Skip to main content
  • Eng
  • မြန်မာ
  • Search
  • ပင်မစာမျက်နှာ
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေး အလုံးစုံအာမခံ
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • ပညာရေးအသက်အာမခံ
    • ကျန်းမာရေးအာမခံ
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • AIA RUBY Membership
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
AIA
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      တစ်သက်တာအကာအကွယ်နှင့် ငွေလည်းစုဆောင်းနိုင်မည့် လိုအပ်သလို ပြောင်းလဲနိုင်သည့် အာမခံ

    • ကျန်းမာရေး အလုံးစုံအာမခံ

      ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်

    • AIA CRITICAL ILLNESS CARE

      ကင်ဆာအပါအဝင် ပြင်းထန်ရောဂါ ၃၉ မျိူးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါရဲ့သက်ရောက်မှုကို လျှော့ချရန် အာမခံအကာအကွယ်

    • ပညာရေးအသက်အာမခံ

      သင့်သားသမီးများ၏ပညာသင်ယူရေးကိုအကာအကွယ်ပေးသောချွေတာစုဆောင်းအာမခံ

    • ကျန်းမာရေးအာမခံ

      သင်၏ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို ကိုယ်စားကျခံပေးမည့် အာမခံ

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ငွေစုဆောင်းရင်း အာမခံအကာအကွယ်ရရှိနိုင်သည့် အမျိုးအစား

    • အဖွဲ့လိုက်အာမခံ

      သင့်ရဲ့အကြီးမားဆုံးစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများအတွက် ပြည့်စုံသောအာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more
  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၁၉
ရှေ့သို့ | နောက်သို့
Back to Top
  • {{title}}

    {{label}}
  • AIA Myanmar မှ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် “AIA GO! FOR LIGHT” အမည်ရ ၅ ကီလိုမီတာရှိ ပရဟိတအပြေး ပြိုင်ပွဲကို ပုဂံတွင် ကျင်းပ

    18/11/2019


    AIA အာမခံကုမ္ပဏီ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အိမ်ခြေ ၁၀၀ ကို ‌ ‌နေစွမ်းအင်သုံး ဆိုလာပြားများ လှူဒါန်းမှုအား အပြေးပြိုင်ပွဲဝင်သူများမှ အားဖြည့် ကူညီ

    [ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်] - ဈေးကွက်ရင်းနှီးမြှုပ်နှံမှုများအရ ဦးဆောင်အသက်အာမခံကုမ္ပဏီအဖြစ်  ရပ်တည်လျက်ရှိသော AIA သည် ၎င်း၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ အမွေအနှစ်တစ်ခု ဖြစ်သည့် ပုဂံတွင် ကျင်းပပြုလုပ်ခဲ့သည်။ AIA ၏ နှစ်တစ်ရာပြည့် အခမ်းအနားများကို အာရှပစိဖိတ်ဒေသများတွင်လည်း ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင်ကျင်းပသည့်ပွဲသည် ၂၀၁၉ ခုနှစ်တွင် ကျရောက်သော နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲများ၏ နောက်ဆုံးပိတ် ပွဲတော်ဖြစ်သည်။

    Accident Pro Prime
    Accident Pro Prime

    ပုံ (၁)။  ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ မနက်စောစော၌ မြန်မာနိုင်ငံ၊ ပုဂံရှိ ထီးလိုမင်းလိုဘုရားအနီး ကျင်းပသော “AIA GO! FOR LIGHT” ၅ ကီလိုမီတာ ပရဟိတအပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၀၀ မှ ပြိုင်ပွဲဝင်ရန် နေရာယူနေစဥ်

    နှစ်တစ်ရာပြည့် အခမ်းအနားနှင့် ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများပိုင်ဆိုင်နိုင်စေရန် “AIA GO! FOR LIGHT” ဟူသည့် အပြေးပြိုင်ပွဲ တစ်ခုကိုကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ရှေးဟောင်းမြို့တော်ဖြစ်သည့် ပုဂံမြို့၏ ရှုခင်းအလှအပများကို ကြည့်ရှုရင်း ရှေးဟောင်းပုဂံဘုရားများအကြားတွင် ၅ ကီလိုမီတာရှိ  တာတို အပြေး၌ ပြိုင်ပွဲဝင်နေကြသော တက်ကြွလှုပ်ရှားသည့် ပြိုင်ပွဲဝင် အယောက် ၂၀၀ ကို တွေ့ခဲ့ရမည် ဖြစ်သည်။ ပြိုင်ပွဲကိုတနင်္ဂနွေနေ့ နံနက်စောစောတွင်  အထင်ကရအထွတ်အမြတ်ဘုရား တစ်ဆူဖြစ်သည့် ထီးလိုမင်းလို ဘုရားဝင်းထဲတွင် စတင်ခဲ့ပြီး ထိုနေရာတွင်ပင် ပြီးဆုံးခဲ့သည်။ ထို့နောက်တွင် လျှပ်စစ်မီး မရရှိသော ပုဂံတူရွင်းတိုင်ရွာရှိ အိမ်ခြေ ၁၀၀ ကို နေစွမ်းအင်သုံးဆိုလာပြား ၁၀၀ လှူဒါန်းသည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်။

    အခမ်းအနားသို့ ကျေးရွာမှ တာဝန်ရှိသူများ၊ AIA မှ အာရှ-ပစိဖိတ်‌‌ဒေသဆိုင်ရာ CEO ဖြစ်သူ Mr. Tan Hak Leh ၊ AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc)၊ AIA Myanmar မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။ အပြေးပြိုင်ပွဲ ကျင်းပပြီးနောက် တူရွင်းတိုင်ကျေးရွာမှ တာဝန်ရှိသူများကို နေစွမ်းအင်သုံးဆိုလာပြားများ လှူဒါန်းပြီး အိမ်ခြေ ၁၀၀ တွင်လည်း သွားရောက် တပ်ဆင်ပေးခဲ့သည်။

    Accident Pro Prime
    Accident Pro Prime

    ပုံ (၂)။ ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ မြန်မာနိုင်ငံ၊ ပုဂံရှိ တူရွင်းတိုင်ကျေးရွာမှ အိမ်ခြေ ၁၀၀ ကို AIA Myanmar မှ ဆိုလာပြား ၁၀၀ ကို လှူဒါန်း တပ်ဆင်ပေးခဲ့သည်။

    AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) က “AIA group အနေနဲ့ နှစ်တစ်ရာပြည့်အခမ်းအနား တွေကို အာရှပစိဖိတ်ဒေသတွေ မှာ တမူထူးခြားတဲ့ပုံစံနဲ့ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်းထူးခြားတဲ့ အရာတစ်ခုခုကို ပြည်သူလူထုဆီပြန်လည်ပေးအပ်ချင်ပါတယ်။ ကျွန်တော်တို့တွေက ပထမဦးဆုံး ပရဟိတ အပြေးပြိုင်ပွဲဖြစ်တဲ့ “AIA GO! FOR LIGHT” အမည်ရ ၅ ကီလိုမီတာရှိတဲ့ အပြေးပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပြီး လျပ်စစ်မီးလိုအပ်နေတဲ့ ကျေးရွာတွေကိုလည်း နေစွမ်းအင်သုံးဆိုလာပြား ၁၀၀ ကို ပေးအပ်လှူဒါန်း တပ်ဆင်ပေးခဲ့ပါတယ်။ အခုလိုရာပြည့်အခမ်းအနားကို ပုဂံမှာရွေးချယ်ပြီးပြုလုပ် ရတဲ့ အကြောင်းအရင်းကတော့ ပုဂံဟာမြန်မာနိုင်ငံရဲ့ မြတ်နိုးစရာကောင်းတဲ့နေရာတွေထဲကနေရာတစ်ခု ဖြစ်ပြီးတော့ မြန်မာနိုင်ငံသားတွေရဲ့ နှလုံးသားနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်လို့ပါပဲ။”

    “ဒီနေ့မှာအခုလို အားတက်သရောပါဝင်ပေးကြတဲ့ပြိုင်ပွဲဝင်များ၊ ဒေသခံခေါင်းဆောင်များ နဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်များကို လည်းအထူးကျေးဇူးတင်ပါတယ်။ AIA ဟာ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်စွာ နေထိုင်ရန်ဆိုတဲ့ ကတိစကားကို နောင်လာမယ့် နှစ်တစ်ရာမက တည်မြဲစေမှာဖြစ်ပြီး ဒီကတိစကားကို မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အထူးအလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု Mr. Nhon Ly (Luc) မှ ဖြည့်စွက်ပြောကြားခဲ့သည်။

    ပြိုင်ပွဲပြီးနောက်တွင် AIA Myanmar သည် အနိုင်ရရှိသည့် အပြေးပြိုင်ပွဲဝင်(၆)ဦးကို ဆုများ ချီးမြင့်ပေးအပ်ခဲ့သည်။ နှစ်တစ်ရာပြည့်် အခမ်းအနား အစီအစဥ်အရ နောက်ဆုံးတွင်ပြုလုပ်မည့် အခမ်းအနား ဖြစ်သော ဟောင်ကောင်တွင်ကျင်းပမည့် ပွဲမတိုင်မီ ရှေ့ပြေးအဖြစ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင်ပါဝင်သော အစီအစဉ်တစ်ခုဖြစ်သည့် မိုးပျံပူဖောင်း လွှင့်တင်ရာတွင်လည်း ကံထူးသူ (၃)ဦးကို ရွေးချယ်၍ လိုက်ပါစီးနင်းခွင့်ပြုခဲ့သည်။

    Accident Pro Prime

    ပုံ (၃)။ ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ မန္တလေးမြို့ရှိ ပုဂံတွင်ကျင်းပသော AIA GO! FOR LIGHT ပွဲ၌ AIA Group ၏ markets အသီးသီးတွင် နှစ်တစ်ရာပြည့်ပွဲတော် ကျင်းပပြုလုပ်ခဲ့သည့် လက်ဆင့်ကမ်းပြေးပွဲတွင်ကိုင်ဆောင်သည့်တုတ်တို (baton) အား AIA Myanmar CEO ဖြစ်သူ Mr. Nhon Ly (Luc) ထံမှ AIA ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ CEO Mr. Tan Hak Leh (ဝဲ)က လက်ခံရယူစဥ်

    AIA ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ CEO Mr. Tan Hak Leh က “AIA နှစ်တစ်ရာ ပြည့်မြောက်ခြင်းဟာ အခမ်းအနားကျင်းပဖို့ အခွင့်အရေးတစ်ခုသာ မဟုတ်ဘဲ AIA နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ အောင်မြင်မှု ရရှိဖို့ ပါဝင်ဆောင်ရွက်ခဲ့သူတွေ အားလုံးကို ကျေးဇူးတင်နိုင်မယ့် အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ AIA အပေါ် သစ္စာရှိမှုနဲ့ယုံကြည်မှုတွေအတွက်သာမက AIA နဲ့အတူ ပါဝင်ပြီး ကျွန်တော်တို့ရဲ့ ဒေသခံ ရပ်ရွာလူထုကို ထောက်ပံ့ပေးနေမှုကြောင့်လည်း ကျွန်တော်တို့ရဲ့ customers တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

    AIA သည် ၎င်း၏ နှစ်တစ်ရာပြည့် အခမ်းအနားကို ပြည်သူများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများပိုင်ဆိုင်နိုင်စေရန်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်များကို ပရော်ဖက်ရှင်နယ် အတွက် သာမက ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ရေရှည်အခွင့်အရေးများ ပေးစွမ်းနိုင်ရန် စသည့် အချက်အများကို ကတိပြု ကျင်းပခဲ့ခြင်းဖြစ်သည်။

    နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေဖြင့် AIA သည် ၎င်း၏ သမိုင်းကြောင်း၊ အောင်မြင်မှု မှတ်တိုင်များနှင့် အနာဂတ်ကို ဂုဏ်ပြုသောအားဖြင့် မတူညီသော အားကစားလှုပ်ရှားမှုပေါင်း ၁၀၀ ကို တစ်နှစ်တာအတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ခဲ့သည်။အဆိုပါ ဂုဏ်ပြုပွဲများကို ၎င်းတို့၏ ဈေးကွက်များအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး နှစ်တစ်ရာ ခရီးကို ကိုယ်စားပြုရန်၊ လူမှုအသိုင်းအဝိုင်းကို ထောက်ပံ့ရန်နှင့် အရေးအကြီးဆုံး အကြောင်းရင်း ဖြစ်သည့် AIA ၏ ပြည်သူလူထုကို ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ရန် ဟူသည့် ကတိစကားကို တည်မြဲနိုင်စေရန် အတူတကွ လက်တွဲဆောင်ရွက်သွားကြမည် ဖြစ်သည်။ အဆိုပါ လှုပ်ရှား မှုများတွင် တောင်တက်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်း စသည်တို့ ပါဝင်ပြီး လှုပ်ရှားမှု တစ်ခုချင်းစီကလည်း ဒေသခံ လူမှုအသိုင်းအဝိုင်းများကို ပရဟိတအနေဖြင့်သော်လည်းကောင်း အထူးအစီအစဉ်အဖြစ်သော် လည်းကောင်း ပံ့ပိုးကူညီသွားမည် ဖြစ်သည်။

    AIA ၏ မြန်မာကိုယ်စားပြုရုံးကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ လွန်ခဲ့သော (၆) နှစ်တာကာလအတွင်း မြန်မာပြည်သူများ၏ နေထိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် အသက်အာမခံလုပ်ငန်းနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ပိုမိုတိုးတက်လာစေရန်အတွက် အမျိုးမျိုးသော အစီအစဉ်များတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံ၌ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီ အဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရွေးချယ်မှုကို ခံရပြီး မကြာမီတွင် အာမခံထုတ်ကုန်များကို မိတ်ဆက်မည်ဖြစ်ကာ ရေရှည်လူမှုစီးပွားရေးဖွံ့ဖြိုးမှုအတွက်သာမက ပြည်သူလူထုအတွက် ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေရန်ဆိုသည့် ကတိကဝတ်ကိုလည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ကတိစကားသည် AIA မှ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ဆောင် ရွက်ရာတွင် အနာဂတ်လုပ်ငန်းများကို သိသိသာသာ  ထင်ဟပ်စေမည်ဖြစ်သည်။

    “AIA GO! FOR LIGHT” နှင့် အခြားသော AIA Myanmar နှင့်ပတ်သက်သည့် လှုပ်ရှားမှုအကြောင်းအရာများကို ပိုမိုသိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

    –   ပြီး  –

    AIA Myanmar အကြောင်း

    AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုးနီးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရုနိုင်း၊ ကမ္ဘောဒီးယားတို့တွင် အပြည့်အဝပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့  ဆောင်ရွက်ပေး လျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက်ချင်းစီ အာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက်ပေးလျက် ရှိသည်။

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။

    ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

     


    မီဒီယာများဆက်သွယ်ရန်

    ERA Myanmar

    ခိုင်ဇာစု @ Esther | Manager

    +95 9451560490

    esther@eramyanmar.com

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    AIA Ruby 
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    AIA မြန်မာအကြောင်း

    AIA Ruby

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကျန်းမာရေးအာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    Compliance


    Copyright © 2019 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ