှတတပါဝင် သည့်ဓါတ်စာကို ရှာတွေ. ခဲ့ပါသည်။ ထိုဓါတ်စာသည်သက်တန့်ကဲ့သို့သောအရောင်စုံဟင်းသီးဟင်းရွက်များနှင့်အသီး အနှံ များဖြစ် သည်။
ဟင်းသီးဟင်းရွက် နှင့် အသီးအနှံ တွင် အနီ၊ ခရမ်း/အပြာ၊ လိမ္မော်၊ အစိမ်း နှင့် အဖြူ/အညိုစသည့် ကွဲပြားခြားနားသောအရောင် ၅ ရောင်ပါသည့်အမျိုးအစားများရှိပါသည်။ အရောင်များပါရှိသည့် ဟင်းသီးဟင်းရွက် များတွင်ရောဂါများကိုကုစားနိုင်သည့် phytochemicals ဟုခေါ်သည့် ထူးခြားစွာ အပင်မှထွက်သော ဇီဝဓါတုပစ္စည်းဒြပ်ပေါင်း များ ပါဝင်သည်။
ဤ phytochemicals ဇီဝဓါတုဒြပ်ပေါင်းများသည်ဟင်းသီးဟင်းရွက်နှင့်အသီးအနှံတွင်တောက်ပသော အရောင်များဖြစ်ပေါ်စေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုသည့်ဂုဏ်သတ္တိ အချို့လည်း ပါဝင် သည်။
အနီရောင် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ ကို Lycopene အမည်ရှိ သဘာဝအပင်ခြယ် ဆေး ကအရောင်ဆိုးပေးသည်။ Lycopene သည်အစွမ်းထက်သောantioxidant ( ခန္ဓာကိုယ် ကိုအကာ အကွယ်ပေးသောဓါတ်) ဖြစ်သည်။ ထို့ပြင် Anthocyanin ဟုခေါ်သည့်ပန်းမှထွက် သောဓါတ်တစ်မျိုး လည်းပါသည်။ ( သို့သော်ခရမ်းရောင်/အပြာရောင် အသီး နှင့် ဟင်းသီး ဟင်းရွက် ထက်ပါဝင်မှုနည်း သည်။)
ကျန်းမာရေးအကျိုးသက်ရောက်မှုများ။
ဥပမာ။ : ခရမ်းချဉ်သီး၊ အနီရောင်ပန်းသီး ၊ အနီရောင်ငရုတ်ပွသီး (Red Capsicum) ၊ စတော်ဘယ်ရီ၊ ပီတ မုံလာ (Rhubarb) ချယ်ရီသီး နှင့် ဖရဲသီး။
ပန်းပင်မှထွက်သောအရောင်ခြယ်သည်ဓါတ်Anthocyaninသည်အပြာ/ခရမ်းရောင်အသီးနှင့်ဟင်းသီးဟင်းရွက်များကိုထူးခြားအရောင်ဖြစ်စေသည်။Anthocyaninသည်အစွမ်းထက်သောantioxidantအဖြစ်ခန္ဓာကိုယ်၏ဆဲလ်များကိုမပျက်စီးစေရန်အကာအကွယ်ပေး သည်။ အပြာ/ ခရမ်းရောင် အရောင်ပိုရင့်လျှင် Anthocyaninပါဝင်မှုပိုမိုများပြားသည်။ flavonoid များပြားစွာ ပါဝင် သည်။ ( အသီးနှင့်ဟင်းသီးဟင်း ရွက် များတွင်တွေ.ရသည့် phytonutrients - အပင်မှထွက် သည့် အဟာရဓါတ် လည်းပါဝင်သည်။ )
ကျန်းမာရေးအကျိုးသက်ရောက်မှုများ။
ဥပမာ။: မုံလာဥနီ (Beetroot) , အနီရော်ဂေါ်ပီထုပ် (Red Cabbage) , ခရမ်းသီး (Eggplant) , နှင့် အနက်ရောင်ဘယ်ရီသီး (Blackberries),
Carotenoids သည် ဤအုပ်စုကိုတောက်ပသောအရောင်ခြယ်ပေးသည်။ Beta-cryptoxanthin, beta-carotene, and alpha-carotene အားလုံးသည် လိမ္မော် နှင့်သဟဇတဖြစ်သော Carotenoids ဖြစ်ပြီး ခန္ဓာကိုယ်တွင် ဗီတာမင် A အဖြစ်ပြောင်းလဲပေးခြင်းဖြင့် ချွဲအမြှေးပါး ကိုကြံ့ခိုင်သန့်ရှင်း ကောင်းမွန် စေသည်။ထို့ပြင်မျက်စိကိုလည်းအားကောင်းစေသည်။
ကျန်းမာရေးအကျိုးသက်ရောက်မှုများ။:
ဥပမာ။ : မုံလာဥ၊ , သံပုရာသီး၊ , ကန်စွန်းဥ၊ , သခွားမွှေး (Rock Melon) , ရွှေဖရုံ၊ , သရက်သီး , လိမ္မော် နှင့် , နာနတ်သီး။
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွင် carotenoids, indoles နှင့် saponins အစရှိသည့် phytochemicals အပင်မှထွက်သည့်ဇီဝဓါတုဓါတ်များပါရှိသည်။ယင်းတို့သည်ကင်ဆာရောဂါကိုဆန့်ကျင်သည့်ဂုဏ် သတ္တိ များရှိသည်။ အစိမ်းရောင် ရှိသည့် ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ပီအစိမ်း (broccoli) တို့သည် Folate ရစေ သော အလွန်ကောင်းသည့်ရင်းမြစ်များဖြစ်သည်။
ကျန်းမာရေးအကျိုးသက်ရောက်မှုများ။:
Example: Spinach, Asparagus, Avocados, Broccoli, Peas, Green Apples, Kiwi, Celery
အဖြူရောင်အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များသည်အရောင်ကို phytochemicals ခေါ်သည့် “anthoxanthins” မှရသည်။ အဖြူရောင်အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များတွင်ခန္ဓာကိုယ်ကို ကျန်း မာစေသည့် Allicin (ကြက်သွန်ဖြူတွင်တွေ.ရှိရသည်) ကဲ့သို့သော phytochemicals ပါဝင် သည်။ ယင်း သည်ဗိုင်းရပ်ရောဂါပိုးမွှားများကိုကာကွယ်နိုင်သည့်ဂုဏ်သတ္တိများရှိသည်။ အဖြူရောင်အုပ်စု တွင်ပါဝင် သောအချို့သောအသီးအနှံ နှင့် ဟင်းသီးဟင်းရွက်များသည် ပိုတက်ဆီယမ်ကိုရနိုင်သည့်ကောင်းမွန်သော အရင်းအမြစ်ဖြစ်ပါသည်။
ကျန်းမာရေးအကျိုးသက်ရောက်မှုများ။:
ဥပမာ ။ ဂေါ်ဖီပန်း၊ မှို၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး
သြစတြေးလျ အစာအဟာရညွှန်ကြားချက်အရအရွယ်ရောက်ပြီးသူများသည်နေ့စဉ်ဟင်းရွက် ၅ မျိုးနှင့် အသီး ၂ မျိုးစားသုံးရန်အကြံပြုထားပါသည်။ ထိုအကြံပြုချက်တွင်အရောင်မျိုးစုံပါသောအသီးအနှံ နှင့် ဟင်းရွက်ကိုစားရန်လိုအပ်သည် ကိုထောက်ပြထားသည်။ ကလေးများ၏အစာအိမ်သည်သေးငယ်ပြီး လူကြီးများထက်စွမ်းအားပိုမိုလိုအပ်သည်ကိုသတိပြုရမည်။ ကလေးများသည်လူကြီးများကဲ့သို့များများစားနိုင်မည်မဟုတ်ပါ။
အထက်ဖေါ်ပြပါဆောင်းပါးများသည်သတင်းအချက်အလက်အတွက်သာရည်ရွယ်ပါသည်။ ဆောင်းပါးများပါအကြောင်းအရာအချက်အလက်များကိုယုံကြည်စိတ်ချအားထားခြင်းကြောင့်ဆုံးရှုံးမှု တစ်စုံတရာဖြစ်ပေါ်လာပါက AIA ၏ တာဝန်မဟုတ်ပါကြောင်းကိုအသိပေးအပ်ပါသည်။
ရည်ညွှန်း။
http://www.nutritionaustralia.org/national/resource/eat-rainbow
http://gentleworld.org/phytochemicals-eating-from-the-rainbow/
https://www.disabled-world.com/fitness/nutrition/fruits-veggies/colored.php
https://www.iarc.fr/en/publications/pdfs-online/prev/handbook8/Handbook8_Fruit.and.Vegetables-1.pdf
https://www.ag.ndsu.edu/publications/food-nutrition/what-color-is-your-food
https://www.betterhealth.vic.gov.au/health/healthyliving/fruit-and-vegetables
http://drsmoothie.com/blog/what-do-the-colors-of-fruit-and-vegetables-mean/
http://healthyeating.sfgate.com/colors-fruits-vegetables-play-important-role-1660.html
http://colorpsychologymeaning.com/fruit-vegetable-colors-health-benefits/